အီရန်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့အခြေအနေစိုးရိမ်စရာမရှိ

အင်္ဂလန်အသင်းဟာမနေ့ညတုန်းကအီရန်ကို၆-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဟယ်ရီကိန်းခြေကျင်းဝတ်ဒဏ်ရာရရှိသွားမှုအတွက်အကြီးအကျယ်စိုးရိမ်ခဲ့ရပါတယ်။

အင်္ဂလန်ဟာကာတာကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ်အီရန်နှင့်ရင်ဆိုင်ခဲ့ရာမှာ၆-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ဆာကာနှစ်ဂိုးသွင်းခဲ့ပြီးဘယ်လင်ဂမ်၊ရာဟမ်စတာလင်း၊မားကပ်စ်ရက်ဖို့ဒ်၊ဂျက်ဂရဲလ်လစ်ရှ်တို့ကတစ်ဂိုးစီအသီးသီးသွင်းယူခဲ့ကြပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာအီရန်နှင့်ပွဲတွင်ဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် ခြေကျင်းဝတ်ဒဏ်ရာလည်းရရှိခဲ့ပါတယ်။သူဟာဒုတိယပိုင်းအစတွင်ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုခံရကာခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာဆေးကုသမှုခံယူပြီးနောက်ဆက်လက်ကစားနိုင်ခဲ့ပေမဲ့ပွဲချိန်၇၆မိနစ်တွင်လူစားလဲခြင်းခံခဲ့ရပါတယ်။

သူဟာပွဲအပြီးတွင်ခြေကျင်းဝတ်ကိုပတ်တီးစည်းခဲ့ရပြီးထော့နင်းထော့နင်းဖြင့်အသင်းဘတ်စ်ကားသို့သွားရောက်ခဲ့ပါတယ်။

ဒါပေမဲ့အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ဟယ်ရီကိန်းရဲ့အခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော်ကတော့(ဟယ်ရီကိန်း)အခြေအနေကောင်းတယ်လို့ထင်တယ်”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာပွဲအပြီးတွင်မိသားစုဝင်များရှိရာပွဲကြည့်စင်သိုသွားရောက်ကာတွေ့ဆုံမှုနှင့်အတူဒဏ်ရာပြဿနာစိုးရိမ်စရာမရှိဘူးလို့ယူဆရပါတယ်။

ZawGyi

အီရန္ႏွင့္ပြဲတြင္ ဒဏ္ရာရရွိခဲ့တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းရဲ႕အေျခအေနစိုးရိမ္စရာမရွိ

အဂၤလန္အသင္းဟာမေန႔ညတုန္းကအီရန္ကို၆-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဟယ္ရီကိန္းေျခက်င္းဝတ္ဒဏ္ရာရရွိသြားမႈအတြက္အႀကီးအက်ယ္စိုးရိမ္ခဲ့ရပါတယ္။

အဂၤလန္ဟာကာတာကမာၻ႔ဖလားအဖြင့္ပြဲအျဖစ္အီရန္ႏွင့္ရင္ဆိုင္ခဲ့ရာမွာ၆-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ဆာကာႏွစ္ဂိုးသြင္းခဲ့ၿပီးဘယ္လင္ဂမ္၊ရာဟမ္စတာလင္း၊မားကပ္စ္ရက္ဖို႔ဒ္၊ဂ်က္ဂရဲလ္လစ္ရွ္တို႔ကတစ္ဂိုးစီအသီးသီးသြင္းယူခဲ့ၾကပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာအီရန္ႏွင့္ပြဲတြင္ဂိုးမသြင္းႏိုင္ခဲ့တဲ့အျပင္ ေျခက်င္းဝတ္ဒဏ္ရာလည္းရရွိခဲ့ပါတယ္။သူဟာဒုတိယပိုင္းအစတြင္ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈခံရကာေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာေဆးကုသမႈခံယူၿပီးေနာက္ဆက္လက္ကစားႏိုင္ခဲ့ေပမဲ့ပြဲခ်ိန္၇၆မိနစ္တြင္လူစားလဲျခင္းခံခဲ့ရပါတယ္။

သူဟာပြဲအၿပီးတြင္ေျခက်င္းဝတ္ကိုပတ္တီးစည္းခဲ့ရၿပီးေထာ့နင္းေထာ့နင္းျဖင့္အသင္းဘတ္စ္ကားသို႔သြားေရာက္ခဲ့ပါတယ္။

ဒါေပမဲ့အဂၤလန္နည္းျပေဆာက္ဂိတ္ကေတာ့ဟယ္ရီကိန္းရဲ႕အေျခအေနႏွင့္ပတ္သက္ၿပီး “ကြၽန္ေတာ္ကေတာ့(ဟယ္ရီကိန္း)အေျခအေနေကာင္းတယ္လို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီကိန္းဟာပြဲအၿပီးတြင္မိသားစုဝင္မ်ားရွိရာပြဲၾကည့္စင္သိုသြားေရာက္ကာေတြ႕ဆုံမႈႏွင့္အတူဒဏ္ရာျပႆနာစိုးရိမ္စရာမရွိဘူးလို႔ယူဆရပါတယ္။