
အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာတနင်္လာနေ့တွင်ကစားရမယ့်အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင်မန်စီးတီးစတားဖီးလ်ဖိုဒန်ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာမည်ဖြစ်ကြောင်းသိရပါတယ်။
မန်စီးတီးစတားဟာယခုရာသီတွင်ကလပ်တွင်ခြေစွမ်းပြနေတဲ့အပြင်အင်္ဂလန်ရဲ့လေ့ကျင့်ခန်းအစီအစဉ်များတွင်လည်းအကောင်းဆုံးခြေစွမ်းပြနေမှုနှင့်အတူ လာမယ့်အပတ် Khalifa Stadiumပွဲစဉ်တွင်အင်္ဂလန်ပွဲထွက်လူစာရင်းတွင်ပါဝင်လာတော့မှာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာတိုက်စစ်အတွက်ရွေးချယ်စရာများစွာရှိပေမဲ့လည်း ဟယ်ရီကိန်းနှင့်ရာဟမ်းစတာလင်းနှစ်ဦးတို့သာနေရာအတွက်အာမခံချက်ရှိပြီးကျန်နေရာအတွက်အခြားကစားသမားတို့တိုက်ပွဲဝင်ရပါမယ်။
တဖက်တွင်ဘူကာယိုဆာကာနှင့်မေဆင်မောင့်တို့ကလည်းလက်မလျှော့ဘဲ အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်အင်္ဂလန်ပွဲထွက်လူစာရင်းမှာပါဝင်ဖို့ကြိုးစားနေကြပါတယ်။
အသက်၂၂နှစ်ရှိဖီးလ်ဖိုဒန်ဟာယခုရာသီတွင်မန်စီးတီးအတွက်၈ဂိုးသွင်းကာ၃ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။
အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာအီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်မည်သည့်ကစားကွက်ကိုအသုံးပြုရမည်ဆိုမဆုံးဖြတ်ရသေးပေမဲ့လည်း ၃-၄-၃ ကစားကွက်ကိုအသုံးပြုလာဖို့ရှိနေပါတယ်။သူဟာတိုက်စစ်တွင်ဖီးလ်ဖိုဒန်၊ဟယ်ရီကိန်းနှင့်စတာလင်းတို့ကိုအသုံးပြုလာမှာလည်းဖြစ်ပါတယ်။
ဖီးလ်ဖိုဒန်ဟာအင်္ဂလန်အသင်းနှင့်အတူ ယူ-၁၇ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးပြီးဖြစ်ကာယခုအခါစီနီယာကမ္ဘာ့ဖလားဆွတ်ခူးရေးပထမဆုံးအကြိမ်အဖြစ်ကြိုးပမ်းလာတော့မှာဖြစ်ပါတယ်။
ZawGyi
အီရန္ႏွင့္အဖြင့္ပြဲတြင္ အဂၤလန္ပြဲထြက္လူစာရင္းမွာ ဖိုဒန္ပါဝင္လာမည္၊ ကစားကြက္အခင္းအက်င္းကို ေဆာက္ဂိတ္ မဆုံးျဖတ္ရေသး
အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာတနလၤာေန႔တြင္ကစားရမယ့္အီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲစဥ္တြင္မန္စီးတီးစတားဖီးလ္ဖိုဒန္ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာမည္ျဖစ္ေၾကာင္းသိရပါတယ္။
မန္စီးတီးစတားဟာယခုရာသီတြင္ကလပ္တြင္ေျခစြမ္းျပေနတဲ့အျပင္အဂၤလန္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားတြင္လည္းအေကာင္းဆုံးေျခစြမ္းျပေနမႈႏွင့္အတူ လာမယ့္အပတ္ Khalifa Stadiumပြဲစဥ္တြင္အဂၤလန္ပြဲထြက္လူစာရင္းတြင္ပါဝင္လာေတာ့မွာျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာတိုက္စစ္အတြက္ေ႐ြးခ်ယ္စရာမ်ားစြာရွိေပမဲ့လည္း ဟယ္ရီကိန္းႏွင့္ရာဟမ္းစတာလင္းႏွစ္ဦးတို႔သာေနရာအတြက္အာမခံခ်က္ရွိၿပီးက်န္ေနရာအတြက္အျခားကစားသမားတို႔တိုက္ပြဲဝင္ရပါမယ္။
တဖက္တြင္ဘူကာယိုဆာကာႏွင့္ေမဆင္ေမာင့္တို႔ကလည္းလက္မေလွ်ာ့ဘဲ အီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္အဂၤလန္ပြဲထြက္လူစာရင္းမွာပါဝင္ဖို႔ႀကိဳးစားေနၾကပါတယ္။
အသက္၂၂ႏွစ္ရွိဖီးလ္ဖိုဒန္ဟာယခုရာသီတြင္မန္စီးတီးအတြက္၈ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။
အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာအီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္မည္သည့္ကစားကြက္ကိုအသုံးျပဳရမည္ဆိုမဆုံးျဖတ္ရေသးေပမဲ့လည္း ၃-၄-၃ ကစားကြက္ကိုအသုံးျပဳလာဖို႔ရွိေနပါတယ္။သူဟာတိုက္စစ္တြင္ဖီးလ္ဖိုဒန္၊ဟယ္ရီကိန္းႏွင့္စတာလင္းတို႔ကိုအသုံးျပဳလာမွာလည္းျဖစ္ပါတယ္။
ဖီးလ္ဖိုဒန္ဟာအဂၤလန္အသင္းႏွင့္အတူ ယူ-၁၇ကမာၻ႔ဖလားဆြတ္ခူးခဲ့ဖူးၿပီးျဖစ္ကာယခုအခါစီနီယာကမာၻ႔ဖလားဆြတ္ခူးေရးပထမဆုံးအႀကိမ္အျဖစ္ႀကိဳးပမ္းလာေတာ့မွာျဖစ္ပါတယ္။