အီးမေးလ်ဖြင့် အညှာအတာကင်းမဲ့စွာ ထုတ်ပယ်ခဲ့တဲ့ ကစားသမားကို နစ်နာကြေး ပေါင် ၇.၅ သန်းပေးရတော့မဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာအီးမေးလ်ဖြင့်အညှာအတာကင်းမဲ့စွာထုတ်ပယ်လိုက်တဲ့ကစားသမားတစ်ဦးကိုနစ်နာကြေးပေါင်၇.၅သန်းအထိပေးရတော့မှာဖြစ်ပါတယ်။

ဘရာဇီးအလယ်တန်းကစားသမားမားသီးယပ်စ်ဖာနန်ဒက်စ်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကဘရာဇီးကလပ်ပါးမီးရပ်စ်မှပေါင်၆သန်းဖြင့်ဘာစီလိုနာသို့ပြောင်းခဲ့ပါတယ်။

သူဟာဘာစီလိုနာအတွက်၃ပွဲတည်းသာကစားခွင့်ရပြီးနောက်ဗယ်လာဒိုးလစ်သို့အငှားချခြင်းခံခဲ့ရပါတယ်။

သူဟာနူးကမ့်တွင်ကစားစဉ်အတွင်းမှာဘာစီလိုနာအတွက်စုစုပေါင်း၁၇မိနစ်တည်းသာကစားခဲ့ရပါတယ်။

သူဟာ၂၀၁၄-၁၅ရာသီအထိဘာစီလိုနာနှင့်စာချုပ်ချုပ်ဆိုထားပေမဲ့လည်း၂၀၂၁ခုနှစ်နွေရာသီမှာတော့ဘာစီလိုနာရဲ့တဖက်သတ်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဖာနန်ဒက်စ်ဟာဘာစီလိုနာရဲ့ထုတ်ပယ်မှုအပေါ်မကျေမနပ်ဖြစ်ကာတရားစွဲဆိုမှုပြုလုပ်ခဲ့ပြီးနစ်နာကြေးပေါင်၁၃သန်းတောင်းဆိုခဲ့ပါတယ်။

ယခုအခါကတ်တလန်တရားရုံးတစ်ခုကဘာစီလိုနာအနေဖြင့်မားသီးယပ်စ်ဖာနန်ဒက်စ်ကိုနစ်နာကြေးပေါင်၇.၅သန်းပေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိအလယ်တန်းကစားသမားဟာအစောပိုင်းတုန်းကအင်တာဗျူးတစ်ခုတွင်ဘာစီလိုနာကသူ့ကိုအီးမေးလ်ပို့ပြီးထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

၎င်းက “ကျွန်တော့်ကိုထွက်ခဲ့ပေးလိုက်တာမသိဘူး။သူတို့ပြောလာချိန်မှာမယုံနိုင်အောင်ဖြစ်ရတယ်။ကျွန်တော်ကဇနီးနဲ့အပြင်ရောက်နေတယ်။ကလပ်ဆီကနေမက်ဆော့ချ်တစ်စောင်ရတယ်။ကျွန်တော်တကယ်သုံးတဲ့အီးမေးလ်လားလို့မေးတယ်။ကျွန်တော်ကလည်းအတည်ပြုလိုက်တယ်။အဲဒီမှာအီးမေးလ်ရလာတော့တာပဲ။နားမလည်ဘူး။အဲဒီစာကိုကျွန်တော့်မန်နေဂျာနဲ့ရှေ့နေဆီပို့လိုက်တယ်။သူတို့ကကျွန်တော့်ကိုထုတ်လိုက်တာလို့ပြောတယ်။အချိန်ကျော်သွားပြီ။ကျွန်တော့်နာမည်သတင်းစာထဲမှာပါလာတယ်။ဘာဆွေးနွေးမှုမှမရှိဘူး။ဘာမှကိုမရှိခဲ့တာ။ဟယ်လိုဆိုပြီးဖုန်းကလေးတချက်မဆက်သလို ဂွတ်ဘိုင်ဆိုပြီးတော့လည်းနှုတ်မဆက်ခဲ့ကြဘူး”လို့ဆိုသွားပါတယ်။

သူဟာဘာစီလိုနာမှထွက်ခွာပြီးနောက် ပါးမီးရပ်စ်သို့ပြန်သွားခဲ့ပါတယ်။သူဟာပါရာနက်စ်၊ရက်ဘူးလ်ဘရာဂန်နီတိုတို့တွင်လည်းအငှားဖြင့်ကစားခဲ့ပါသေးတယ်။

ZawGyi

အီးေမးလ္ျဖင့္ အညႇာအတာကင္းမဲ့စြာ ထုတ္ပယ္ခဲ့တဲ့ ကစားသမားကို နစ္နာေၾကး ေပါင္ ၇.၅ သန္းေပးရေတာ့မဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာအီးေမးလ္ျဖင့္အညႇာအတာကင္းမဲ့စြာထုတ္ပယ္လိုက္တဲ့ကစားသမားတစ္ဦးကိုနစ္နာေၾကးေပါင္၇.၅သန္းအထိေပးရေတာ့မွာျဖစ္ပါတယ္။

ဘရာဇီးအလယ္တန္းကစားသမားမားသီးယပ္စ္ဖာနန္ဒက္စ္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကဘရာဇီးကလပ္ပါးမီးရပ္စ္မွေပါင္၆သန္းျဖင့္ဘာစီလိုနာသို႔ေျပာင္းခဲ့ပါတယ္။

သူဟာဘာစီလိုနာအတြက္၃ပြဲတည္းသာကစားခြင့္ရၿပီးေနာက္ဗယ္လာဒိုးလစ္သို႔အငွားခ်ျခင္းခံခဲ့ရပါတယ္။

သူဟာႏူးကမ့္တြင္ကစားစဥ္အတြင္းမွာဘာစီလိုနာအတြက္စုစုေပါင္း၁၇မိနစ္တည္းသာကစားခဲ့ရပါတယ္။

သူဟာ၂၀၁၄-၁၅ရာသီအထိဘာစီလိုနာႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုထားေပမဲ့လည္း၂၀၂၁ခုႏွစ္ေႏြရာသီမွာေတာ့ဘာစီလိုနာရဲ႕တဖက္သတ္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဖာနန္ဒက္စ္ဟာဘာစီလိုနာရဲ႕ထုတ္ပယ္မႈအေပၚမေက်မနပ္ျဖစ္ကာတရားစြဲဆိုမႈျပဳလုပ္ခဲ့ၿပီးနစ္နာေၾကးေပါင္၁၃သန္းေတာင္းဆိုခဲ့ပါတယ္။

ယခုအခါကတ္တလန္တရား႐ုံးတစ္ခုကဘာစီလိုနာအေနျဖင့္မားသီးယပ္စ္ဖာနန္ဒက္စ္ကိုနစ္နာေၾကးေပါင္၇.၅သန္းေပးရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိအလယ္တန္းကစားသမားဟာအေစာပိုင္းတုန္းကအင္တာဗ်ဴးတစ္ခုတြင္ဘာစီလိုနာကသူ႔ကိုအီးေမးလ္ပို႔ၿပီးထုတ္ပယ္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။

၎က “ကြၽန္ေတာ့္ကိုထြက္ခဲ့ေပးလိုက္တာမသိဘူး။သူတို႔ေျပာလာခ်ိန္မွာမယုံႏိုင္ေအာင္ျဖစ္ရတယ္။ကြၽန္ေတာ္ကဇနီးနဲ႔အျပင္ေရာက္ေနတယ္။ကလပ္ဆီကေနမက္ေဆာ့ခ်္တစ္ေစာင္ရတယ္။ကြၽန္ေတာ္တကယ္သုံးတဲ့အီးေမးလ္လားလို႔ေမးတယ္။ကြၽန္ေတာ္ကလည္းအတည္ျပဳလိုက္တယ္။အဲဒီမွာအီးေမးလ္ရလာေတာ့တာပဲ။နားမလည္ဘူး။အဲဒီစာကိုကြၽန္ေတာ့္မန္ေနဂ်ာနဲ႔ေရွ႕ေနဆီပို႔လိုက္တယ္။သူတို႔ကကြၽန္ေတာ့္ကိုထုတ္လိုက္တာလို႔ေျပာတယ္။အခ်ိန္ေက်ာ္သြားၿပီ။ကြၽန္ေတာ့္နာမည္သတင္းစာထဲမွာပါလာတယ္။ဘာေဆြးေႏြးမႈမွမရွိဘူး။ဘာမွကိုမရွိခဲ့တာ။ဟယ္လိုဆိုၿပီးဖုန္းကေလးတခ်က္မဆက္သလို ဂြတ္ဘိုင္ဆိုၿပီးေတာ့လည္းႏႈတ္မဆက္ခဲ့ၾကဘူး”လို႔ဆိုသြားပါတယ္။

သူဟာဘာစီလိုနာမွထြက္ခြာၿပီးေနာက္ ပါးမီးရပ္စ္သို႔ျပန္သြားခဲ့ပါတယ္။သူဟာပါရာနက္စ္၊ရက္ဘူးလ္ဘရာဂန္နီတိုတို႔တြင္လည္းအငွားျဖင့္ကစားခဲ့ပါေသးတယ္။