အုပ်စု(ဃ)မှာ အုပ်စုဗိုလ်ဖြစ်ရင် ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်း ကျဆုံးမှုဖြစ်လာနိုင်

အင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့အုပ်စု(ဃ)မှာအုပ်စုဗိုလ်ဖြစ်ခဲ့မယ်ဆိုရင်၁၆သင်းရှုံးထွက်အဆင့်မှာထိပ်သီးအသင်းနှင့်ရင်ဆိုင်ရနိုင်တာကြောင့်ယူရို၂၀၂၀ပြိုင်ပွဲမှစောစောစီးစီးထွက်ရနိုင်ပါတယ်။

အင်္ဂလန်အသင်းဟာအုပ်စု(ဃ)မှာခရိုအေးရှား၊ချက်၊စကော့တလန်တို့နှင့်တစ်အုပ်စုတည်းကျနေပါတယ်။ကမ္ဘာ့ဖလားဒုတိယဆုရအသင်း၊ဗြိတိန်ပြိုင်ဘက်အသင်းတို့နဲ့ရင်ဆိုင်ရတာကြောင့်အင်္ဂလန်အတွက်ချောင်တဲ့အုပ်စုတော့မဟုတ်ပါဘူး။ဒါပေမယ့်လက်ရှိအချိန်မှာအုပ်စု(ဃ)မှာအင်္ဂလန်ကအုပ်စုဗိုလ်ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်နေတာကတော့ငြင်းမရပါဘူး။

အင်္ဂလန်အတွက်ပြဿနာကတော့အုပ်စု(ဃ)မှာအုပ်စုဗိုလ်ဖြစ်မယ်ဆိုရင်၁၆သင်းရှုံးထွက်အဆင့်မှာဥရောပရဲ့ထိပ်သီးနိုင်ငံအသင်းများမှတစ်သင်းနဲ့ရင်ဆိုင်ရနိုင်တဲ့အခြေအနေမှာရှိနေမှုဖြစ်ပါတယ်။

အင်္ဂလန်ဟာယူရို၂၀၂၀ ၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်ရင် အုပ်စု(စ)မှဒုတိယရရှိတဲ့အသင်းနဲ့ရင်ဆိုင်ရပါမယ်။အုပ်စု(စ)ကယူရို၂၀၂၀မှာသေမင်းတမန်အုပ်စုအဖြစ်သတ်မှတ်ခံထားရတဲ့အုပ်စုဖြစ်ပါတယ်။အုပ်စု(စ)မှာဂျာမနီ၊ပေါ်တူဂီ၊ပြင်သစ်၊ဟန်ဂေရီတို့ပါဝင်ပါတယ်။

အုပ်စု(စ)မှာဟန်ဂေရီကအိမ်ဖြည့်အဆင့်ဖြစ်လာဖို့ရှိနေပြီးပေါ်တူဂီ၊ပြင်သစ်၊ဂျာမနီတို့မှနှစ်သင်းက၁၆သင်းအဆင့်သို့တက်ရောက်လာပါမယ်။တကယ်လို့အုပ်စုဗိုလ်ဖြစ်မယ်ဆိုရင်အင်္ဂလန်ဟာအုပ်စု(စ)မှဒုတိယရရှိတဲ့အသင်းနဲ့၁၆သင်းအဆင့်မှာရင်ဆိုင်ရပါမယ်။

အင်္ဂလန်အနေဖြင့်အုပ်စု(ဃ)မှာဒုတိယသာရပ်တည်နိုင်မယ်ဆိုရင်တော့အုပ်စု(င)မှဒုတိယအသင်းနဲ့ရင်ဆိုင်ရပါမယ်။အုပ်စု(င)မှာစပိန်၊ဆွီဒင်၊ပိုလန်၊ဆလိုဗက်ကီးယားတို့တစ်အုပ်စုတည်းကျရောက်နေပါတယ်။ဒါကြောင့်စပိန်ကအုပ်စုဗိုလ်ဖြစ်ဖို့ရေပန်းစားနေပါတယ်။အင်္ဂလန်အနေဖြင့်အုပ်စု(ဃ)မှဒုတိယသာရရှိမယ်ဆိုရင်ဆွီဒင်(သို့)ပိုလန်(သို့)ဆလိုဗက်ကီးယားနှင့်ရင်ဆိုင်ရပါမယ်။

အင်္ဂလန်အတွက်ဆွီဒင်(သို့)ပိုလန်(သို့)ဆလိုဗက်ကီးယားကိုရင်ဆိုင်ရတာသေမင်းတမန်အုပ်စုမှပြင်သစ်(သို့)ဂျာမနီ(သို့)ပေါ်တူဂီတို့ကိုရင်ဆိုင်ရတာထက်လွယ်ကူနေပါမယ်။

အခြားတစ်ဖက်မှာအင်္ဂလန်အနေဖြင့်အုပ်စု(င)မှဒုတိယအသင်းနဲ့တွေ့ဆုံလိုမှုကြောင့်အုပ်စု(ဃ)ပွဲစဉ်မှပြိုင်ဘက်ကိုလျှော့ကစားမယ်ဆိုရင်အုပ်စုကနေထွက်ရနိုင်တဲ့အထိအခြေအနေဆိုးသွားမှာလည်းစိုးရိမ်ရပါသေးတယ်။

ဒါပေမယ့်အင်္ဂလန်ဟာအုပ်စုမှာဒုတိယနေရာရယူပြီးအသာရနိုင်တဲ့ပြိုင်ဘက်တွေ့အောင်လုပ်ဆောင်တာ ဒါဟာပထမဆုံးမဟုတ်ပါဘူး။အင်္ဂလန်ဟာပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းအုပ်စုနောက်ဆုံးပွဲမှာဘယ်လ်ဂျီယံနှင့်ရင်ဆိုင်ရပါတယ်။

ယင်းအချိန်မှာနှစ်သင်းလုံးကနောက်တစ်ဆင့်သို့တက်ရောက်ထားပြီးဖြစ်ပါတယ်။အဲဒီတုန်းကပရိသတ်များကအင်္ဂလန်ကိုဘယ်လ်ဂျီယံကိုရှုံးအောင်ကစားပြီးဒုတိယအဖြစ်ဖြင့်နောက်တစ်ဆင့်သို့တက်လိုစေခဲါ့ပတယ်။

တကယ်တမ်းမှာလည်းအင်္ဂလန်ဟာရှုံးနိမ့်ခဲ့ပါတယ်။ယင်းသို့ရှုံးနိမ့်မှုနဲ့အတူအင်္ဂလန်ဟာရှုံးထွက်အဆင့်များမှာကိုလံဘီယာ၊ဆွီဒင်၊ခရိုအေးရှားတို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဘယ်လ်ဂျီယံဟာရှုံးထွက်အဆင့်များမှာဂျပန်၊ဘရာဇီး၊ပြင်သစ်တို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဘယ်လ်ဂျီယံဟာ၁၆သင်းအဆင့်မှာဂျပန်နှင့်ရင်ဆိုင်ရတာကြောင့်အင်္ဂလန်ထက်ပိုလွယ်တယ်ဆိုပေမယ့်ကွာတားမှာဘရာဇီး၊ဆီမီးမှာပြင်သစ်တို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ယခုယူရို၂၀၂၀ပြိုင်ပွဲမှာတော့အင်္ဂလန်အနေဖြင့်အုပ်စုဗိုလ်ဖြစ်ခဲ့မယ်ဆိုရင်တော့ခက်ခက်တဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရမှာဖြစ်လို့ပြိုင်ပွဲကနေစောစောစီးစီးထွက်ရကိန်းရပါတယ်။ဒါကြောင့်အင်္ဂလန်နည်းပြဆောက်ဂိတ်အနေဖြင့်အုပ်စုဒုတိယရရှိဖို့အတွက်ပါးပါးနပ်နပ်နဲ့လုပ်ဆောင်တတ်ဖို့တော့လိုပါတယ်။

ZawGyi

အုပ္စု(ဃ)မွာ အုပ္စုဗိုလ္ျဖစ္ရင္ ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္း က်ဆုံးမႈျဖစ္လာႏိုင္

အဂၤလန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အုပ္စု(ဃ)မွာအုပ္စုဗိုလ္ျဖစ္ခဲ့မယ္ဆိုရင္၁၆သင္းရႈံးထြက္အဆင့္မွာထိပ္သီးအသင္းႏွင့္ရင္ဆိုင္ရႏိုင္တာေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွေစာေစာစီးစီးထြက္ရႏိုင္ပါတယ္။

အဂၤလန္အသင္းဟာအုပ္စု(ဃ)မွာခ႐ိုေအးရွား၊ခ်က္၊စေကာ့တလန္တို႔ႏွင့္တစ္အုပ္စုတည္းက်ေနပါတယ္။ကမာၻ႔ဖလားဒုတိယဆုရအသင္း၊ၿဗိတိန္ၿပိဳင္ဘက္အသင္းတို႔နဲ႔ရင္ဆိုင္ရတာေၾကာင့္အဂၤလန္အတြက္ေခ်ာင္တဲ့အုပ္စုေတာ့မဟုတ္ပါဘူး။ဒါေပမယ့္လက္ရွိအခ်ိန္မွာအုပ္စု(ဃ)မွာအဂၤလန္ကအုပ္စုဗိုလ္ျဖစ္ဖို႔ေရပန္းအစားဆုံးျဖစ္ေနတာကေတာ့ျငင္းမရပါဘူး။

အဂၤလန္အတြက္ျပႆနာကေတာ့အုပ္စု(ဃ)မွာအုပ္စုဗိုလ္ျဖစ္မယ္ဆိုရင္၁၆သင္းရႈံးထြက္အဆင့္မွာဥေရာပရဲ႕ထိပ္သီးႏိုင္ငံအသင္းမ်ားမွတစ္သင္းနဲ႔ရင္ဆိုင္ရႏိုင္တဲ့အေျခအေနမွာရွိေနမႈျဖစ္ပါတယ္။

အဂၤလန္ဟာယူ႐ို၂၀၂၀ ၁၆သင္းရႈံးထြက္အဆင့္သို႔ တက္ေရာက္ရင္ အုပ္စု(စ)မွဒုတိယရရွိတဲ့အသင္းနဲ႔ရင္ဆိုင္ရပါမယ္။အုပ္စု(စ)ကယူ႐ို၂၀၂၀မွာေသမင္းတမန္အုပ္စုအျဖစ္သတ္မွတ္ခံထားရတဲ့အုပ္စုျဖစ္ပါတယ္။အုပ္စု(စ)မွာဂ်ာမနီ၊ေပၚတူဂီ၊ျပင္သစ္၊ဟန္ေဂရီတို႔ပါဝင္ပါတယ္။

အုပ္စု(စ)မွာဟန္ေဂရီကအိမ္ျဖည့္အဆင့္ျဖစ္လာဖို႔ရွိေနၿပီးေပၚတူဂီ၊ျပင္သစ္၊ဂ်ာမနီတို႔မွႏွစ္သင္းက၁၆သင္းအဆင့္သို႔တက္ေရာက္လာပါမယ္။တကယ္လို႔အုပ္စုဗိုလ္ျဖစ္မယ္ဆိုရင္အဂၤလန္ဟာအုပ္စု(စ)မွဒုတိယရရွိတဲ့အသင္းနဲ႔၁၆သင္းအဆင့္မွာရင္ဆိုင္ရပါမယ္။

အဂၤလန္အေနျဖင့္အုပ္စု(ဃ)မွာဒုတိယသာရပ္တည္ႏိုင္မယ္ဆိုရင္ေတာ့အုပ္စု(င)မွဒုတိယအသင္းနဲ႔ရင္ဆိုင္ရပါမယ္။အုပ္စု(င)မွာစပိန္၊ဆြီဒင္၊ပိုလန္၊ဆလိုဗက္ကီးယားတို႔တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။ဒါေၾကာင့္စပိန္ကအုပ္စုဗိုလ္ျဖစ္ဖို႔ေရပန္းစားေနပါတယ္။အဂၤလန္အေနျဖင့္အုပ္စု(ဃ)မွဒုတိယသာရရွိမယ္ဆိုရင္ဆြီဒင္(သို႔)ပိုလန္(သို႔)ဆလိုဗက္ကီးယားႏွင့္ရင္ဆိုင္ရပါမယ္။

အဂၤလန္အတြက္ဆြီဒင္(သို႔)ပိုလန္(သို႔)ဆလိုဗက္ကီးယားကိုရင္ဆိုင္ရတာေသမင္းတမန္အုပ္စုမွျပင္သစ္(သို႔)ဂ်ာမနီ(သို႔)ေပၚတူဂီတို႔ကိုရင္ဆိုင္ရတာထက္လြယ္ကူေနပါမယ္။

အျခားတစ္ဖက္မွာအဂၤလန္အေနျဖင့္အုပ္စု(င)မွဒုတိယအသင္းနဲ႔ေတြ႕ဆုံလိုမႈေၾကာင့္အုပ္စု(ဃ)ပြဲစဥ္မွၿပိဳင္ဘက္ကိုေလွ်ာ့ကစားမယ္ဆိုရင္အုပ္စုကေနထြက္ရႏိုင္တဲ့အထိအေျခအေနဆိုးသြားမွာလည္းစိုးရိမ္ရပါေသးတယ္။

ဒါေပမယ့္အဂၤလန္ဟာအုပ္စုမွာဒုတိယေနရာရယူၿပီးအသာရႏိုင္တဲ့ၿပိဳင္ဘက္ေတြ႕ေအာင္လုပ္ေဆာင္တာ ဒါဟာပထမဆုံးမဟုတ္ပါဘူး။အဂၤလန္ဟာၿပီးခဲ့တဲ့ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းအုပ္စုေနာက္ဆုံးပြဲမွာဘယ္လ္ဂ်ီယံႏွင့္ရင္ဆိုင္ရပါတယ္။

ယင္းအခ်ိန္မွာႏွစ္သင္းလုံးကေနာက္တစ္ဆင့္သို႔တက္ေရာက္ထားၿပီးျဖစ္ပါတယ္။အဲဒီတုန္းကပရိသတ္မ်ားကအဂၤလန္ကိုဘယ္လ္ဂ်ီယံကိုရႈံးေအာင္ကစားၿပီးဒုတိယအျဖစ္ျဖင့္ေနာက္တစ္ဆင့္သို႔တက္လိုေစခဲါ့ပတယ္။

တကယ္တမ္းမွာလည္းအဂၤလန္ဟာရႈံးနိမ့္ခဲ့ပါတယ္။ယင္းသို႔ရႈံးနိမ့္မႈနဲ႔အတူအဂၤလန္ဟာရႈံးထြက္အဆင့္မ်ားမွာကိုလံဘီယာ၊ဆြီဒင္၊ခ႐ိုေအးရွားတို႔နဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ဘယ္လ္ဂ်ီယံဟာရႈံးထြက္အဆင့္မ်ားမွာဂ်ပန္၊ဘရာဇီး၊ျပင္သစ္တို႔နဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံဟာ၁၆သင္းအဆင့္မွာဂ်ပန္ႏွင့္ရင္ဆိုင္ရတာေၾကာင့္အဂၤလန္ထက္ပိုလြယ္တယ္ဆိုေပမယ့္ကြာတားမွာဘရာဇီး၊ဆီမီးမွာျပင္သစ္တို႔နဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

ယခုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေတာ့အဂၤလန္အေနျဖင့္အုပ္စုဗိုလ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ခက္ခက္တဲ့ၿပိဳင္ဘက္နဲ႔ရင္ဆိုင္ရမွာျဖစ္လို႔ၿပိဳင္ပြဲကေနေစာေစာစီးစီးထြက္ရကိန္းရပါတယ္။ဒါေၾကာင့္အဂၤလန္နည္းျပေဆာက္ဂိတ္အေနျဖင့္အုပ္စုဒုတိယရရွိဖို႔အတြက္ပါးပါးနပ္နပ္နဲ႔လုပ္ေဆာင္တတ္ဖို႔ေတာ့လိုပါတယ္။