အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ဘယ်လ်ဂျီယံနည်းပြရာထူးမှ မာတီနက်ဇ်ထွက်ခွာ

ရောဘတ်တိုမာတီနက်ဇ်ဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ဘယ်လ်ဂျီယံနည်းပြရာထူးမှထွက်ခွာလာခဲ့ရပါတယ်။

ဘယ်လ်ဂျီယံဟာမနေ့ညတုန်းက၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ခရိုအေးရှားနှင့်ဂိုးမရှိသရေကျပြီးနောက်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပါတယ်။

ပွဲအပြီးတွင်မာတီနက်ဇ်က “ဒီပွဲကျွန်တော့်ရဲ့လက်ရွေးစင်အသင်းနဲ့နောက်ဆုံးပွဲပါ”လို့ပြောကြားသွားပါတယ်။

ဝီဂန်နှင့်အဲဗာတန်နည်းပြဟောင်းမာတီနက်ဇ်ဟာ၂၀၁၆ခုနှစ်နွေရာသီကတည်းကဘယ်လ်ဂျီယံအသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။

သူဟာဘယ်လ်ဂျီယံအသင်းကို၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတတိယရရှိအောင်ဦးဆောင်ခဲ့ပါတယ်။

ဒါ့အပြင်မာတီနက်ဇ်ဦးဆောင်တဲ့ကာလအတွင်းတွင်ဘယ်လ်ဂျီယံအသင်းဟာဖီဖာကမ္ဘာ့အဆင့်တွင်၂နှစ်ကျော်ကြာနံပါတ်တစ်နေရာတွင်ရပ်တည်နိုင်ခဲ့ပြီးလက်ရှိအချိန်တွင်လည်းဘရာဇီးအောက်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

ZawGyi

အုပ္စုအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ ဘယ္လ္ဂ်ီယံနည္းျပရာထူးမွ မာတီနက္ဇ္ထြက္ခြာ

ေရာဘတ္တိုမာတီနက္ဇ္ဟာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ ဘယ္လ္ဂ်ီယံနည္းျပရာထူးမွထြက္ခြာလာခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံဟာမေန႔ညတုန္းက၂၀၁၈ကမာၻ႔ဖလားဗိုလ္လုပြဲေရာက္ခ႐ိုေအးရွားႏွင့္ဂိုးမရွိသေရက်ၿပီးေနာက္အုပ္စုအဆင့္မွထြက္ခြာခဲ့ရပါတယ္။

ပြဲအၿပီးတြင္မာတီနက္ဇ္က “ဒီပြဲကြၽန္ေတာ့္ရဲ႕လက္ေ႐ြးစင္အသင္းနဲ႔ေနာက္ဆုံးပြဲပါ”လို႔ေျပာၾကားသြားပါတယ္။

ဝီဂန္ႏွင့္အဲဗာတန္နည္းျပေဟာင္းမာတီနက္ဇ္ဟာ၂၀၁၆ခုႏွစ္ေႏြရာသီကတည္းကဘယ္လ္ဂ်ီယံအသင္းကိုကိုင္တြယ္လာခဲ့သူျဖစ္ပါတယ္။

သူဟာဘယ္လ္ဂ်ီယံအသင္းကို၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကတတိယရရွိေအာင္ဦးေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္မာတီနက္ဇ္ဦးေဆာင္တဲ့ကာလအတြင္းတြင္ဘယ္လ္ဂ်ီယံအသင္းဟာဖီဖာကမာၻ႔အဆင့္တြင္၂ႏွစ္ေက်ာ္ၾကာနံပါတ္တစ္ေနရာတြင္ရပ္တည္ႏိုင္ခဲ့ၿပီးလက္ရွိအခ်ိန္တြင္လည္းဘရာဇီးေအာက္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။