အုပ်စုအဆင့်မှ ဂျာမနီထွက်ခဲ့ရပြီးနောက် Man of the Match ဆုကို စိတ်ပျက်လက်ပျက်ယူခဲ့ရတဲ့ ဟာဗတ်ဇ်

ချဲလ်ဆီးစတားကိုင်ဟာဗတ်ဇ်ဟာဂျာမနီအသင်းကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် Man of the Match ဆုကိုစိတ်ပျက်လက်ပျက်ဖြင့်ရယူခဲ့ရပါတယ်။

ချဲလ်ဆီးတိုက်စစ်သမားဟာအုပ်စုနောက်ဆုံးပွဲအဖြစ်ကော်စတာရီကာကို၄-၂ဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ဂျပန်ကစပိန်ကိုအငြင်းပွားဖွယ်ဂိုးဖြင့်၂-၁ဖြင့်အနိုင်ရရှိပြီးနောက်ဂျာမနီမှာအုပ်စုအဆင့်မှစိတ်ပျက်ဖွယ်ထွက်ခွာခဲ့ရပါတယ်။

ကိုင်ဟာဗတ်ဇ်ဟာကော်စတာရီကာနှင့်ပွဲတွင်ပွဲချိန်၆၇မိနစ်မှာသောမတ်စ်မူလာအစားလူစားဝင်ရောက်ကစားခဲ့ရပေမဲ့လည်းချက်ချင်းပင် ၂ဂိုးသွင်းယူနိုင်ခဲ့မှုနှင့်အတူ Man of the Match ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာဂျာမနီအသင်းမှာအုပ်စုအဆင့်မှထွက်ခွာခဲ့ရမှုနှင့်အတူ Man of the Match ဆုကိုရရှိခဲ့ရပေမဲ့စိတ်ပျက်နေခဲ့ပါတယ်။

သူဟာ Man of the Match ဆုဖြင့် ဓာတ်ပုံရိုက်ကူးခံရန် ပို့စ်ပေးရာမှာ စိတ်ပျကနေတဲ့မျက်နှာဖြင့်ပို့စ်ပေးခဲ့တာတွေ့ရပါတယ်။

ZawGyi



ချဲလ်ဆီးတိုက်စစ်သမားဟာအုပ်စုနောက်ဆုံးပွဲအဖြစ်ကော်စတာရီကာကို၎-၂ဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။



