အူကျဝေဒနာ ခွဲစိတ်ကုသရမှုကြောင့် ဂျေမီဗာဒီ ရက်သတ္တပတ်အနည်းငယ်ကြာ နားရမည်

ဂျောမီဗာဒီဟာအူကျဝေဒနာခွဲစိတ်ကုသမှုခံယူခဲ့ရမှုကြောင့်ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရတော့မှာ ဖြစ်ကြောင်းသိရပါတယ်။

ဗာဒီဟာယခုရာသီမှာလက်စတာအတွက်ပရီးမီးယားလိဂ်မှာ၁၁ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးကာအဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။

ဗာဒီဟာတနင်္ဂနွေနေ့တွင်ကစားရမယ့်ဘရန့်ဖို့ဒ်နှင့်အက်ဖ်အေဖလားပွဲစဉ်ကိုစတင်လွဲချော်မှာဖြစ်ပြီးအဲဗာတန်၊လိဒ်၊ဖူလ်ဟမ်၊ဝုဗ်တို့နှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်များကိုလည်းလွဲချော်ဖို့ရှိပါတယ်။

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာဟာဗာဒီအနားယူစဉ်ကာလအတွင်းမှာစပိန်တိုက်စစ်သမားအေယိုဇီပီရက်ဇ်ကို အသုံးပြုသွားဖို့ရှိပါတယ်။

လက်စတာဟာပရီးမီးယားလိဂ်ပွဲစဉ်၁၉အပြီးမှာ၁၂ပွဲအနိုင်ရရှိထားပြီးအမှတ်ပေးဇယားအဆင့်၃နေရာမှာရပ်တည်ထားနိုင်ပါတယ်။

ZawGyi

အူက်ေဝဒနာ ခြဲစိတ္ကုသရမႈေၾကာင့္ ေဂ်မီဗာဒီ ရက္သတၱပတ္အနည္းငယ္ၾကာ နားရမည္

ေဂ်ာမီဗာဒီဟာအူက်ေဝဒနာခြဲစိတ္ကုသမႈခံယူခဲ့ရမႈေၾကာင့္ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရေတာ့မွာ ျဖစ္ေၾကာင္းသိရပါတယ္။

ဗာဒီဟာယခုရာသီမွာလက္စတာအတြက္ပရီးမီးယားလိဂ္မွာ၁၁ဂိုးသြင္းယူၿပီး၅ႀကိမ္ဖန္တီးကာအဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားေနသူလည္းျဖစ္ပါတယ္။

ဗာဒီဟာတနဂၤေႏြေန႔တြင္ကစားရမယ့္ဘရန႔္ဖို႔ဒ္ႏွင့္အက္ဖ္ေအဖလားပြဲစဥ္ကိုစတင္လြဲေခ်ာ္မွာျဖစ္ၿပီးအဲဗာတန္၊လိဒ္၊ဖူလ္ဟမ္၊ဝုဗ္တို႔ႏွင့္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကိုလည္းလြဲေခ်ာ္ဖို႔ရွိပါတယ္။

လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာဟာဗာဒီအနားယူစဥ္ကာလအတြင္းမွာစပိန္တိုက္စစ္သမားေအယိုဇီပီရက္ဇ္ကို အသုံးျပဳသြားဖို႔ရွိပါတယ္။

လက္စတာဟာပရီးမီးယားလိဂ္ပြဲစဥ္၁၉အၿပီးမွာ၁၂ပြဲအႏိုင္ရရွိထားၿပီးအမွတ္ေပးဇယားအဆင့္၃ေနရာမွာရပ္တည္ထားႏိုင္ပါတယ္။