အူဒီးနီးစ်မှ ဒီပေါလ်ကို ယူရို ၃၅ သန်းဖြင့် အက်သလက်တီကိုခေါ်ယူ

အက်သလက်တီကိုမက်ဒရစ်ဟာအူဒီးနီးစ်မှရိုဒရီဂိုဒီပေါလ်ကိုပြောင်းရွှေ့ကြေးယူရို၃၅သန်းဖြင့်ငါးနှစ်စာချုပ်ချုပ်ဆိုကာခေါ်ယူလိုက်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာမကြာသေးမီတုန်းကအာဂျင်တီးနားအသင်းကိုကိုပါအမေရိကဖလားဆွတ််ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီဟာကွင်းလယ်ကစားသမားနီဂယ်ဆောလ်အသင်းပြောင်းနိုင်တဲ့အနေအထားမှာရှိနေမှုနဲ့အတူဒီပေါလ်ကိုခေါ်ယူအားဖြည့်လိုက်တာလည်းဖြစ်ပါတယ်။

ဒီပေါလ်ဟာအာဂျင်တီးနားနည်းပြလီယိုနယ်စကာလိုနီရဲ့လက်အောက်မှာအာဂျင်တီးနားရဲ့အဓိကကစားသမားအဖြစ်ပုံမှန်ကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။

ZawGyi



အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာမကြာသေးမီတုန်းကအာဂျင်တီးနားအသင်းကိုကိုပါအမေရိကဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

