အူဘာမီယန်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အာဆင်နယ် ဆုံးဖြတ်ချက်ချလိုက်ပြီ

ဘာစီလိုနာကအာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်အားခေါ်ယူရန်ကြိုးပမ်းနေတယ်လို့စပိန်မီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများကြောင့်ယခုနွေရာသီတွင်မက်ဆီကိုလက်လွှတ်ထားရပြီးပီကေးရဲ့လုပ်ခလျှော့ယူမှု၊လုပ်ခရွှေ့ဆိုင်းပေးမှုတို့ကြောင့်အသစ်ခေါ်ယူထားတဲ့ကစားသမားများကိုမှတ်ပုံတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်၎င်းတို့ဟာနွေရာသီတွင်ခေါ်ယူထားတဲ့ဆာဂျီယိုအဂွဲရိုးကိုမှတ်ပုံတင်ထားခြင်းမရှိသေးပါဘူး။အဂွဲရိုးဟာကြွက်သားဒဏ်ရာကြောင့်အောက်တိုဘာလအထိအနားယူထားရပါတယ်။

စပိန်မီဒီယာများကဘာစီလိုနာဟာဘရာဇီးကွင်းလယ်ကစားသမားကော်တင်ဟိုအားအူဘာမီယန်(သို့မဟုတ်)လာကာဇက်တီနှင့်အလဲအထပ်လုပ်ရန်စီစဉ်နေကြောင်းဖော်ပြခဲ့ပါတယ်။

ယခုအခါမှာတော့ဘာစီလိုနာကအထက်ပါသတင်းမှာအခြေအမြစ်မရှိတဲ့သတင်းဖြစ်ကြောင်းဆိုထားပါတယ်။

ဘာစီလိုနာနည်းပြကိုးမန်းဟာလည်းတိုက်စစ်အတွက်ဂရက်ဇ်မန်း၊ဖာတီ၊ဒမ်ဘီလီ၊ဘရစ်ဝေး၊အဂွဲရိုးတို့ရှိနေမှုအပေါ်ကျေနပ်နေပါတယ်။

ZawGyi

အူဘာမီယန္အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး အာဆင္နယ္ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီ

ဘာစီလိုနာကအာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္အားေခၚယူရန္ႀကိဳးပမ္းေနတယ္လို႔စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပမႈကိုျငင္းဆိုလိုက္ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားေၾကာင့္ယခုေႏြရာသီတြင္မက္ဆီကိုလက္လႊတ္ထားရၿပီးပီေကးရဲ႕လုပ္ခေလွ်ာ့ယူမႈ၊လုပ္ခေ႐ႊ႕ဆိုင္းေပးမႈတို႔ေၾကာင့္အသစ္ေခၚယူထားတဲ့ကစားသမားမ်ားကိုမွတ္ပုံတင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္၎တို႔ဟာေႏြရာသီတြင္ေခၚယူထားတဲ့ဆာဂ်ီယိုအဂြဲ႐ိုးကိုမွတ္ပုံတင္ထားျခင္းမရွိေသးပါဘူး။အဂြဲ႐ိုးဟာႂကြက္သားဒဏ္ရာေၾကာင့္ေအာက္တိုဘာလအထိအနားယူထားရပါတယ္။

စပိန္မီဒီယာမ်ားကဘာစီလိုနာဟာဘရာဇီးကြင္းလယ္ကစားသမားေကာ္တင္ဟိုအားအူဘာမီယန္(သို႔မဟုတ္)လာကာဇက္တီႏွင့္အလဲအထပ္လုပ္ရန္စီစဥ္ေနေၾကာင္းေဖာ္ျပခဲ့ပါတယ္။

ယခုအခါမွာေတာ့ဘာစီလိုနာကအထက္ပါသတင္းမွာအေျခအျမစ္မရွိတဲ့သတင္းျဖစ္ေၾကာင္းဆိုထားပါတယ္။

ဘာစီလိုနာနည္းျပကိုးမန္းဟာလည္းတိုက္စစ္အတြက္ဂရက္ဇ္မန္း၊ဖာတီ၊ဒမ္ဘီလီ၊ဘရစ္ေဝး၊အဂြဲ႐ိုးတို႔ရွိေနမႈအေပၚေက်နပ္ေနပါတယ္။