အူဘာမီယန် လေ့ကျင့်ခန်းနေပြီဖြစ်သော်လည်း ဝုဗ်နှင့်ပွဲတွင် ပွဲထွက်ဖွယ်မရှိ

အူဘာမီယန်ဟာအာဆင်နယ်နှင့်အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်သော်လည်းပွဲကြံ့ခိုင်မှုအပြည့်အဝမရှိသေးမှုနဲ့အတူယနေ့ညတွင်ဝုဗ်အားအဝေးကွင်းတွင်သွားရောက်ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ပွဲထွက်လာနိုင်ဖွယ်မရှိသေးကြောင်းသိရပါတယ်။

ဂါဘွန်စတားဟာမိခင်ဖြစ်သူမကျန်းမာကြောင့်အာဆင်နယ်ရဲ့နောက်ဆုံးသုံးပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာမိခင်ပြန်လည်ကျန်းမာလာမှုကြောင့်လန်ဒန်သို့ပြန်ရောက်လာပြီဖြစ်သော်လည်းလေ့ကျင့်ခန်းအစီအစဉ်နှင့် ငါးရက်ကြာဝေးကွာခဲ့မှုနဲ့အတူမန်ယူနှင့်ပွဲမှာကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

အာတီတာက “ရှင်းလင်းဖို့တစ်ချို့ကျန်သေးတယ်။ကစားနိုင်သလိုကစားလည်းမကစားနိုင်တဲ့အနေအထားပါ။ အတိအကျမပြောနိုင်ဘူး”လို့ပြောကြားသွားပါတယ်။

အူဘာမီယန် အာဆင်နယ်အတွက်နောက်ဆုံးကစားတဲ့ပွဲကဇန်နဝါရီလ၁၈ရက်နေ့တုန်းကနယူးကာဆယ်နှင့်ပွဲမှာ ဖြစ်ပြီးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဆောက်သမ်တန်နှင့်အက်ဖ်အေဖလားအဝေးကွင်းပွဲကစားရန်အတူသွားခဲ့သော်လည်းမိခင်မကျန်းမာကြောင်းသိရပြီးနောက်အသင်းမှနုတ်ထွက်ကာချက်ချင်းခရီးသွားခဲ့ပြီးဆောက်သမ်တန်နှင့်နှစ်ပွဲ၊မန်ယူနှင့်ပွဲတို့ကိုလွဲချော်ခဲ့ပါတယ်။

ZawGyi

အူဘာမီယန္ ေလ့က်င့္ခန္းေနၿပီျဖစ္ေသာ္လည္း ဝုဗ္ႏွင့္ပြဲတြင္ ပြဲထြက္ဖြယ္မရွိ

အူဘာမီယန္ဟာအာဆင္နယ္ႏွင့္အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ေသာ္လည္းပြဲႀကံ့ခိုင္မႈအျပည့္အဝမရွိေသးမႈနဲ႔အတူယေန႔ညတြင္ဝုဗ္အားအေဝးကြင္းတြင္သြားေရာက္ကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ပြဲထြက္လာႏိုင္ဖြယ္မရွိေသးေၾကာင္းသိရပါတယ္။

ဂါဘြန္စတားဟာမိခင္ျဖစ္သူမက်န္းမာေၾကာင့္အာဆင္နယ္ရဲ႕ေနာက္ဆုံးသုံးပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။ သူဟာမိခင္ျပန္လည္က်န္းမာလာမႈေၾကာင့္လန္ဒန္သို႔ျပန္ေရာက္လာၿပီျဖစ္ေသာ္လည္းေလ့က်င့္ခန္းအစီအစဥ္ႏွင့္ ငါးရက္ၾကာေဝးကြာခဲ့မႈနဲ႔အတူမန္ယူႏွင့္ပြဲမွာကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။

အာတီတာက “ရွင္းလင္းဖို႔တစ္ခ်ိဳ႕က်န္ေသးတယ္။ကစားႏိုင္သလိုကစားလည္းမကစားႏိုင္တဲ့အေနအထားပါ။ အတိအက်မေျပာႏိုင္ဘူး”လို႔ေျပာၾကားသြားပါတယ္။

အူဘာမီယန္ အာဆင္နယ္အတြက္ေနာက္ဆုံးကစားတဲ့ပြဲကဇန္နဝါရီလ၁၈ရက္ေန႔တုန္းကနယူးကာဆယ္ႏွင့္ပြဲမွာ ျဖစ္ၿပီးႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာေဆာက္သမ္တန္ႏွင့္အက္ဖ္ေအဖလားအေဝးကြင္းပြဲကစားရန္အတူသြားခဲ့ေသာ္လည္းမိခင္မက်န္းမာေၾကာင္းသိရၿပီးေနာက္အသင္းမွႏုတ္ထြက္ကာခ်က္ခ်င္းခရီးသြားခဲ့ၿပီးေဆာက္သမ္တန္ႏွင့္ႏွစ္ပြဲ၊မန္ယူႏွင့္ပြဲတို႔ကိုလြဲေခ်ာ္ခဲ့ပါတယ္။