အေဂျက်စ်ဂိုးသမားအင်ဒရေအိုနာနာကို ယူအီးအက်ဖ်အေ ဘောလုံးကစားခွင့် ၁၂လပွဲပယ်

အေဂျက်စ်ဂိုးသမားအင်ဒရေအိုနာနာဟာပြီးခဲ့တဲ့နှစ်တုန်းကတားမြစ်ဆေးကျမှုအတွက်၁၂လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ယူအီးအက်ဖ်အ်ဟာအသက်၂၄နှစ်ရှိကစားသမားရဲ့ဆီးနမူနာတွင်ဖူရိုဆီမိုက်တွေ့ရှိခဲ့မှုကြောင့်၁၂လပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပြီးပြစ်ဒဏ်မှာဖေဖော်ဝါရီလ၅ရက်နေ့မှစတင်အကြုံးဝင်ပါတယ်။

အိုနာနာကမူအောက်တိုဘာလတုန်းကတားမြစ်ဆေးစစ်ဆေးမယ့်နေ့တွင်ဇနီးသည်ရဲ့ဆေးကိုမှားယွင်းစွာသောက် သုံးမှုကြောင့်ဆေးကျခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

အေဂျက်စ်အသင်းက “အောက်တိုဘာလ၃၀ရက်နေ့နံနက်ပိုင်းမှာအိုနာနာဟာကိုယ်လက်မအီမသာဖြစ်ခဲ့ပါတယ်။ ဒီအတွက်သူဆေးသောက်ချင်ခဲ့တယ်။သူဟာဇနီးသည်ရဲ့ Lasimac ကိုမသိနားမလည်ဘဲသောက်ခဲ့ပါတယ်။အိုနာ နာဟာဆေးမှားသောက်မှုကြောင့်ယူအီးအက်ဖ်အေရဲ့ဆေးစစ်ဆေးမှုမှာဆေးကျခဲ့ပါတယ်။စည်းကမ်းထိန်းသိမ်း ရေးကော်မတီကအိုနာနာဟာမသာမာမှုလုပ်တာမဟုတ်တာကိုလည်းနားလည်ပါတယ်။ဒါပေမယ့်ယူအီးအက်ဖ်အေ ကတော့တားမြစ်ဆေးဝါးဆန့်ကျင်ရေးစည်းမျဉ်းကိုချိုးဖောက်နေတယ်လို့ယုံကြည်နေပါတယ်။အိုနာနာနဲ့အေဂျက်စ်တို့ဟာအားကစားသမာဓိခုံရုံးမှာအယူခံဝင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

အေဂျက်စ်အသင်းစီမံခန့်ခွဲရေးဒါရိုက်တာဗန်ဒါးဆားကအိုနာနာအားအရေးယူမှုမှာကလပ်အတွက်များစွာထိခိုက် စေလျက်ရှိကြောင်းဆိုထားပါတယ်။

အေဂျက်စ်အသင်းဟာဇန်နဝါရီတုန်းကဝက်စ်ဟမ်းမှကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးယူရို၂၂.၅သန်းဖြင့်ခေါ်ယူထားတဲ့တိုက်စစ်မှူးဟေးလ်လာကိုယူရိုပါလိဂ်လူစာရင်းတွင်မှားယွင်းကာမထည့်သွင်းမိပြီးနောက်အိုနာနာ ပွဲပယ်ခံရရာကလပ်အတွက်များစွာနစ်နာလျက်ရှိနေပါတယ်။

ZawGyi

ေအဂ်က္စ္ဂိုးသမားအင္ဒေရအိုနာနာကို ယူအီးအက္ဖ္ေအ ေဘာလုံးကစားခြင့္ ၁၂လပြဲပယ္

ေအဂ်က္စ္ဂိုးသမားအင္ဒေရအိုနာနာဟာၿပီးခဲ့တဲ့ႏွစ္တုန္းကတားျမစ္ေဆးက်မႈအတြက္၁၂လ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ယူအီးအက္ဖ္အ္ဟာအသက္၂၄ႏွစ္ရွိကစားသမားရဲ႕ဆီးနမူနာတြင္ဖူ႐ိုဆီမိုက္ေတြ႕ရွိခဲ့မႈေၾကာင့္၁၂လပြဲပယ္ျပစ္ဒဏ္ ခ်မွတ္လိုက္တာျဖစ္ၿပီးျပစ္ဒဏ္မွာေဖေဖာ္ဝါရီလ၅ရက္ေန႔မွစတင္အႀကဳံးဝင္ပါတယ္။

အိုနာနာကမူေအာက္တိုဘာလတုန္းကတားျမစ္ေဆးစစ္ေဆးမယ့္ေန႔တြင္ဇနီးသည္ရဲ႕ေဆးကိုမွားယြင္းစြာေသာက္ သုံးမႈေၾကာင့္ေဆးက်ခဲ့ျခင္းျဖစ္ေၾကာင္းဆိုထားပါတယ္။

ေအဂ်က္စ္အသင္းက “ေအာက္တိုဘာလ၃၀ရက္ေန႔နံနက္ပိုင္းမွာအိုနာနာဟာကိုယ္လက္မအီမသာျဖစ္ခဲ့ပါတယ္။ ဒီအတြက္သူေဆးေသာက္ခ်င္ခဲ့တယ္။သူဟာဇနီးသည္ရဲ႕ Lasimac ကိုမသိနားမလည္ဘဲေသာက္ခဲ့ပါတယ္။အိုနာ နာဟာေဆးမွားေသာက္မႈေၾကာင့္ယူအီးအက္ဖ္ေအရဲ႕ေဆးစစ္ေဆးမႈမွာေဆးက်ခဲ့ပါတယ္။စည္းကမ္းထိန္းသိမ္း ေရးေကာ္မတီကအိုနာနာဟာမသာမာမႈလုပ္တာမဟုတ္တာကိုလည္းနားလည္ပါတယ္။ဒါေပမယ့္ယူအီးအက္ဖ္ေအ ကေတာ့တားျမစ္ေဆးဝါးဆန႔္က်င္ေရးစည္းမ်ဥ္းကိုခ်ိဳးေဖာက္ေနတယ္လို႔ယုံၾကည္ေနပါတယ္။အိုနာနာနဲ႔ေအဂ်က္စ္တို႔ဟာအားကစားသမာဓိခုံ႐ုံးမွာအယူခံဝင္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ေအဂ်က္စ္အသင္းစီမံခန႔္ခြဲေရးဒါ႐ိုက္တာဗန္ဒါးဆားကအိုနာနာအားအေရးယူမႈမွာကလပ္အတြက္မ်ားစြာထိခိုက္ ေစလ်က္ရွိေၾကာင္းဆိုထားပါတယ္။

ေအဂ်က္စ္အသင္းဟာဇန္နဝါရီတုန္းကဝက္စ္ဟမ္းမွကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၂၂.၅သန္းျဖင့္ေခၚယူထားတဲ့တိုက္စစ္မႉးေဟးလ္လာကိုယူ႐ိုပါလိဂ္လူစာရင္းတြင္မွားယြင္းကာမထည့္သြင္းမိၿပီးေနာက္အိုနာနာ ပြဲပယ္ခံရရာကလပ္အတြက္မ်ားစြာနစ္နာလ်က္ရွိေနပါတယ္။