
ဝုဗ်ဟာအေဂျက်စ်နှင့်ဒေါ့မွန်နည်းပြဟောင်းပီတာဘော့ဇ်ကို လစ်လပ်နေတဲ့နည်းပြရာထူးအတွက်ဆွေးနွေးမှုပြုလုပ်လာပါတယ်။
ဝုဗ်ဥက္ကဌဂျက်ဖ်ရှီဟာအောက်တိုဘာလ၂ရက်နေ့တုန်းကပေါ်တူဂီလူမျိုးနည်းပြဘရူနိုလာ့ကို ထုတ်ပယ်လိုက်ပြီးနောက်နည်းပြသစ်ရှာဖွေမှုပြုလုပ်နေပါတယ်။
ဘော့ဇ်ဟာမကြာသေးမီတုန်းကပြင်သစ်လီဂူး၁ကလပ်လိုင်ယွန်ရဲ့ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့အသက်၅၈နှစ်ရှိဘော့ဇ်ဟာဥရောပတလွှားထိပ်တန်းနည်းပြတစ်ဦးအဖြစ်ဆက်လက်ရပ်တည်နေတုန်းဖြစ်ပါတယ်။
ဝုဗ်ဟာသူတို့ရဲ့ဦးစားပေးပစ်မှတ် ဆီဗီလာနည်းပြဟောင်းလိုပီတီဂူမှာစပိန်တွင်သာဆက်လက်အလုပ်လုပ်လိုမှုနဲ့အတူနောက်ဆုတ်ခဲ့ရပါတယ်။
ဝုဗ်ဟာနည်းပြသစ်ရှာဖွေနေစဉ်အတွင်းစတီဗင်ဒါးဗီးစ်နှင့်ဂျိမ်းစ်ကောလင်းတို့ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။
ဝုဗ်ဟာမနေ့ညတုန်းကပဲလေ့စ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယာယီနည်းပြတို့ဟာလာမယ့်တနင်္ဂနွေနေ့လက်စတာနှင့်ပွဲအထိကိုင်တွယ်သွားဖို့ရှိနေပါတယ်။
ဝုဗ်ဟာယခင်နည်းပြဟောင်းနူနိုအက်စ်ပီရီတိုဆန်တိုကိုလည်းဆွေးနွေးနေခဲ့ပေမဲ့ပေါ်တူဂီနည်းပြမှာဝုဗ်သို့တကျော့ပြန်လာဖို့မရှိတော့ပါဘူး။
ZawGyi
ေအဂ်က္စ္ႏွင့္ေဒါ့မြန္နည္းျပေဟာင္းပီတာေဘာ့ဇ္ကို ဝုဗ္ေဆြးေႏြးလာ
ဝုဗ္ဟာေအဂ်က္စ္ႏွင့္ေဒါ့မြန္နည္းျပေဟာင္းပီတာေဘာ့ဇ္ကို လစ္လပ္ေနတဲ့နည္းျပရာထူးအတြက္ေဆြးေႏြးမႈျပဳလုပ္လာပါတယ္။
ဝုဗ္ဥကၠဌဂ်က္ဖ္ရွီဟာေအာက္တိုဘာလ၂ရက္ေန႔တုန္းကေပၚတူဂီလူမ်ိဳးနည္းျပဘ႐ူႏိုလာ့ကို ထုတ္ပယ္လိုက္ၿပီးေနာက္နည္းျပသစ္ရွာေဖြမႈျပဳလုပ္ေနပါတယ္။
ေဘာ့ဇ္ဟာမၾကာေသးမီတုန္းကျပင္သစ္လီဂူး၁ကလပ္လိုင္ယြန္ရဲ႕ထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ဒါေပမဲ့အသက္၅၈ႏွစ္ရွိေဘာ့ဇ္ဟာဥေရာပတလႊားထိပ္တန္းနည္းျပတစ္ဦးအျဖစ္ဆက္လက္ရပ္တည္ေနတုန္းျဖစ္ပါတယ္။
ဝုဗ္ဟာသူတို႔ရဲ႕ဦးစားေပးပစ္မွတ္ ဆီဗီလာနည္းျပေဟာင္းလိုပီတီဂူမွာစပိန္တြင္သာဆက္လက္အလုပ္လုပ္လိုမႈနဲ႔အတူေနာက္ဆုတ္ခဲ့ရပါတယ္။
ဝုဗ္ဟာနည္းျပသစ္ရွာေဖြေနစဥ္အတြင္းစတီဗင္ဒါးဗီးစ္ႏွင့္ဂ်ိမ္းစ္ေကာလင္းတို႔ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။
ဝုဗ္ဟာမေန႔ညတုန္းကပဲေလ့စ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ယာယီနည္းျပတို႔ဟာလာမယ့္တနဂၤေႏြေန႔လက္စတာႏွင့္ပြဲအထိကိုင္တြယ္သြားဖို႔ရွိေနပါတယ္။
ဝုဗ္ဟာယခင္နည္းျပေဟာင္းႏူႏိုအက္စ္ပီရီတိုဆန္တိုကိုလည္းေဆြးေႏြးေနခဲ့ေပမဲ့ေပၚတူဂီနည္းျပမွာဝုဗ္သို႔တေက်ာ့ျပန္လာဖို႔မရွိေတာ့ပါဘူး။