အေဂျက်စ်နှင့်ပွဲတွင် အပိုင်အခွင့်အရေးဖြုန်းတီးပြီးနောက် ဥရုဂွေးအင်ဒီကာရိုးလ်လို့ သမုတ်ခံလာရတဲ့ ဒါဝင်နူနက်ဇ်

ဒါဝင်နူနက်ဇ်ဟာမနေ့ညတုန်းကအေဂျက်စ်နှင့်ပွဲတွင်လီဗာပူးအတွက်ဂိုးသွင်းနိုင်မဲ့အခွင့်အရေးကြီးရရှိခဲ့ပေမဲ့လည်းဖြုန်းတီးပစ်ခဲ့ပြီးနောက် ဥရုဂွေးအင်ဒီကာရိုးလ်လို့ ပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံနေရပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာနွေရာသီတုန်းကဘင်ဖီကာမှပေါင်၈၅သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြကစားနေမှုနှင့်အတူပရိသတ်တွေရဲ့ယုံကြည်မှုရရှိနေသူဖြစ်ပါတယ်။တဖက်တွင်သူဟာရှင်းလင်းတဲ့အပိုင်အခွင့်အရေးဖြုန်းတီးမှုကြောင့်လည်းပရိသတ်များရဲ့သံသယဝင်ခြင်းခံနေရပါတယ်။

အထူးသဖြင့်သူဟာ Johan Cruyff Arenaမှာကစားတဲ့အေဂျက်စ်နှင့်ပွဲစဉ်မှာ ၂-၀ဂိုးဖြင့် ဦးဆောင်နိုင်မဲ့တကယ့်ရွှေအခွင့်အရေးကြီးရရှိခဲ့ပါတယ်။

လီဗာပူးဟာယင်းပွဲမှာမိုဟာမက်ဆာလက်ကဟင်ဒါဆင်ရဲ့ဖြတ်တင်ဘောကနေ လှပစွာသွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ယင်းနောက်နူနက်ဇ်ဟာဒုတိယဂိုးသွင်းယူနိုင်မယ့်အပိုင်အခွင့်အရေးကြီးရရှိလာပါတယ်။ဖာမီနိုဟာအင်ဒီရောဘင်ဆင်ထံမှပေးပို့မှုရရှိပြီးနောက်တကိုယ်ကောင်းမဆန်ဘဲဒါဝင်နူနက်ဇ်ကိုချပေးခဲ့ပါတယ်။

နူနက်ဇ်ဟာ၅ကိုက်အကွာကနေ အကာအကွယ်မဲ့လုနီးပါးဖြစ်နေတဲ့ဂိုးပေါက်သို့ကန်ခွင့်ရခဲ့ပေမဲ့တိုင်ထိသွားခဲ့ပါတယ်။

ယင်းသို့အပိုင်အခွင့်အရေးဖြုန်းတီးမှုနှင့်အတူလီဗာပူးပရိသတ်များဟာဒါဝင်နူနက်ဇ်ကို ဥရုဂွေးအင်ဒီကာရိုးလ်ဆိုပြီးလှောင်ပြောင်နေကြပါတယ်။

နူနက်ဇ်ဟာအပိုင်အခွင့်အရေးဖြုန်းတီးပစ်ခဲ့ပေမဲ့လည်းထောင့်ကန်ဘောကနေခေါင်းတိုက်ပြီးလီဗာပူးအတွက်ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။ယင်းနောက်ဟာဗေးအီလီယော့ကလီဗာပူးအတွက်တတိယဂိုးသွင်းခဲ့လို့ ၃-၀ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ေအဂ်က္စ္ႏွင့္ပြဲတြင္ အပိုင္အခြင့္အေရးျဖဳန္းတီးၿပီးေနာက္ ဥ႐ုေဂြးအင္ဒီကာ႐ိုးလ္လို႔ သမုတ္ခံလာရတဲ့ ဒါဝင္ႏူနက္ဇ္

ဒါဝင္ႏူနက္ဇ္ဟာမေန႔ညတုန္းကေအဂ်က္စ္ႏွင့္ပြဲတြင္လီဗာပူးအတြက္ဂိုးသြင္းႏိုင္မဲ့အခြင့္အေရးႀကီးရရွိခဲ့ေပမဲ့လည္းျဖဳန္းတီးပစ္ခဲ့ၿပီးေနာက္ ဥ႐ုေဂြးအင္ဒီကာ႐ိုးလ္လို႔ ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္ျခင္းခံေနရပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာေႏြရာသီတုန္းကဘင္ဖီကာမွေပါင္၈၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ေျခစြမ္းျပကစားေနမႈႏွင့္အတူပရိသတ္ေတြရဲ႕ယုံၾကည္မႈရရွိေနသူျဖစ္ပါတယ္။တဖက္တြင္သူဟာရွင္းလင္းတဲ့အပိုင္အခြင့္အေရးျဖဳန္းတီးမႈေၾကာင့္လည္းပရိသတ္မ်ားရဲ႕သံသယဝင္ျခင္းခံေနရပါတယ္။

အထူးသျဖင့္သူဟာ Johan Cruyff Arenaမွာကစားတဲ့ေအဂ်က္စ္ႏွင့္ပြဲစဥ္မွာ ၂-၀ဂိုးျဖင့္ ဦးေဆာင္ႏိုင္မဲ့တကယ့္ေ႐ႊအခြင့္အေရးႀကီးရရွိခဲ့ပါတယ္။

လီဗာပူးဟာယင္းပြဲမွာမိုဟာမက္ဆာလက္ကဟင္ဒါဆင္ရဲ႕ျဖတ္တင္ေဘာကေန လွပစြာသြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယင္းေနာက္ႏူနက္ဇ္ဟာဒုတိယဂိုးသြင္းယူႏိုင္မယ့္အပိုင္အခြင့္အေရးႀကီးရရွိလာပါတယ္။ဖာမီႏိုဟာအင္ဒီေရာဘင္ဆင္ထံမွေပးပို႔မႈရရွိၿပီးေနာက္တကိုယ္ေကာင္းမဆန္ဘဲဒါဝင္ႏူနက္ဇ္ကိုခ်ေပးခဲ့ပါတယ္။

ႏူနက္ဇ္ဟာ၅ကိုက္အကြာကေန အကာအကြယ္မဲ့လုနီးပါးျဖစ္ေနတဲ့ဂိုးေပါက္သို႔ကန္ခြင့္ရခဲ့ေပမဲ့တိုင္ထိသြားခဲ့ပါတယ္။

ယင္းသို႔အပိုင္အခြင့္အေရးျဖဳန္းတီးမႈႏွင့္အတူလီဗာပူးပရိသတ္မ်ားဟာဒါဝင္ႏူနက္ဇ္ကို ဥ႐ုေဂြးအင္ဒီကာ႐ိုးလ္ဆိုၿပီးေလွာင္ေျပာင္ေနၾကပါတယ္။

ႏူနက္ဇ္ဟာအပိုင္အခြင့္အေရးျဖဳန္းတီးပစ္ခဲ့ေပမဲ့လည္းေထာင့္ကန္ေဘာကေနေခါင္းတိုက္ၿပီးလီဗာပူးအတြက္ဒုတိယဂိုးကိုသြင္းယူခဲ့ပါတယ္။ယင္းေနာက္ဟာေဗးအီလီေယာ့ကလီဗာပူးအတြက္တတိယဂိုးသြင္းခဲ့လို႔ ၃-၀ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။