
အေဂျက်စ်အသင်းရဲ့ဘော့မာလေကိုဂုဏ်ပြုထားတဲ့ Three Little Birds လိုဂိုပါအဝေးကွင်းဝတ်စုံကိုယူအီးအက်ဖ်အေကပိတ်ပင်မှုပြုလုပ်လိုက်ကြောင်းသိရပါတယ်။
နှစ်အဆက်ဆက်စိတ်ဝင်စားစရာကောင်းတဲ့ဝတ်စုံများဖန်တီးလာခဲ့တဲ့အေဂျက်စ်အသင်းဟာယခုရာသီမှာကွယ်လွန်သွားပြီဖြစ်တဲ့ဂန္ထဝင်ရက်ဂေးအနုပညာရှင်ဘော့မာလေရဲ့မိသားစုနှင့်ပူးပေါင်းကာ Three Little Birds ပါ တတိယဝတ်စုံကိုဖန်တီးခဲ့ပါတယ်။
ဘော့မာလေရဲ့ Three Little Birds သီချင်းကိုဂုဏ်ပြုထားတဲ့ယင်းဝတ်စုံဟာတစ်မိနစ်အတွင်းမှာအကုန်ရောင်းချခဲ့ရတဲ့အထိရောင်းအားကောင်းခဲ့တဲ့ဝတ်စုံလည်းဖြစ်ပါတယ်။
ဒါပေမယ့်အေဂျက်စ်ဟာစနေနေ့တုန်းက PEC Zwolle နှင့်ပွဲစဉ်တွင်တတိယဝတ်စုံကိုဝတ်ဆင်ပေမယ့်ယင်းဝတ်စုံမှာ Three Little Birds မပါဝင်ပါဘူး။
အေဂျက်စ်ဟာယင်းဝတ်စုံမှ Three Little Birds မှာစပွန်ဆာ၊အဝတ်အစားလိုဂို၊ကလပ်လိုဂိုလည်းမဟုတ်ဘဲအခြားခံစားချက်ဖြင့်ထည့်သွင်းထားမှုကြောင့်ပိတ်ပင်လိုက်ပါတယ်။
ZawGyi
အေဂျက်စ်ရဲ့ ဘော့မာလေကို ဂုဏ်ပြုထားတဲ့ Three Little Birds အဝေးကွင်းဝတ်စုံ ပိတ်ပင်ခြင်းခံရ