အေဂျက်စ်အသင်းရဲ့ဘော့မာလေ Three Little Birds ဝတ်စုံ အကြီးအကျယ်ရောင်းချနေရ

အေဂျက်စ်အသင်းရဲ့ဘော့မာလေ တတိယဝတ်စုံကိုစတင်ရောင်းချလာပြီဖြစ်ပါတယ်။အေဂျက်စ်ရဲ့ဘော့မာလေဝတ်စုံကိုစတင်ရောင်းချပြီးနောက် တစ်ကမ္ဘာလုံးမှပရိသတ်များ ဝက်ဘ်ဆိုက်သို့ဝင်ရောက်ဝယ်ယူမှာကြားသူ အလွန်များပြားမှုနဲ့အတူ ဆာဗာဒေါင်းတဲ့အထိဖြစ်ခဲ့ရပါတယ်။

ဒတ်ချ်ထိပ်သီးကလပ်ဟာတစ်နှစ်ပြီးတစ်နှစ် ပိုမိုကောင်းမွန်တဲ့ဝတ်စုံများထုတ်လုပ်ရောင်းချလာခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

ယခုနှစ်မှာလည်း၎င်းတို့ဟာ ဘော့မာလေရဲ့ Three Little Birds ဝတ်စုံကိုဖန်တီးထားပါတယ်။အေဂျက်စ်က ဘော့မာလေ Three Little Birds ဝတ်စုံကိုဖန်တီးရောင်းချမယ်လို့ကြေညာကတည်းကပရိသတ်စိတ်ဝင်စားမှုအကြီးအကျယ်ရရှိခဲ့တာပါ။

တကယ်တမ်းအေဂျက်စ်ကယင်းThree Little Birds တတိယဝတ်စုံကို ရောင်းချလာချိန်တွင်လည်းထင်မှတ်ထားသကဲ့သို့ပင် ဝယ်လိုအားအလွန်မြင့်မားခဲ့ပါတယ်။

အေဂျက်စ်ဟာဂန္ထဝင်ရက်ဂေးအဆိုတော်ဘော့မာလေရဲ့Three Little Birds သီချင်းကိုဂုဏ်ပြုပြီး Three Little Birds ဝတ်စုံကိုဖန်တီးလိုက်တာပါ။

အေဂျက်စ်ကယင်းဝတ်စုံစတင်ရောင်းချကြောင်းကြေညာပြီးနောက်တစ်ကမ္ဘာလုံးမှအေဂျက်စ်ပရိသတ်များတင်မကဘော့မာလေပရိသတ်များကပါအကြီးအကျယ်ဝယ်ယူမှုနဲ့အတူဆာဗာဒေါင်းအထိဖြစ်ခဲ့ရတာဖြစ်ပါတယ်။

အေဂျက်စ်ရဲ့ ဘော့မာလေ Three Little Birds အင်္ကျီတွင် ရက်ဘေးအမှတ်တံဆိပ်ဖြစ်တဲ့ နီ၊ဝါ၊စိမ်းသုံးလိုင်းကိုပုခုံးနှင့်လက်မောင်းစတို့တွင်ထည့်သွင်းထားတဲ့အပြင်ကော်လံနောက်ဘက်တွင်နီ၊ဝါ၊စိမ်းငှက်ကလေးသုံးကောင်ထည့်သွင်းထားပါတယ်။

ZawGyi

ေအဂ်က္စ္အသင္းရဲ႕ေဘာ့မာေလ Three Little Birds ဝတ္စုံ အႀကီးအက်ယ္ေရာင္းခ်ေနရ

ေအဂ်က္စ္အသင္းရဲ႕ေဘာ့မာေလ တတိယဝတ္စုံကိုစတင္ေရာင္းခ်လာၿပီျဖစ္ပါတယ္။ေအဂ်က္စ္ရဲ႕ေဘာ့မာေလဝတ္စုံကိုစတင္ေရာင္းခ်ၿပီးေနာက္ တစ္ကမာၻလုံးမွပရိသတ္မ်ား ဝက္ဘ္ဆိုက္သို႔ဝင္ေရာက္ဝယ္ယူမွာၾကားသူ အလြန္မ်ားျပားမႈနဲ႔အတူ ဆာဗာေဒါင္းတဲ့အထိျဖစ္ခဲ့ရပါတယ္။

ဒတ္ခ်္ထိပ္သီးကလပ္ဟာတစ္ႏွစ္ၿပီးတစ္ႏွစ္ ပိုမိုေကာင္းမြန္တဲ့ဝတ္စုံမ်ားထုတ္လုပ္ေရာင္းခ်လာခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။

ယခုႏွစ္မွာလည္း၎တို႔ဟာ ေဘာ့မာေလရဲ႕ Three Little Birds ဝတ္စုံကိုဖန္တီးထားပါတယ္။ေအဂ်က္စ္က ေဘာ့မာေလ Three Little Birds ဝတ္စုံကိုဖန္တီးေရာင္းခ်မယ္လို႔ေၾကညာကတည္းကပရိသတ္စိတ္ဝင္စားမႈအႀကီးအက်ယ္ရရွိခဲ့တာပါ။

တကယ္တမ္းေအဂ်က္စ္ကယင္းThree Little Birds တတိယဝတ္စုံကို ေရာင္းခ်လာခ်ိန္တြင္လည္းထင္မွတ္ထားသကဲ့သို႔ပင္ ဝယ္လိုအားအလြန္ျမင့္မားခဲ့ပါတယ္။

ေအဂ်က္စ္ဟာဂႏၴဝင္ရက္ေဂးအဆိုေတာ္ေဘာ့မာေလရဲ႕Three Little Birds သီခ်င္းကိုဂုဏ္ျပဳၿပီး Three Little Birds ဝတ္စုံကိုဖန္တီးလိုက္တာပါ။

ေအဂ်က္စ္ကယင္းဝတ္စုံစတင္ေရာင္းခ်ေၾကာင္းေၾကညာၿပီးေနာက္တစ္ကမာၻလုံးမွေအဂ်က္စ္ပရိသတ္မ်ားတင္မကေဘာ့မာေလပရိသတ္မ်ားကပါအႀကီးအက်ယ္ဝယ္ယူမႈနဲ႔အတူဆာဗာေဒါင္းအထိျဖစ္ခဲ့ရတာျဖစ္ပါတယ္။

ေအဂ်က္စ္ရဲ႕ ေဘာ့မာေလ Three Little Birds အက်ႌတြင္ ရက္ေဘးအမွတ္တံဆိပ္ျဖစ္တဲ့ နီ၊ဝါ၊စိမ္းသုံးလိုင္းကိုပုခုံးႏွင့္လက္ေမာင္းစတို႔တြင္ထည့္သြင္းထားတဲ့အျပင္ေကာ္လံေနာက္ဘက္တြင္နီ၊ဝါ၊စိမ္းငွက္ကေလးသုံးေကာင္ထည့္သြင္းထားပါတယ္။