အေစီမီလန်ကို ယူရို ၁.၅ သန်းပြန်ပေးရန် အားကစားဒါရိုက်တာဟောင်းဘိုဘန်ရဲ့အမှုကို တရားရုံးဆုံးဖြတ်

ဘိုဘန်ဟာသူ့ကိုမှားယွင်းထုတ်ပယ်မှုအတွက်အေစီမီလန်ထံမှရရှိထားတဲ့နစ်နာကြေးယူရို၅.၃၇၅သန်းမှယူရို၁.၅သန်းအားကလပ်သို့ပြန်ပေးရန်တရားရုံးကဆုံးဖြတ်လိုက်ပါတယ်။

အားကစားဒါရိုက်တာဟောင်းဟာ၂၀၂၀ခုနှစ်၊မတ်လတုန်းကသူကိုအသိပေးခြင်းမရှိဘဲ နည်းပြစတီဖာနိုပီအိုလီကိုခန့်ထားရင်းတန်းလန်း နည်းပြရေးဖ်ရန်နစ်အားခန့်အပ်ရန်ကလပ်ကဆွေးနွေးနေမှုကိုလူသိရှင်ကြားအပြင်းအထန်ဝေဖန်မှုပြုလုပ်ပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

တရားရုံးက၂၀၂၀ခုနှစ်ဒီဇင်ဘာလတွင်အေစီမီလန်အနေဖြင့်အကြောင်းပြချက်မခိုင်လုံဘဲရာထူးမှထုတ်ပယ်မှုအတွက်ဘိုဘန်ကိုနစ်နာကြေးယူရို၅.၃၇၅ပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့်အေစီမီလန်အသင်းဟာမီလန်အယူခံတရားရုံးမှာအယူခံဝင်ခဲ့ရာအောင်မြင်မှုရရှိခဲ့ပါတယ်။တရားရုံးကဘိုဘန်အနေဖြင့်ကလပ်ဟောင်းမီလန်ကိုယူရို၁.၅သန်းပြန်ပေးရန်ဆုံးဖြတ်လိုက်ပါတယ်။ဘိုဘန်ဟာလက်ရှိအချိန်မှာယူအီးအက်ဖ်အေမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

ZawGyi

ေအစီမီလန္ကို ယူ႐ို ၁.၅ သန္းျပန္ေပးရန္ အားကစားဒါ႐ိုက္တာေဟာင္းဘိုဘန္ရဲ႕အမႈကို တရား႐ုံးဆုံးျဖတ္

ဘိုဘန္ဟာသူ႔ကိုမွားယြင္းထုတ္ပယ္မႈအတြက္ေအစီမီလန္ထံမွရရွိထားတဲ့နစ္နာေၾကးယူ႐ို၅.၃၇၅သန္းမွယူ႐ို၁.၅သန္းအားကလပ္သို႔ျပန္ေပးရန္တရား႐ုံးကဆုံးျဖတ္လိုက္ပါတယ္။

အားကစားဒါ႐ိုက္တာေဟာင္းဟာ၂၀၂၀ခုႏွစ္၊မတ္လတုန္းကသူကိုအသိေပးျခင္းမရွိဘဲ နည္းျပစတီဖာႏိုပီအိုလီကိုခန႔္ထားရင္းတန္းလန္း နည္းျပေရးဖ္ရန္နစ္အားခန႔္အပ္ရန္ကလပ္ကေဆြးေႏြးေနမႈကိုလူသိရွင္ၾကားအျပင္းအထန္ေဝဖန္မႈျပဳလုပ္ၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

တရား႐ုံးက၂၀၂၀ခုႏွစ္ဒီဇင္ဘာလတြင္ေအစီမီလန္အေနျဖင့္အေၾကာင္းျပခ်က္မခိုင္လုံဘဲရာထူးမွထုတ္ပယ္မႈအတြက္ဘိုဘန္ကိုနစ္နာေၾကးယူ႐ို၅.၃၇၅ေပးရန္ဆုံးျဖတ္ခဲ့ပါတယ္။

ဒါေပမယ့္ေအစီမီလန္အသင္းဟာမီလန္အယူခံတရား႐ုံးမွာအယူခံဝင္ခဲ့ရာေအာင္ျမင္မႈရရွိခဲ့ပါတယ္။တရား႐ုံးကဘိုဘန္အေနျဖင့္ကလပ္ေဟာင္းမီလန္ကိုယူ႐ို၁.၅သန္းျပန္ေပးရန္ဆုံးျဖတ္လိုက္ပါတယ္။ဘိုဘန္ဟာလက္ရွိအခ်ိန္မွာယူအီးအက္ဖ္ေအမွာတာဝန္ထမ္းေဆာင္လ်က္ရွိပါတယ္။