အေစီမီလန်စီအီးအိုဂါဇီဒစ် လည်ချောင်းကင်ဆာရောဂါဝေဒနာခံစားနေ

အေစီမီလန်အသင်းက၎င်းတို့ရဲ့စီအီးအိုအိုင်ဗန်ဂါဇီဒစ်မှာလည်ချောင်းကင်ဆာရောဂါဝေဒနာခံစားနေရကြောင်းအတည်ပြုကြေညာလာပါတယ်။

ဂါဇီဒစ်ဟာလည်ချောင်းကင်ဆာရောဂါဝေဒနာခံစားနေရတယ်ဆိုပေမယ့်လည်းယင်းရောဂါကိုသက်သာပျောက်ကင်းသွားအောင်ကုသနိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

အာဆင်နယ်ဒါရိုက်တာဟောင်းက “ကင်ဆာဖြစ်တယ်ဆိုတာမကောင်းပါဘူး။ဒါပေမယ့်ကျွန်တော့်ကင်ဆာကကုသလို့ပျောက်နိုင်တဲ့ကင်ဆာမျိုးဖြစ်ပါတယ်။ကျွန်တော့်မှာကမ္ဘာ့အဆင့်မှာဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရှိပါတယ်။ကလပ်မှာရောပတ်ဝန်းကျင်မှာပါကျွန်တော့်ကိုချစ်တဲ့သူတွေအများကြီးရှိပါတယ်။ဒီကင်ဆာရောဂါကနေကောင်းမွန်လာမယ်လို့အပြည့်အဝယုံကြည်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဂါဇီဒစ်ကိုဂျိုဟန်နက်စ်ဘတ်တွင်မွေးဖွားတာဖြစ်ပြီးအသက်၄နှစ်အရွယ်တွင်မန်ချက်စတာသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာ၁၉၈၆ခုနှစ်တွင်ဥပဒေဒီဂရီရယူပြီးအမေရိကန်သို့ပြောင်းရွှေ့ခဲ့ကာယင်းတွင် ဥပဒေရေးရာကုမ္ပဏီ Latham & Watkins မှာအလုပ်လုပ်ခဲ့ပါတယ်။

၁၉၉၄ခုနှစ်မှာသူဟာမေဂျာလိဂ်ရဲ့စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်နှင့်ဗျူဟာတို့ကိုဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Deputy Commissioner ဖြစ်လာခဲ့ပါတယ်။

၂၀၀၈ခုနှစ်မှာသူဟာအာဆင်နယ်စီအီးအိုဖြစ်လာပြီးဆယ်နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက်၂၀၁၈ခုနှစ်တွင်မီလန်သို့စီအီးအိုအဖြစ်ရောက်လာခဲ့ပါတယ်။

ZawGyi