အေစီမီလန်တွင် ကျောနံပါတ် ၉ ကို ဂျရူးဝတ်ဆင်သွားမည်

အိုလီဗီယာဂျရူးရဲ့အေစီမီလန်အပြောင်းအရွှေ့ကအပြီးသတ်လုပ်ဆောင်လိုက်နိုင်ပြီဖြစ်ပြီးပြင်သစ်တိုက်စစ်မှူးဟာကျောနံပါတ်၉ကိုဝတ်ဆင်ကစားသွားပါမယ်။

ပြင်သစ်တိုက်စစ်မှူးဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်သုံးနှစ်ကြာကစားခဲ့ပြီးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၃၄နှစ်ရှိဂျရူးက “ကျွန်တော့်ရည်မှန်းချက်ကတော့ဆုဖလားတစ်ချို့ရယူဖို့ဖြစ်ပါတယ်။ဒီအတွက်ဘဲဘောလုံးကစားနေတာဖြစ်ပါတယ်။ကျွန်တော်ကပြိုင်ဆိုင်တဲ့သူတစ်ဦးပါ။ဆက်ပြီးဆက်ပြီးအောင်မြင်မှုရယူချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

သူဟာအက်ဖ်အေဖလား၊ယူရိုပါလိဂ်ဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးအတွက်၁၁၉ပွဲကစားခဲ့ရာမှာ၃၉ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂီရောက်ဟာချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားရရှိပြီးနောက်တစ်နှစ်စာချုပ်သက်တမ်းတိုးခဲ့သော်လည်းစာချုပ်အတွင်းတွင်နိုင်ငံခြားကလပ်သို့ပေါင်၈၅၀၀၀၀ဖြင့်ပြောင်းနိုင်မယ့်အချက်ကိုထည့်သွင်းထားပါတယ်။ဒါကြောင့်လည်းမီလန်ကသူ့ကိုစာချုပ်ပါအချက်အတိုင်းပေးကာခေါ်ယူခဲ့တာပါ။

သူဟာအေစီမီလန်မှာတစ်ပတ်လုပ်ခပေါင်၅၀၀၀၀ဝန်းကျင်ရရှိမှာဖြစ်ပြီးတိုက်စစ်မှူးနေရာအတွက်ဇလာတန်အီဘရာဟီမိုဗစ်နှင့်ယှဉ်ပြိုင်သွားရပါမယ်။

သူဟာ၂၀၁၂ခုနှစ်တွင်မွန်ပယ်လီယာမှအာဆင်နယ်သို့ပြောင်းပြီးနောက်အာဆင်နယ်အတွက်၂၅၃ပွဲကစားခဲ့ရာမှာ၁၀၅ဂိုးသွင်းယူပေးခဲ့ပြီး၄၁ကြိမ်ဖန်တီးခဲ့ပါတယ်။

သူဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီလတွင်အာဆင်နယ်မှချဲလ်ဆီးသို့ပြောင်းခဲ့ပြီးယင်းတွင်ကစားတဲ့ကာလတိုအတွင်းမှာနည်းပြလေးဦးနှင့်လက်တွဲခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

ေအစီမီလန္တြင္ ေက်ာနံပါတ္ ၉ ကို ဂ်႐ူးဝတ္ဆင္သြားမည္

အိုလီဗီယာဂ်႐ူးရဲ႕ေအစီမီလန္အေျပာင္းအေ႐ႊ႕ကအၿပီးသတ္လုပ္ေဆာင္လိုက္ႏိုင္ၿပီျဖစ္ၿပီးျပင္သစ္တိုက္စစ္မႉးဟာေက်ာနံပါတ္၉ကိုဝတ္ဆင္ကစားသြားပါမယ္။

ျပင္သစ္တိုက္စစ္မႉးဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္သုံးႏွစ္ၾကာကစားခဲ့ၿပီးၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိဂ်႐ူးက “ကြၽန္ေတာ့္ရည္မွန္းခ်က္ကေတာ့ဆုဖလားတစ္ခ်ိဳ႕ရယူဖို႔ျဖစ္ပါတယ္။ဒီအတြက္ဘဲေဘာလုံးကစားေနတာျဖစ္ပါတယ္။ကြၽန္ေတာ္ကၿပိဳင္ဆိုင္တဲ့သူတစ္ဦးပါ။ဆက္ၿပီးဆက္ၿပီးေအာင္ျမင္မႈရယူခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

သူဟာအက္ဖ္ေအဖလား၊ယူ႐ိုပါလိဂ္ဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးခဲ့ဖူးသူျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးအတြက္၁၁၉ပြဲကစားခဲ့ရာမွာ၃၉ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဂီေရာက္ဟာခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလားရရွိၿပီးေနာက္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့ေသာ္လည္းစာခ်ဳပ္အတြင္းတြင္ႏိုင္ငံျခားကလပ္သို႔ေပါင္၈၅၀၀၀၀ျဖင့္ေျပာင္းႏိုင္မယ့္အခ်က္ကိုထည့္သြင္းထားပါတယ္။ဒါေၾကာင့္လည္းမီလန္ကသူ႔ကိုစာခ်ဳပ္ပါအခ်က္အတိုင္းေပးကာေခၚယူခဲ့တာပါ။

သူဟာေအစီမီလန္မွာတစ္ပတ္လုပ္ခေပါင္၅၀၀၀၀ဝန္းက်င္ရရွိမွာျဖစ္ၿပီးတိုက္စစ္မႉးေနရာအတြက္ဇလာတန္အီဘရာဟီမိုဗစ္ႏွင့္ယွဥ္ၿပိဳင္သြားရပါမယ္။

သူဟာ၂၀၁၂ခုႏွစ္တြင္မြန္ပယ္လီယာမွအာဆင္နယ္သို႔ေျပာင္းၿပီးေနာက္အာဆင္နယ္အတြက္၂၅၃ပြဲကစားခဲ့ရာမွာ၁၀၅ဂိုးသြင္းယူေပးခဲ့ၿပီး၄၁ႀကိမ္ဖန္တီးခဲ့ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတြင္အာဆင္နယ္မွခ်ဲလ္ဆီးသို႔ေျပာင္းခဲ့ၿပီးယင္းတြင္ကစားတဲ့ကာလတိုအတြင္းမွာနည္းျပေလးဦးႏွင့္လက္တြဲခဲ့ရသူလည္းျဖစ္ပါတယ္။