အေစီမီလန်နှင့်ပွဲစဉ်ကို မန်ယူတိုက်စစ်မှူးကာဗာနီလွဲချော်မည်

မန်ယူတိုက်စစ်မှူးအက်ဒီဆင်ကာဗာနီဟာယနေ့ညတွင်ဆန်စီရိုကွင်းတွင်အေစီမီလန်ကိုအဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ကစားရမယ့်ယူရိုပါလိဂ်၁၆သင်းရှုံထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်ကိုလွဲချော်တော့မှာ ဖြစ်ကြောင်းသိရပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာအေစီမီလန်နှင့်ပွဲစဉ်အတွက်မန်ယူအသင်းလူစာရင်းတွင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာပြန်လည်ရရှိကာအေစီမီလန်နှင့်ပွဲစဉ်ကိုလွဲချော်ဦးမှာဖြစ်ပါတယ်။

အက်ဒီဆင်ကာဗာနီဟာမတ်လ၃ရက်နေ့တုန်းကခရစ္စတယ်ပဲလေ့စ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့်မန်ယူနောက်ဆုံးပွဲသုံးပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်မှုကြောင့်မန်ယူနည်းပြဆိုးလ်ရှားကအေစီမီလန်နှင့်ပွဲတွင် ပါဝင်လာမယ်လို့ပြောကြားခဲ့ဖူးပါတယ်။ဒါပေမယ့်သူဟာဒဏ်ရာပြန်လည်ရရှိမှုကြောင့်ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

ZawGyi

ေအစီမီလန္ႏွင့္ပြဲစဥ္ကို မန္ယူတိုက္စစ္မႉးကာဗာနီလြဲေခ်ာ္မည္

မန္ယူတိုက္စစ္မႉးအက္ဒီဆင္ကာဗာနီဟာယေန႔ညတြင္ဆန္စီ႐ိုကြင္းတြင္ေအစီမီလန္ကိုအေဝးကြင္းသို႔ သြားေရာက္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါလိဂ္၁၆သင္းရႈံထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာ ျဖစ္ေၾကာင္းသိရပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာေအစီမီလန္ႏွင့္ပြဲစဥ္အတြက္မန္ယူအသင္းလူစာရင္းတြင္ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာျပန္လည္ရရွိကာေအစီမီလန္ႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။

အက္ဒီဆင္ကာဗာနီဟာမတ္လ၃ရက္ေန႔တုန္းကခရစၥတယ္ပဲေလ့စ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္မန္ယူေနာက္ဆုံးပြဲသုံးပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္မႈေၾကာင့္မန္ယူနည္းျပဆိုးလ္ရွားကေအစီမီလန္ႏွင့္ပြဲတြင္ ပါဝင္လာမယ္လို႔ေျပာၾကားခဲ့ဖူးပါတယ္။ဒါေပမယ့္သူဟာဒဏ္ရာျပန္လည္ရရွိမႈေၾကာင့္ပါဝင္လာေတာ့မွာ မဟုတ္ပါဘူး။