အေစီမီလန်သို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရန် ဂျရူးသဘောတူညီမှုရရှိ

ချဲလ်ဆီးတိုက်စစ်မှူးအိုလီဗီယာဂျရူးဟာအီတလီထိပ်သီးကလပ်အေစီမီလန်သို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိခဲ့ကြောင်း အီတလီမီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။

ဂီရူးဟာပြီးခဲ့တဲ့အပတ်တုန်းကပြင်သစ်အသင်း ယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အပန်းဖြေလျက်ရှိပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချဲလ်ဆီးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၁ပွဲကစားကာ၁၁ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာဆက်တိုက်ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်းချဲလ်ဆီးတွင်နေရာရရှိရေးအာမခံချက်မရှိမှုနဲ့အတူစတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာရန်နီးစပ်လာခဲ့သူဖြစ်ပါတယ်။အထူးသဖြင့်သူဟာပြီးခဲ့တဲ့နှစ်နွေတုန်းကအင်တာသို့ရောက်လုနီးပါးဖြစ်ခဲ့ပါတယ်။

သူဟာချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ပြီးနောက်တစ်နှစ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာစာချုပ်အတွင်းမှာနိုင်ငံခြားကလပ်တစ်ခုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်တဲ့အချက်ပါဝင်ပါတယ်။

ယခုအခါသူဟာအေစီမီလန်သို့တစ်နှစ်လုပ်ခယူရို၃.၅သန်းတန်၂နှစ်စာချုပ်ဖြင့်ပြောင်းရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့အေစီမီလန်စာချုပ်တွင်အောင်မြင်မှု၊ခြေစွမ်းတို့အပေါ်မူတည်ကာအပိုဆုကြေးရရှိမယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

တစ်ဖက်တွင်ချဲလ်ဆီးဟာဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကိုပေါင်သန်း၁၅၀ဖြင့်ခေါ်ယူရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။

ZawGyi

ေအစီမီလန္သို႔ ၂ ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းရန္ ဂ်႐ူးသေဘာတူညီမႈရရွိ

ခ်ဲလ္ဆီးတိုက္စစ္မႉးအိုလီဗီယာဂ်႐ူးဟာအီတလီထိပ္သီးကလပ္ေအစီမီလန္သို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိခဲ့ေၾကာင္း အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဂီ႐ူးဟာၿပီးခဲ့တဲ့အပတ္တုန္းကျပင္သစ္အသင္း ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ အပန္းေျဖလ်က္ရွိပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၁ပြဲကစားကာ၁၁ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာဆက္တိုက္ေျခစြမ္းျပကစားႏိုင္ခဲ့ေသာ္လည္းခ်ဲလ္ဆီးတြင္ေနရာရရွိေရးအာမခံခ်က္မရွိမႈနဲ႔အတူစတမ္းဖို႔ဒ္ဘရစ္ခ်္မွထြက္ခြာရန္နီးစပ္လာခဲ့သူျဖစ္ပါတယ္။အထူးသျဖင့္သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကအင္တာသို႔ေရာက္လုနီးပါးျဖစ္ခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ၿပီးေနာက္တစ္ႏွစ္သစ္ခ်ဳပ္ဆိုခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာစာခ်ဳပ္အတြင္းမွာႏိုင္ငံျခားကလပ္တစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္ပါတယ္။

ယခုအခါသူဟာေအစီမီလန္သို႔တစ္ႏွစ္လုပ္ခယူ႐ို၃.၅သန္းတန္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။သူ႔ရဲ႕ေအစီမီလန္စာခ်ဳပ္တြင္ေအာင္ျမင္မႈ၊ေျခစြမ္းတို႔အေပၚမူတည္ကာအပိုဆုေၾကးရရွိမယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

တစ္ဖက္တြင္ခ်ဲလ္ဆီးဟာေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းကိုေပါင္သန္း၁၅၀ျဖင့္ေခၚယူရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။