အေစီမီလန်အား ဝယ်ယူရန် မော်ဒိုဗာစီးပွားရေးလုပ်ငန်းရှင် ဂျူကော့ဗ် ဆွေးနွေးနေ

World Lab Technologies ကိုတည်ထောင်သူအလက်ဇန္ဒားဂျူကော့ဗ်ကအေစီမီလန်အသင်းရဲ့အဓိကရှယ်ယာ များကိုဝယ်ယူဖို့စိတ်ဝင်စားကြောင်းကြေညာလာပါတယ်။

လက်ရှိအချိန်တွင်အေစီမီလန်ကို Elliott Management က ပိုင်ဆိုင်ပါတယ်။ Ellitott Management ဟာ တရုတ်ပိုင်ရှင်ဟောင်း Yonghong Li ကချေးယူထားတဲ့ငွေများကိုပြန်ပေးနိုင်မှုမရှိမှုနဲ့အတူ အေစီမီလန်ကိုထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

၎င်းတို့မတိုင်မီအေစီမီလန်ကိုအီတလီဝန်ကြီးချုပ်ဟောင်းဘာလူစကိုနီကဦးဆောင်ခဲ့ပြီးသူ့လက်အောက်တွင်ရှိတဲ့ နှစ်ပေါင်း၃၀ကျော်ကာလအတွင်းတွင်ဆုဖလားအားလုံးကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဂျူကော့ဗ်ဟာအေစီမီလန်အားဝယ်ယူရေးအတွက် ကြားဝင်ညှိနှိုင်းမှုပြုလုပ်ရန် Marriotts Legal Service ကိုငှားရမ်းထားပါတယ်။

ဂျူကော့ဗ်ဟာမော်ဒိုဗာဖွားတစ်ဦးဖြစ်ပြီးပြီးခဲ့တဲ့နှစ်တုန်းက TikTok ကိုဝယ်ယူရေးကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi





