
ရီးရဲလ်မက်ဒရစ်ဟာအေဒင်ဟာဇက်အပေါ်စိတ်ရှည်ခြင်းမရှိတော့ဘဲလက်လျှော့လိုက်ပြီဖြစ်ပြီးကလပ်သစ်ရှာဖွေရန်ပြောကြားလာပြီဖြစ်ကြောင်းသိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ၂၀၁၉ခုနှစ်တုန်းကအေဒင်ဟာဇက်ကိုချဲလ်ဆီးမှယူရိုသန်း၁၀၀ဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီးရီးရဲလ်မက်ဒရစ်ကစားသမားဘဝအတွင်းတွင်ဒဏ်ရာပြဿနာများသာနပန်းလုံးနေခဲ့ရပါတယ်။
သူဟာယခင်နည်းပြဇီဒန်းလက်အောက်တွင်လည်းအကောင်းဆုံးပုံစံမရခဲ့သလို လက်ရှိနည်းပြကာလိုအန်ဆယ်လော့တီလက်အောက်တွင်လည်းပုံမှန်ပွဲထွက်ကစားခွင့်မရဖြစ်နေပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့ကာလအတွင်းတွင်၇၂ပွဲတည်းသာကစားထားနိုင်သလို၇ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။ယခုအခါကာလိုအန်ဆယ်လော့တီဟာတောင်ပံကစားသမားအပေါ်စိတ်မရှည်တော့ဘဲလက်လျှော့လိုက်ပြီဖြစ်ပါတယ်။
Marca ရဲ့ဖော်ပြလာမှုအရရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများက အေဒင်ဟာဇက်အနေဖြင့်လာမယ့်အပြောင်းအရွှေ့ဈေးကွက်များတွင်အသင်းသစ်ရှာဖွေမှုကအားလုံးအတွက်အကောင်းဆုံးဖြစ်လာမယ်လို့ပြောကြားလာပါတယ်။
မကြာမီကာလအတွင်းတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပလာမှာဖြစ်ပြီးအေဒင်ဟာဇက်အနေဖြင့်အကောင်းဆုံးခြေစွမ်းပြသနိုင်လျှင်သူ့ကိုခေါ်ယူလိုတဲ့ကလပ်သစ်ပေါ်ပေါက်လာဖို့သေချာနေပါတယ်။
တကယ်လို့များရီးရဲလ်မက်ဒရစ်အနေဖြင့်အေဒင်ဟာဇက်ကိုရောင်းချနိုင်ပါကအသုံးစရိတ်များစွာလျှော့ကျလာဦးမှာဖြစ်ပါတယ်။အေဒင်ဟာဇက်ရဲ့လက်ရှိရီးရဲလ်မက်ဒရစ်နှင့်စာချုပ်က၂၀၂၄ခုနှစ်တွင်မှကုန်ဆုံးပါမယ်။
ZawGyi
ေအဒင္ဟာဇက္အေပၚ လက္ေလွ်ာ့လိုက္ၿပီျဖစ္ၿပီး ကလပ္သစ္ရွာေဖြရန္ ရီးရဲလ္မက္ဒရစ္ေျပာၾကားလာ
ရီးရဲလ္မက္ဒရစ္ဟာေအဒင္ဟာဇက္အေပၚစိတ္ရွည္ျခင္းမရွိေတာ့ဘဲလက္ေလွ်ာ့လိုက္ၿပီျဖစ္ၿပီးကလပ္သစ္ရွာေဖြရန္ေျပာၾကားလာၿပီျဖစ္ေၾကာင္းသိရပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ၂၀၁၉ခုႏွစ္တုန္းကေအဒင္ဟာဇက္ကိုခ်ဲလ္ဆီးမွယူ႐ိုသန္း၁၀၀ျဖင့္ေခၚယူခဲ့တာျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ကစားသမားဘဝအတြင္းတြင္ဒဏ္ရာျပႆနာမ်ားသာနပန္းလုံးေနခဲ့ရပါတယ္။
သူဟာယခင္နည္းျပဇီဒန္းလက္ေအာက္တြင္လည္းအေကာင္းဆုံးပုံစံမရခဲ့သလို လက္ရွိနည္းျပကာလိုအန္ဆယ္ေလာ့တီလက္ေအာက္တြင္လည္းပုံမွန္ပြဲထြက္ကစားခြင့္မရျဖစ္ေနပါတယ္။
သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့ကာလအတြင္းတြင္၇၂ပြဲတည္းသာကစားထားႏိုင္သလို၇ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။ယခုအခါကာလိုအန္ဆယ္ေလာ့တီဟာေတာင္ပံကစားသမားအေပၚစိတ္မရွည္ေတာ့ဘဲလက္ေလွ်ာ့လိုက္ၿပီျဖစ္ပါတယ္။
Marca ရဲ႕ေဖာ္ျပလာမႈအရရီးရဲလ္မက္ဒရစ္တာဝန္ရွိသူမ်ားက ေအဒင္ဟာဇက္အေနျဖင့္လာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္အသင္းသစ္ရွာေဖြမႈကအားလုံးအတြက္အေကာင္းဆုံးျဖစ္လာမယ္လို႔ေျပာၾကားလာပါတယ္။
မၾကာမီကာလအတြင္းတြင္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပလာမွာျဖစ္ၿပီးေအဒင္ဟာဇက္အေနျဖင့္အေကာင္းဆုံးေျခစြမ္းျပသႏိုင္လွ်င္သူ႔ကိုေခၚယူလိုတဲ့ကလပ္သစ္ေပၚေပါက္လာဖို႔ေသခ်ာေနပါတယ္။
တကယ္လို႔မ်ားရီးရဲလ္မက္ဒရစ္အေနျဖင့္ေအဒင္ဟာဇက္ကိုေရာင္းခ်ႏိုင္ပါကအသုံးစရိတ္မ်ားစြာေလွ်ာ့က်လာဦးမွာျဖစ္ပါတယ္။ေအဒင္ဟာဇက္ရဲ႕လက္ရွိရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္က၂၀၂၄ခုႏွစ္တြင္မွကုန္ဆုံးပါမယ္။