အေဘရာမိုဗစ် ဆန်ရှင်အလုပ်ခံရလို့ ကလပ်အနာဂတ်မရေမရာဖြစ်ပြီးနောက် ကလပ်လိုဂိုနမ်းပြီး အောင်ပွဲခံခဲ့တဲ့ မေဆင်မောင့်

မေဆင်မောင့်ဟာမနေ့ညတုန်းကနော့ဝှစ်ချ်နှင့်ပွဲစဉ်တွင်ဂိုးသွင်းပြီးနောက် ချဲလ်ဆီးလိုဂိုအားနမ်းကာအောင်ပွဲခံခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာရုရှားသမ္မတဗလာဒီမာပူတင်နှင့်ဆက်နွယ်နေမှုကြောင့်ဗြိတိန်အစိုးရရဲ့ဆန်ရှင်အလုပ်ခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာအသင်းပိုင်ရှင်အေဘရာမိုဗစ်ဆန်ရှင်အလုပ်ခံရပြီး နာရီအနည်းငယ်အကြာတွင်နော့ဝှစ်ချ်နှင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။

ချဲလ်ဆီးဟာပွဲအစ၃မိနစ်မှာဘဲချာလိုဘာရဲ့ခေါင်းတိုက်ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၁၄မိနစ်မှာမေဆင်မောင့်ကဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်စတားဟာဂိုးသွင်းယူနိုင်ပြီးနောက်ကလပ်လိုဂိုးကိုနမ်းပြီးအောင်ပွဲခံခဲ့ပါတယ်။

ယင်းပွဲတွင်ချဲလ်ဆီးပရိသတ်များဟာရိုမန်အေဘရာမိုဗစ်ရဲ့အမည်ကိုသံပြိုင်အော်ဟစ်မှုပြုလုပ်ခဲ့ကြပါတယ်။ဒါ့အပြင်၎င်းတို့ဟာ ချဲလ်ဆီး ချဲလ်ဆီးလို့လည်းအော်ဟစ်ခဲ့ကြပါတယ်။

ချဲလ်ဆီးဟာအသင်းပိုင်ရှင်ဆန်ရှင်အလုပ်ခံရမှုနဲ့အတူ အိမ်ကွင်းလက်မှတ်ရောင်းချခြင်း၊အမှတ်တရပစ္စည်းရောင်းချခြင်း၊ကစားသမားအပြောင်းအရွှေ့ပြုလုပ်ခြင်း၊ကစားသမားစာချုပ်ချုပ်ဆိုခြင်းတို့အပြင်ငွေဝင်/ငွေထွက်ပြုလုပ်နိုင်ခြင်းမရှိတော့ပါဘူး။၎င်းတို့ဟာပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့ထံမှဆုကြေးငွေလည်းမရယူနိုင်တော့ပါဘူး။

ချဲလ်ဆီးရဲ့ကလပ်ရဲ့အဓိကစပွန်ဆာသုံးခုနှင့်စာချုပ်ရပ်ဆိုင်းခြင်းခံထားရသလို Nike ကလည်းအင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုမှု ရပ်ဆိုင်းရန်စဉ်းစားနေပါတယ်။

မနေ့ညတုန်းပွဲတွင်ချဲလ်ဆီးဟာနော့ဝှစ်ချ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ချဲလ်ဆီးအတွက်ဂိုးများကိုချာလိုဘာ၊မောင့်နှင့်ဟာဗတ်ဇ်တို့ကသွင်းယူခဲ့ကြပြီး နော့ဝှစ်ချ်အတွက်ချေပဂိုးကိုပူကီကပင်နယ်တီကနေသွင်းယူခဲ့ပါတယ်။

Zawgyi

ေအဘရာမိုဗစ္ ဆန္ရွင္အလုပ္ခံရလို႔ ကလပ္အနာဂတ္မေရမရာျဖစ္ၿပီးေနာက္ ကလပ္လိုဂိုနမ္းၿပီး ေအာင္ပြဲခံခဲ့တဲ့ ေမဆင္ေမာင့္

ေမဆင္ေမာင့္ဟာမေန႔ညတုန္းကေနာ့ဝွစ္ခ်္ႏွင့္ပြဲစဥ္တြင္ဂိုးသြင္းၿပီးေနာက္ ခ်ဲလ္ဆီးလိုဂိုအားနမ္းကာေအာင္ပြဲခံခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာ႐ုရွားသမၼတဗလာဒီမာပူတင္ႏွင့္ဆက္ႏြယ္ေနမႈေၾကာင့္ၿဗိတိန္အစိုးရရဲ႕ဆန္ရွင္အလုပ္ခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာအသင္းပိုင္ရွင္ေအဘရာမိုဗစ္ဆန္ရွင္အလုပ္ခံရၿပီး နာရီအနည္းငယ္အၾကာတြင္ေနာ့ဝွစ္ခ်္ႏွင့္ရင္ဆိုင္ကစားခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာပြဲအစ၃မိနစ္မွာဘဲခ်ာလိုဘာရဲ႕ေခါင္းတိုက္ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၁၄မိနစ္မွာေမဆင္ေမာင့္ကဒုတိယဂိုးသြင္းယူခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္စတားဟာဂိုးသြင္းယူႏိုင္ၿပီးေနာက္ကလပ္လိုဂိုးကိုနမ္းၿပီးေအာင္ပြဲခံခဲ့ပါတယ္။

ယင္းပြဲတြင္ခ်ဲလ္ဆီးပရိသတ္မ်ားဟာ႐ိုမန္ေအဘရာမိုဗစ္ရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္မႈျပဳလုပ္ခဲ့ၾကပါတယ္။ဒါ့အျပင္၎တို႔ဟာ ခ်ဲလ္ဆီး ခ်ဲလ္ဆီးလို႔လည္းေအာ္ဟစ္ခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးဟာအသင္းပိုင္ရွင္ဆန္ရွင္အလုပ္ခံရမႈနဲ႔အတူ အိမ္ကြင္းလက္မွတ္ေရာင္းခ်ျခင္း၊အမွတ္တရပစၥည္းေရာင္းခ်ျခင္း၊ကစားသမားအေျပာင္းအေ႐ႊ႕ျပဳလုပ္ျခင္း၊ကစားသမားစာခ်ဳပ္ခ်ဳပ္ဆိုျခင္းတို႔အျပင္ေငြဝင္/ေငြထြက္ျပဳလုပ္ႏိုင္ျခင္းမရွိေတာ့ပါဘူး။၎တို႔ဟာပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔ထံမွဆုေၾကးေငြလည္းမရယူႏိုင္ေတာ့ပါဘူး။

ခ်ဲလ္ဆီးရဲ႕ကလပ္ရဲ႕အဓိကစပြန္ဆာသုံးခုႏွင့္စာခ်ဳပ္ရပ္ဆိုင္းျခင္းခံထားရသလို Nike ကလည္းအက်ႌစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုမႈ ရပ္ဆိုင္းရန္စဥ္းစားေနပါတယ္။

မေန႔ညတုန္းပြဲတြင္ခ်ဲလ္ဆီးဟာေနာ့ဝွစ္ခ်္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ခ်ဲလ္ဆီးအတြက္ဂိုးမ်ားကိုခ်ာလိုဘာ၊ေမာင့္ႏွင့္ဟာဗတ္ဇ္တို႔ကသြင္းယူခဲ့ၾကၿပီး ေနာ့ဝွစ္ခ်္အတြက္ေခ်ပဂိုးကိုပူကီကပင္နယ္တီကေနသြင္းယူခဲ့ပါတယ္။