အေဘရာဟမ်ကို အပြီးသတ်ခေါ်ယူမယ့်အချက်ပါတစ်နှစ်အငှားဖြင့် ခေါ်ယူနိုင်တော့မယ့် အာဆင်နယ်

အာဆင်နယ်ဟာလန်ဒန်အခြေစိုက်ကလပ်များဖြစ်ကြတဲ့ဝက်စ်ဟမ်းနှင့်စပါးစ်တို့ကိုကျော်ဖြတ်ကာချဲလ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ကိုပေါင်သန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ပါ အငှားစာချုပ်ဖြင့်ခေါ်ယူနိုင်ရန်အခြေအနေကောင်းနေကြောင်းသိရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အေဘရာဟမ်ကိုရောင်းချလိုနေပြီးပြောင်းရွှေ့ကြေးပေါင်သန်း၄၀အထိရရှိလိုနေပါတယ်။ဒါပေမယ့်ချဲလ်ဆီးကဘက်ကပေါင်သန်း၄၀အထိတောင်းဆိုမှုကြောင့်ဝယ်ယူမယ့်ကလပ်မရှိပါဘူး။

ဒါကြောင့်လည်းချဲလ်ဆီးဟာအေဘရာဟမ်ကိုပေါင်သန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ဖြင့်အငှားချရန်ဆုံးဖြတ်ခဲ့ပါတယ်။ယင်းသို့အငှားချလိုက်မှုကြောင့်ချဲလ်ဆီးအနေဖြင့်အေဘရာဟမ်ရဲ့တစ်ပတ်လုပ်ခပေါင်၈၀၀၀၀ သုံးနေရမှုလည်းသက်သာလာပါမယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာယခုနွေရာသီတွင်ဂိုးသွင်းနှုန်းကောင်းတဲ့တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပြီးဟာလန်းကိုခေါ်ယူလိုနေပါတယ်။ဒါပေမယ့်ဟာလန်းမှာဒေါ့မွန်တွင်ဆက်ရှိနေရန်၉၉ရာခိုင်နှုန်းနီးပါးသေချာနေရာချဲလ်ဆီးအနေဖြင့်တစ်နှစ်ထပ်မံစောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာဝါရင့်တိုက်စစ်မှူးဂျရူးကိုအေစီမီလန်သို့ထွက်ခွာခွင့်ပေးထားပြီးဖြစ်ရာလူငယ်တိုက်စစ်မှူးအာမန်ဒိုဘရိုဂျာကိုပထမအသင်းသို့ဆင့်ခေါ်ဖို့ရှိပါတယ်။

ဘရိုဂျာဟာမကြာသေးမီတုန်းကချဲလ်ဆီးနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။အသက်၁၉နှစ်ရှိအယ်ဘေးနီးယားစတားဟာပြီးခဲ့တဲ့ရာသီတုန်းကဗီတက်စ်ဆီတွင်အငှားဖြင့်သွားကစားခဲ့တဲ့သူဖြစ်ပါတယ်။

ZawGyi

အေဘရာဟမ်ကို အပြီးသတ်ခေါ်ယူမယ့်အချက်ပါတစ်နှစ်အငှားဖြင့် ခေါ်ယူနိုင်တော့မယ့် အာဆင်နယ်





