အေဘရာဟီမိုဗစ်ချ်ထက် ငါးဆပိုချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင်

Mumbai Indians အသင်းပိုင်ရှင်မူကတ်ရှ်အမ်ဘာနီဟာအားကစားလောကရဲ့အချမ်းသာဆုံးကလပ်အသင်းပိုင်ရှင်အဖြစ်ရပ်တည်လာပါတယ်။မူကတ်ရှ်အမ်ဘာနီဟာချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ထက်ငါးဆပိုမိုချမ်းသာသူလည်းဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရအိန္ဒိယဘီလျှံနာဟာပြီးခဲ့တဲ့နှစ်တုန်းကချမ်းသာကြွယ်ဝမှု၁၃၀ရာခိုင်နှုန်းအထိမြင့်တက်လာပြီးကြွယ်ဝချမ်းသာမှုပေါင်၆၂ဘီလီယံအထိရှိလာကာကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင်အဆင့်၁၁နေရာချိတ်လာပါတယ်။

ဒါကြောင့်လည်းသူဟာချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာဟီမိုဗစ်ချ်၊အာဆင်နယ်ပိုင်ရှင်စတန်ခရွန်ယန်ကီ၊ Clveveland Cavaliers ပိုင်ရှင်ဒါနီရယ်ဂီလ်ဘတ်တို့ကိုကျော်ကာဘောလုံးလောကရဲ့အချမ်းသာဆုံးကလပ်အသင်းပိုင်ရှင်ဖြစ်လာပါတယ်။

Mumbai Indians ဟာကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ပိုင်ဆိုင်တဲ့ခရစ်ကတ်အသင်းပီပီ ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာအိန္ဒိယပရီးမီးယားလိဂ်ဖလားသုံးကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

အမ်ဘာနီဟာအိန္ဒိယရဲ့အကြီးမားဆုံးကုမ္ပဏီများထဲတစ်ခုဖြစ်တဲ့ Reliance Industries Limited ကိုပိုင်ဆိုင်သူဖြစ်ပြီး အန်တီလာရှိ သီးသန့်စံအိမ်ကြီးတွင်နေထိုင်နေပါတယ်။ယင်းနေအိမ်တွင်ဟယ်လီကော်တာကွင်းသုံးကွင်း၊လူ၅၀ဆန့်ရုပ်ရှင်ရုံ၊ရေကူးကန်အပြင်ဘုရားရှိခိုးကျောင်းတစ်ကျောင်းလည်းရှိပါတယ်။

ZawGyi

ေအဘရာဟီမိုဗစ္ခ်္ထက္ ငါးဆပိုခ်မ္းသာတဲ့ ကမာၻ႔အခ်မ္းသာဆုံး ကလပ္အသင္းပိုင္ရွင္

Mumbai Indians အသင္းပိုင္ရွင္မူကတ္ရွ္အမ္ဘာနီဟာအားကစားေလာကရဲ႕အခ်မ္းသာဆုံးကလပ္အသင္းပိုင္ရွင္အျဖစ္ရပ္တည္လာပါတယ္။မူကတ္ရွ္အမ္ဘာနီဟာခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ခ်္ထက္ငါးဆပိုမိုခ်မ္းသာသူလည္းျဖစ္ပါတယ္။

႐ိုက္တာသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရအိႏၵိယဘီလွ်ံနာဟာၿပီးခဲ့တဲ့ႏွစ္တုန္းကခ်မ္းသာႂကြယ္ဝမႈ၁၃၀ရာခိုင္ႏႈန္းအထိျမင့္တက္လာၿပီးႂကြယ္ဝခ်မ္းသာမႈေပါင္၆၂ဘီလီယံအထိရွိလာကာကမာၻ႔အခ်မ္းသာဆုံးစာရင္းတြင္အဆင့္၁၁ေနရာခ်ိတ္လာပါတယ္။

ဒါေၾကာင့္လည္းသူဟာခ်ဲလ္ဆီးအသင္းပိုင္ရွင္ေအဘရာဟီမိုဗစ္ခ်္၊အာဆင္နယ္ပိုင္ရွင္စတန္ခ႐ြန္ယန္ကီ၊ Clveveland Cavaliers ပိုင္ရွင္ဒါနီရယ္ဂီလ္ဘတ္တို႔ကိုေက်ာ္ကာေဘာလုံးေလာကရဲ႕အခ်မ္းသာဆုံးကလပ္အသင္းပိုင္ရွင္ျဖစ္လာပါတယ္။

Mumbai Indians ဟာကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းဝင္ပိုင္ဆိုင္တဲ့ခရစ္ကတ္အသင္းပီပီ ၿပီးခဲ့တဲ့ေလးႏွစ္အတြင္းမွာအိႏၵိယပရီးမီးယားလိဂ္ဖလားသုံးႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။

အမ္ဘာနီဟာအိႏၵိယရဲ႕အႀကီးမားဆုံးကုမၸဏီမ်ားထဲတစ္ခုျဖစ္တဲ့ Reliance Industries Limited ကိုပိုင္ဆိုင္သူျဖစ္ၿပီး အန္တီလာရွိ သီးသန႔္စံအိမ္ႀကီးတြင္ေနထိုင္ေနပါတယ္။ယင္းေနအိမ္တြင္ဟယ္လီေကာ္တာကြင္းသုံးကြင္း၊လူ၅၀ဆန႔္႐ုပ္ရွင္႐ုံ၊ေရကူးကန္အျပင္ဘုရားရွိခိုးေက်ာင္းတစ္ေက်ာင္းလည္းရွိပါတယ္။