အေဘရာဟီမိုဗစ်ချ်ရဲ့ဆုံးဖြတ်ချက်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်သို့ တကျော့ပြန်ရောက်လာဖို့ရှိနေတဲ့ အေဒင်ဟာဇက်

ယခုထွက်ပေါ်လာတဲ့သတင်းသာအမှန်ဆိုရင်တော့စပိန်မှာနှစ်နှစ်ကျော်မျှသာကစားရသေးတဲ့အေဒင်ဟာဇက်ဟာအသင်းဟောင်းချဲလ်ဆီးသို့တကျော့ပြန်ရောက်လာဖို့ရှိနေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်စတားဟာ၂၀၁၉ခုနှစ်တုန်းကပေါင်၁၀၃သန်းဖြင့်ရောက်လာပြီးကတည်းကဒဏ်ရာပြဿနာများနှင့်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်အသင်းဟောင်းချဲလ်ဆီးဟာလာလီဂါတွင်အိပ်မက်ဆိုးများမက်နေတဲ့အေဒင်ဟာဇက်ကိုစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ်ယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

El National ကချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အေဒင်ဟာဇက်ကိုပြန်လည်ခေါ်ယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အေဒင်ဟာဇက်ဟာဇီဒန်းလက်ထက်တုန်းကကြံ့ခိုင်မှုပြည့်ဝနေချိန်တွင်ပုံမှန်ကစားခွင့်ရရှိလာခဲ့ပေမယ့်နည်းပြသစ်အန်ဆယ်လော့တီလက်အောက်တွင်မူနေရာရရှိရန်ရုန်းကန်နေရပါတယ်။အထူးသဖြင့်ရိုဒရီဂိုနှင့်ဗင်နီစီယပ်စ်တို့ခြေစွမ်းပိုင်းတိုးတက်လာမှုနဲ့အတူ ဟာဇက်အနေဖြင့်နေရာရရှိရန်ပိုမိုရုန်းကန်လာရဖို့ရှိပါတယ်။

တစ်ဖက်တွင် ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နှစ်နွေရာသီတွင်ပီအက်စ်ဂျီစူပါစတားကိုင်လီယန်ဘက်ပေးကိုခေါ်ယူမည်ဖြစ်ရာအေဒင်ဟာဇက်ကိုရောင်းချရန်အသင့်ရှိနေမယ်လို့ယူဆရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်မှာလည်းအေဒင်ဟာဇက်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ရာအပြောင်းအရွှေ့မှာဖြစ်လာရန်အခြေအနေများနေပါတယ်။

တူချယ်က “သူကထိပ်တန်းအရည်အသွေးရှိတဲ့ကစားသမားတစ်ဦးပါ။ဒီကလပ်မှာနှစ်ပေါင်းများစွာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့သူပါ။ကမ္ဘာ့အခက်ခဲဆုံးလိဂ်ဖြစ်တဲ့ဒီလိဂ်မှာအောင်မြင်မှုတွေအများကြီးရယူခဲ့တဲ့သူပါ။သူ့ကိုအများကြီးလေးစားပါတယ်။ သူကကစားသမားကြီးတစ်ဦးပါ။ဒီမှာလည်းသူ့အကြောင်းသိတဲ့သူတွေအများကြီးပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ေအဘရာဟီမိုဗစ္ခ်္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ တေက်ာ့ျပန္ေရာက္လာဖို႔ရွိေနတဲ့ ေအဒင္ဟာဇက္

ယခုထြက္ေပၚလာတဲ့သတင္းသာအမွန္ဆိုရင္ေတာ့စပိန္မွာႏွစ္ႏွစ္ေက်ာ္မွ်သာကစားရေသးတဲ့ေအဒင္ဟာဇက္ဟာအသင္းေဟာင္းခ်ဲလ္ဆီးသို႔တေက်ာ့ျပန္ေရာက္လာဖို႔ရွိေနၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္စတားဟာ၂၀၁၉ခုႏွစ္တုန္းကေပါင္၁၀၃သန္းျဖင့္ေရာက္လာၿပီးကတည္းကဒဏ္ရာျပႆနာမ်ားႏွင့္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္အသင္းေဟာင္းခ်ဲလ္ဆီးဟာလာလီဂါတြင္အိပ္မက္ဆိုးမ်ားမက္ေနတဲ့ေအဒင္ဟာဇက္ကိုစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

El National ကခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေအဒင္ဟာဇက္ကိုျပန္လည္ေခၚယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေအဒင္ဟာဇက္ဟာဇီဒန္းလက္ထက္တုန္းကႀကံ့ခိုင္မႈျပည့္ဝေနခ်ိန္တြင္ပုံမွန္ကစားခြင့္ရရွိလာခဲ့ေပမယ့္နည္းျပသစ္အန္ဆယ္ေလာ့တီလက္ေအာက္တြင္မူေနရာရရွိရန္႐ုန္းကန္ေနရပါတယ္။အထူးသျဖင့္႐ိုဒရီဂိုႏွင့္ဗင္နီစီယပ္စ္တို႔ေျခစြမ္းပိုင္းတိုးတက္လာမႈနဲ႔အတူ ဟာဇက္အေနျဖင့္ေနရာရရွိရန္ပိုမို႐ုန္းကန္လာရဖို႔ရွိပါတယ္။

တစ္ဖက္တြင္ ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ႏွစ္ေႏြရာသီတြင္ပီအက္စ္ဂ်ီစူပါစတားကိုင္လီယန္ဘက္ေပးကိုေခၚယူမည္ျဖစ္ရာေအဒင္ဟာဇက္ကိုေရာင္းခ်ရန္အသင့္ရွိေနမယ္လို႔ယူဆရပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္မွာလည္းေအဒင္ဟာဇက္ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ရာအေျပာင္းအေ႐ႊ႕မွာျဖစ္လာရန္အေျခအေနမ်ားေနပါတယ္။

တူခ်ယ္က “သူကထိပ္တန္းအရည္အေသြးရွိတဲ့ကစားသမားတစ္ဦးပါ။ဒီကလပ္မွာႏွစ္ေပါင္းမ်ားစြာအေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ခဲ့သူပါ။ကမာၻ႔အခက္ခဲဆုံးလိဂ္ျဖစ္တဲ့ဒီလိဂ္မွာေအာင္ျမင္မႈေတြအမ်ားႀကီးရယူခဲ့တဲ့သူပါ။သူ႔ကိုအမ်ားႀကီးေလးစားပါတယ္။ သူကကစားသမားႀကီးတစ္ဦးပါ။ဒီမွာလည္းသူ႔အေၾကာင္းသိတဲ့သူေတြအမ်ားႀကီးပါ”လို႔ေျပာၾကားသြားပါတယ္။