အေရွန်ဝန်ဘစ်ဆာကာအား ဗဟိုနောက်ခံလူတွင် ဆိုးလ်ရှားစမ်းသပ်သုံးသွားမည်

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာညာနောက်ခံလူအေရွန်ဝန်ဘစ်ဆာကာအားဗဟိုနောက်ခံလူအဖြစ်စမ်းသပ်သုံးစွဲသွားရန်စီစဉ်နေကြောင်းသိရပါတယ်။

မန်ယူနည်းပြဟာနွေရာသီရာသီကြိုခြေစမ်းပွဲစဉ်များတွင်အေရွန်ဝန်ဘစ်ဆာကာမှာဗဟိုနောက်ခံလူနေရာတွင်ကစားနိုင်စွမ်းရှိ/မရှိကိုစမ်းသပ်သုံးစွဲသွားမှာလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိဝန်ဘစ်ဆာကာမှာမြန်ဆန်ပြီးဖျက်ထုတ်မှုအားကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ရာဆိုးလ်ရှားကလေးယောက်နောက်တန်းတွင်သာမကသုံးယောက်နောက်တန်းတို့တွင်ညာနောက်ခံလူအဖြစ်သုံးစွဲရန်စဉ်းစားနေတာလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူဟာအက်သလက်တီကိုမှညာနောက်ခံလူထရစ်ပီယာကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

အေရွန်ဝန်ဘစ်ဆာကာဟာအင်္ဂလန်အသင်းအတွက်တစ်ကြိမ်သာကစားထားရပြီးခြေစမ်းပွဲတွင်ကစားခဲ့ရတာပါ။သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်လည်းချန်လှပ်ခြင်းခံခဲ့ရရာကွန်ဂိုအသင်းအတွက်ပြောင်းလဲကစားသွားရန်စဉ်းစားနေပါတယ်။

ZawGyi





