
အက်ဖ်အေဟာလုပ်ပွဲသံသယမှုဖြင့်အောက်စ်ဖို့ဒ်နောက်ခံလူစီရွန်ဘရောင်းရဲ့ဖုန်းနှင့်ဆိုရှယ်မီဒီယာတို့ကိုစစ်ဆေးမှုပြုလုပ်သွားပါမယ်။
အက်ဖ်အေဟာအောက်စ်ဖို့ဒ်နှင့်အာဆင်နယ်တို့ရဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှသံသယဖြစ်ရာလောင်းကြေးထပ်မှုရှိလာမှုနဲ့အတူစစ်ဆေးမှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
အက်ဖ်အေဟာအထက်ပါပွဲအပြီးတွင်လုပ်ပွဲကစားတယ်လို့သံသယဝင်စရာကောင်းတဲ့အထောက်အထားတွေ့ရှိမှုနဲ့အတူစစ်ဆေးမှုပြုလုပ်လာတာဖြစ်ပါတယ်။
စီရွန်ဘရောင်းဟာယင်းပွဲတွင်သံသယဝင်စရာကောင်းတဲ့အဝါကတ်ပြသမှုခံယူခဲ့တာဖြစ်ပါတယ်။အသက်၂၄နှစ်ရှိမြောက်အိုင်ယာလန်ကစားသမားဟာယင်းပွဲတွင်အဝါကတ်ပြသခြင်းခံရအောင်ပထမပိုင်းမှာကတည်းကအာဆင်နယ်ကစားသမားများကိုကြမ်းတမ်းစွာကစားနေခဲ့တာလည်းဖြစ်ပါတယ်။
ယင်းပွဲတွင်စီရွန်ဘရောင်းမှာအဝါကတ်ပြသခံရမယ်လို့လောင်းကြေးထပ်သူများစွာရှိခဲ့ပြီးပေါင်ထောင်ချီအနိုင်ရသူများစွာရှိခဲ့ပါတယ်။
ယခုအခါအက်ဖ်အေဟာစီရွန်ဘရောင်းရဲ့ဖုန်းကိုသာမကဆိုရှယ်မီဒီယာအကောင့်ကိုလည်းစစ်ဆေးမှုများပြုလုပ်လာတော့မှာဖြစ်ပါတယ်။
ZawGyi
အောက်စ်ဖို့ဒ်-အာဆင်နယ်ပွဲစဉ်အား လုပ်ပွဲသံသယမှုဖြင့် စီရွန်ဘရောင်းရဲ့ဖုန်းနှင့်ဆိုရှယ်မီဒီယာကို အက်ဖ်အေစစ်ဆေးမည်