အောက်တိုဘာလလကုန်အထိ မန်ယူတိုက်စစ်မှူးရပ်ရှ်ဖို့ဒ်အနားယူရမည်

မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာကာလရှည်ကြာဒုက္ခပေးလာတဲ့ပုခုံးဒဏ်ရာအား ခွဲစိတ်ကုသမှုပြုလုပ်ရန်ဆုံးဖြတ်လိုက်မှုကြောင့် ၂၀၂၁-၂၂ဘောလုံးရာသီအစနှစ်လကို လွဲချော်တော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ဟာ၂၀၂၀-၂၁ဘောလုံးရာသီဝက်ကာလအားပုခုံးဒဏ်ရာဖြင့်ကစားခဲ့သူဖြစ်ပါတယ်။

ယခုအခါအင်္ဂလန်တိုက်စစ်မှူးဟာဒဏ်ရာအားအရှင်းပျောက်ကင်းသွားစေရန်အတွက်ခွဲစိတ်ကုသမှုပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဇူလိုင်လကုန်ပြီးချိန်တွင်မှခွဲစိတ်ကုသမှုပြုလုပ်မှာဖြစ်ပါတယ်။သူဟာပုခုံးခွဲစိတ်ကုသမှုကြောင့်အနည်းဆုံး၁၂ပတ်ကြာအနားယူရမှာဖြစ်ပြီးအောက်တိုဘာလလကုန်ပိုင်းတွင်မှကစားနိုင်ဖို့ရှိပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၃၇ပွဲကစားခဲ့ရာမှာ၁၁ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

သူဟာအင်္ဂလန်အတွက်ယူရို၂၀၂၀ပြိုင်ပွဲမှာ၅ပွဲကစားခဲ့ပေမယ့်စုစုပေါင်း၈၄မိနစ်တည်းသာကစားခွင့်ရရှိခဲ့ပါတယ်။သူဟာအီတလီအားရှုံးနိမ့်တဲ့ဗိုလ်လုပွဲမှာပင်နယ်တီလွဲခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယူရိုဗိုလ်လုပွဲမှာပင်နယ်တီလွဲခဲ့မှုကြောင့်လူမျိုးရေးခွဲခြားမှုအပြင်းအထန်ခံခဲ့ရတဲ့အပြင်ဝင်လင်တန်မှသူ့ကိုဂုဏ်ပြုရေးဆွဲထားတဲ့နံရံဆေးပန်းချီလည်းဖျက်ဆီးခံခဲ့ရသူဖြစ်ပါတယ်။ဒါပေမယ့်ဒေသခံပရိသတ်များကလူမျိုးရေးခွဲခြားသူများဖျက်ဆီးခဲ့တဲ့ ပုံတူတွင်အသည်းပုံများ၊ပေးစာများဖြင့်ဖာထေးခဲ့တဲ့အပြင်ရာပေါင်းများစွာစုစည်းပြီးလူမျိုးရေးခွဲခြားမှုဆန့်ကျင်ကြောင်းပြသခဲ့ပါတဘ်။

တစ်ဖက်တွင်ဆန်ချိုဟာမန်ယူအပြောင်းအရွှေ့အပြီးသတ်ရန်အတွက်မန်ယူတွင်ဆေးစစ်ဆေးမှုခံယူထားပြီးဖြစ်ပါတယ်။

ZawGyi

ေအာက္တိုဘာလလကုန္အထိ မန္ယူတိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္အနားယူရမည္

မန္ယူတိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာကာလရွည္ၾကာဒုကၡေပးလာတဲ့ပုခုံးဒဏ္ရာအား ခြဲစိတ္ကုသမႈျပဳလုပ္ရန္ဆုံးျဖတ္လိုက္မႈေၾကာင့္ ၂၀၂၁-၂၂ေဘာလုံးရာသီအစႏွစ္လကို လြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီဝက္ကာလအားပုခုံးဒဏ္ရာျဖင့္ကစားခဲ့သူျဖစ္ပါတယ္။

ယခုအခါအဂၤလန္တိုက္စစ္မႉးဟာဒဏ္ရာအားအရွင္းေပ်ာက္ကင္းသြားေစရန္အတြက္ခြဲစိတ္ကုသမႈျပဳလုပ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဇူလိုင္လကုန္ၿပီးခ်ိန္တြင္မွခြဲစိတ္ကုသမႈျပဳလုပ္မွာျဖစ္ပါတယ္။သူဟာပုခုံးခြဲစိတ္ကုသမႈေၾကာင့္အနည္းဆုံး၁၂ပတ္ၾကာအနားယူရမွာျဖစ္ၿပီးေအာက္တိုဘာလလကုန္ပိုင္းတြင္မွကစားႏိုင္ဖို႔ရွိပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၃၇ပြဲကစားခဲ့ရာမွာ၁၁ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။

သူဟာအဂၤလန္အတြက္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ၅ပြဲကစားခဲ့ေပမယ့္စုစုေပါင္း၈၄မိနစ္တည္းသာကစားခြင့္ရရွိခဲ့ပါတယ္။သူဟာအီတလီအားရႈံးနိမ့္တဲ့ဗိုလ္လုပြဲမွာပင္နယ္တီလြဲခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယူ႐ိုဗိုလ္လုပြဲမွာပင္နယ္တီလြဲခဲ့မႈေၾကာင့္လူမ်ိဳးေရးခြဲျခားမႈအျပင္းအထန္ခံခဲ့ရတဲ့အျပင္ဝင္လင္တန္မွသူ႔ကိုဂုဏ္ျပဳေရးဆြဲထားတဲ့နံရံေဆးပန္းခ်ီလည္းဖ်က္ဆီးခံခဲ့ရသူျဖစ္ပါတယ္။ဒါေပမယ့္ေဒသခံပရိသတ္မ်ားကလူမ်ိဳးေရးခြဲျခားသူမ်ားဖ်က္ဆီးခဲ့တဲ့ ပုံတူတြင္အသည္းပုံမ်ား၊ေပးစာမ်ားျဖင့္ဖာေထးခဲ့တဲ့အျပင္ရာေပါင္းမ်ားစြာစုစည္းၿပီးလူမ်ိဳးေရးခြဲျခားမႈဆန႔္က်င္ေၾကာင္းျပသခဲ့ပါတဘ္။

တစ္ဖက္တြင္ဆန္ခ်ိဳဟာမန္ယူအေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္အတြက္မန္ယူတြင္ေဆးစစ္ေဆးမႈခံယူထားၿပီးျဖစ္ပါတယ္။