အောင်မြင်ကျော်ဇောရေးအတွက် သူ့ကို အသုံးချလာတဲ့ ဂယ်ရီနဗီးလ်နှင့်သူငယ်ချင်းခန်းဖြတ်လိုက်ပြီလို့ ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟာလာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ကစားဖော်ဟောင်းဂယ်ရီနဗီးလ်ကို အောင်မြင်ကျော်ဇောရေးအတွက်သူ့ကိုအသုံးချလာသူအဖြစ်စွပ်စွဲသွားပြီး၎င်းတို့အကြားသူငယ်ချင်းခန်းပြတ်သွားပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

ပေါ်တူဂီစူပါစတားဟာပီယာ့မော်ဂန်နှင့်ပြုလုပ်တဲ့ Talk TV အင်တာဗျူးတွင် ယူနိုက်တက်ကစားဖော်ဟောင်းကိုဝေဖန်သွားတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ကျွန်တော်တို့ညစာအတူမစားပါဘူး”လို့ဆိုသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့လတုန်းကဝက်စ်ဟမ်းနှင့်ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကိုနှုတ်မဆက်ဘဲအခြားရုပ်သံဝေဖန်ရေးသမားများကိုတော့နှုတ်ဆက်သွားပါတယ်။

ဂယ်ရီနဗီးလ်ဟာစပါးစ်နှင့်ပွဲတွင်အရန်အဖြစ်ဝင်ကစားရန်ငြင်းမှုကြောင့်ချဲလ်ဆီးနှင့်ပွဲတွင်ယူနိုက်တက်လူစာရင်းတွင်ချန်လှပ်ခံခဲ့ရတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဝေဖန်ခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုနှင့်ခုနှစ်နှစ်ကြာတွဲကစားခဲ့တဲ့ဂယ်ရီနဗီးလ်က “သူ့ကိုကျွန်တော်တို့ သိတယ်။သူ့ကိုကျွန်တော်တို့ချစ်တယ်။ဒါပေမဲ့စတားတစ်ဦးမဟုတ်တော့ဘူးဆိုတာသူလက်ခံရမယ်။သူ့ချန်ထားခဲ့ရတယ်။ဒါပဲ”လို့ပြောကြားခဲ့ပါတယ်။

ယင်းကိုမော်ဂန်နှင့်အင်တာဗျူးတွင်ရော်နယ်ဒိုက “လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ကစားဖော်ဟောင်းတွေကအမြင်တစ်ခုတည်းနဲ့ပဲဝေဖန်လာကြတယ်။ဒါကလွယ်ပါတယ်။ဝေဖန်ရတာလွယ်တယ်။ရုပ်သံမှာအလုပ်တစ်ခုရနေပြီဆိုရင်နာမည်ပိုကြီးဖို့ပိုပြီးတော့ဝေဖန်ရမလားဆိုတာကိုတော့ကျွန်တော် မသိဘူး။တကယ်လည်းနားမလည်ဘူး။ကိုယ်နဲ့အဝတ်အစားလဲခန်းတစ်ခန်းတည်းသုံးလာတဲ့သူတွေကဝေဖန်လာတာမျိုးကျလက်ခံရခက်တယ်။ကျွန်တော်ကကမ္ဘာမှာ ဖော်လိုဝါအများဆုံးလူပါ။ကံကောင်းအကြောင်းလှလို့ဖြစ်လာတာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုဝေဖန်ခဲ့တဲ့ ယူနိုက်တက်ကစားဖော်ဟောင်းဝိန်းရွန်းနီရဲ့လုပ်ဆောင်မှုနဲ့လည်းအလွန်အံ့ဩရကြောင်းဆိုသွားပါတယ်။

အသက်၃၇နှစ်ရှိရော်နယ်ဒိုက “လွန်ခဲ့တဲ့တစ်နှစ်သို့မဟုတ်ခြောက်လလောက်တုန်းကမှသူ့သားတွေခေါ်ပြီးကျုပ်အိမ်ရောက်လာတယ်။ခရစ္စတီယာနို(၁၂နှစ်သား)ကိုသူ့အိမ်ခေါ်သွားပြီးဘောလုံးကစားစေတယ်။ဒီလိုလူတွေကဝေဖန်လာတယ်ဆိုတော့နားမလည်နိုင်အောင်ဖြစ်ရတယ်။သူတို့က သတင်းစာမျက်နှာဖုံးမှာပါချင်တာလား၊ဒါမှမဟုတ်အလုပ်သစ်လိုချင်တာလား၊အခြားအခွင့်အရေးတစ်ခုရချင်တာလားနားမလည်ဘူး”လို့ဆိုသွားပါတယ်။

ZawGuo

ေအာင္ျမင္ေက်ာ္ေဇာေရးအတြက္ သူ႔ကို အသုံးခ်လာတဲ့ ဂယ္ရီနဗီးလ္ႏွင့္သူငယ္ခ်င္းခန္းျဖတ္လိုက္ၿပီလို႔ ခရစၥတီယာႏိုေရာ္နယ္ဒိုဖြင့္ဟာလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ကစားေဖာ္ေဟာင္းဂယ္ရီနဗီးလ္ကို ေအာင္ျမင္ေက်ာ္ေဇာေရးအတြက္သူ႔ကိုအသုံးခ်လာသူအျဖစ္စြပ္စြဲသြားၿပီး၎တို႔အၾကားသူငယ္ခ်င္းခန္းျပတ္သြားၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ေပၚတူဂီစူပါစတားဟာပီယာ့ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့ Talk TV အင္တာဗ်ဴးတြင္ ယူႏိုက္တက္ကစားေဖာ္ေဟာင္းကိုေဝဖန္သြားတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုက “ကြၽန္ေတာ္တို႔ညစာအတူမစားပါဘူး”လို႔ဆိုသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့လတုန္းကဝက္စ္ဟမ္းႏွင့္ပြဲမတိုင္မီ ေသြးပူေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္း ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းကိုႏႈတ္မဆက္ဘဲအျခား႐ုပ္သံေဝဖန္ေရးသမားမ်ားကိုေတာ့ႏႈတ္ဆက္သြားပါတယ္။

ဂယ္ရီနဗီးလ္ဟာစပါးစ္ႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ကစားရန္ျငင္းမႈေၾကာင့္ခ်ဲလ္ဆီးႏွင့္ပြဲတြင္ယူႏိုက္တက္လူစာရင္းတြင္ခ်န္လွပ္ခံခဲ့ရတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေဝဖန္ခဲ့သူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုႏွင့္ခုႏွစ္ႏွစ္ၾကာတြဲကစားခဲ့တဲ့ဂယ္ရီနဗီးလ္က “သူ႔ကိုကြၽန္ေတာ္တို႔ သိတယ္။သူ႔ကိုကြၽန္ေတာ္တို႔ခ်စ္တယ္။ဒါေပမဲ့စတားတစ္ဦးမဟုတ္ေတာ့ဘူးဆိုတာသူလက္ခံရမယ္။သူ႔ခ်န္ထားခဲ့ရတယ္။ဒါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ယင္းကိုေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ေရာ္နယ္ဒိုက “လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြ၊ကစားေဖာ္ေဟာင္းေတြကအျမင္တစ္ခုတည္းနဲ႔ပဲေဝဖန္လာၾကတယ္။ဒါကလြယ္ပါတယ္။ေဝဖန္ရတာလြယ္တယ္။႐ုပ္သံမွာအလုပ္တစ္ခုရေနၿပီဆိုရင္နာမည္ပိုႀကီးဖို႔ပိုၿပီးေတာ့ေဝဖန္ရမလားဆိုတာကိုေတာ့ကြၽန္ေတာ္ မသိဘူး။တကယ္လည္းနားမလည္ဘူး။ကိုယ္နဲ႔အဝတ္အစားလဲခန္းတစ္ခန္းတည္းသုံးလာတဲ့သူေတြကေဝဖန္လာတာမ်ိဳးက်လက္ခံရခက္တယ္။ကြၽန္ေတာ္ကကမာၻမွာ ေဖာ္လိုဝါအမ်ားဆုံးလူပါ။ကံေကာင္းအေၾကာင္းလွလို႔ျဖစ္လာတာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုေဝဖန္ခဲ့တဲ့ ယူႏိုက္တက္ကစားေဖာ္ေဟာင္းဝိန္း႐ြန္းနီရဲ႕လုပ္ေဆာင္မႈနဲ႔လည္းအလြန္အံ့ဩရေၾကာင္းဆိုသြားပါတယ္။

အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုက “လြန္ခဲ့တဲ့တစ္ႏွစ္သို႔မဟုတ္ေျခာက္လေလာက္တုန္းကမွသူ႔သားေတြေခၚၿပီးက်ဳပ္အိမ္ေရာက္လာတယ္။ခရစၥတီယာႏို(၁၂ႏွစ္သား)ကိုသူ႔အိမ္ေခၚသြားၿပီးေဘာလုံးကစားေစတယ္။ဒီလိုလူေတြကေဝဖန္လာတယ္ဆိုေတာ့နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။သူတို႔က သတင္းစာမ်က္ႏွာဖုံးမွာပါခ်င္တာလား၊ဒါမွမဟုတ္အလုပ္သစ္လိုခ်င္တာလား၊အျခားအခြင့္အေရးတစ္ခုရခ်င္တာလားနားမလည္ဘူး”လို႔ဆိုသြားပါတယ္။