အောင်မြင်မှုရဲ့နောက်ကွယ်က လျို့ဝှက်ချက်ကို ရင်ဖွင့်လာတဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာ သူ့ကစားသမားဘဝအောင်မြင်မှုနောက်ကွယ်မှအဓိကလျှို့ဝှက်ချက်ကိုဖွင့်ဟပြောကြားလာပါတယ်။

အာလင်းဟာလန်းကအောင်မြင်တဲ့ကစားသမားဘဝပိုင်ဆိုင်နိုင်တာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက်နည်းပညာအကူအညီရယူအသုံးပြုခြင်းဖြစ်ကြောင်းပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာအိပ်ခန်းထဲမှာ အိပ်ချိန်စိတ်ဖြစ်စေတဲ့မီးသီးအသုံးပြုပြီး အကူအညီရယူနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်သူဟာနေရောင်ခြည်ကာကွယ်ပေးတဲ့မျက်မှန်ကိုလည်းညနေပိုင်းမှာအသုံးပြုဝတ်ဆင်လေ့ရှိပါတယ်။

အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှပြောင်းရွှေ့လာပြီးတဲ့နောက် ၁၄ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။

ဒါ့အပြင်အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးကသူဟာမအိပ်ခင် ၂ နာရီအလိုမှာ နည်းပညာပစ္စည်းအသုံးပြုမှုကိုလည်းရှောင်ကျဉ်ကြောင်းဆိုသွားပါတယ်။

ပေါင်၅၁သန်းတန်တိုက်စစ်မှူးက “ညနေပိုင်းဆိုရင်မျက်မှန်(နည်းပညာ)တတ်တယ်။သူတို့ကြောင့်တကယ့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။ဒါကကျွန်တော့်ရဲ့စွမ်းဆောင်ရည်ရာခိုင်နှုန်းအနည်းငယ်ပိုပြီးတော့ကောင်းမွန်လာစေပါတယ်”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာရေကိုအဓိကသောက်သုံးပြီး အချိုရည်နှင့်အသင့်စားအစားအစားများကိုရှောင်ကျဉ်ကာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်ပါဟင်းများကိုသာစားသုံးပါတယ်။

ZawGyi







