အော်လန်ဒိုစီးတီးသို့ မီလန်နှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းပါတိုပြောင်းရွှေ့

အေစီမီလန်နှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းအလက်ဇန္ဒားပါတိုဟာအော်လန်ဒိုစီးတီးသို့ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်းကလပ်ကအတည်ပြုလိုက်ပါတယ်။

အီတလီနှင့်ဘရာဇီးတို့တွင်အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရတဲ့တစ်ချိန်တုန်းကအလားအလာအကောင်းဆုံး တိုက်စစ်မှူးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ပါတိုဟာဖလိုရီဒါမှာကစားသမားဘဝပြန်လည်ဦးမော့လာရေးပြန်လည် စတင်သွားမှာလည်းဖြစ်ပါတယ်။

ပါတိုဟာ၂၀၀၆ခုနှစ်မှာအသက်၁၆နှစ်အရွယ်မှာဘဲဘရာဇီးကလပ်အင်တာနေစီယွန်နယ်အတွက်ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားခွင့်ရခဲ့ပြီးပထမရာသီမှာဖီဖာကမ္ဘာ့ကလပ်ဖလားဆွတ်ခူးနိုင်အောင်ကူညီခဲ့ပါတယ်။

သူဟာနောက်တစ်ရာသီမှာတော့အေစီမီလန်သို့ပြောင်းရွှေ့ကြေးယူရို၂၄သန်းဖြင့်ပြောင်းခဲ့ပြီးအသက်၁၈နှစ်ပြည့်မယ့်ဇန်နဝါရီအထိမီလန်အတွက်ပထမဆုံးပွဲကစားရန်စောင့်ဆိုင်းခဲ့ရပါတယ်။

သူဟာအေစီမီလန်ကစားသမားဘဝမှာအကောင်းဆုံးတောက်ပခဲ့သော်လည်း၂၀၁၁ခုနှစ်မှစတင်ကာဒဏ်ရာပြဿနာများနှင့်ရုန်းကန်ခဲ့ရပါတယ်။သူဟာ၂၀၁၃ခုနှစ်တွင်ကိုရင်သီယန်သို့ပြောင်းခဲ့သော်လည်းဆာအိုပေါ်လို၊ချဲလ်ဆီးသို့အငှားချခြင်းခံခဲ့ရပါတယ်။ချဲလ်ဆီးမှာသူဟာပရီးမီးယားလိဂ်ပွဲနှစ်ပွဲတည်းသာကစားခွင့်ရခဲ့ပြီးနှစ်ဂိုးသွင်းခဲ့ပါတယ်။

သူဟာတရုတ်စူပါလိဂ်သို့သွားကစားခဲ့သော်လည်းအောင်မြင်မှုမရရှိခဲ့ဘဲဆာအိုပေါ်လိုသို့ပြန်ပြောင်းခဲ့ရပါတယ်။သူဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာတော့ကလပ်နှင့်နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။

ZawGyi

ေအာ္လန္ဒိုစီးတီးသို႔ မီလန္ႏွင့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းပါတိုေျပာင္းေ႐ႊ႕

ေအစီမီလန္ႏွင့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းအလက္ဇႏၵားပါတိုဟာေအာ္လန္ဒိုစီးတီးသို႔ေျပာင္းေ႐ႊ႕သြားၿပီ ျဖစ္ေၾကာင္းကလပ္ကအတည္ျပဳလိုက္ပါတယ္။

အီတလီႏွင့္ဘရာဇီးတို႔တြင္အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရတဲ့တစ္ခ်ိန္တုန္းကအလားအလာအေကာင္းဆုံး တိုက္စစ္မႉးအျဖစ္သတ္မွတ္ခံခဲ့ရတဲ့ပါတိုဟာဖလိုရီဒါမွာကစားသမားဘဝျပန္လည္ဦးေမာ့လာေရးျပန္လည္ စတင္သြားမွာလည္းျဖစ္ပါတယ္။

ပါတိုဟာ၂၀၀၆ခုႏွစ္မွာအသက္၁၆ႏွစ္အ႐ြယ္မွာဘဲဘရာဇီးကလပ္အင္တာေနစီယြန္နယ္အတြက္ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲကစားခြင့္ရခဲ့ၿပီးပထမရာသီမွာဖီဖာကမာၻ႔ကလပ္ဖလားဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့ပါတယ္။

သူဟာေနာက္တစ္ရာသီမွာေတာ့ေအစီမီလန္သို႔ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၂၄သန္းျဖင့္ေျပာင္းခဲ့ၿပီးအသက္၁၈ႏွစ္ျပည့္မယ့္ဇန္နဝါရီအထိမီလန္အတြက္ပထမဆုံးပြဲကစားရန္ေစာင့္ဆိုင္းခဲ့ရပါတယ္။

သူဟာေအစီမီလန္ကစားသမားဘဝမွာအေကာင္းဆုံးေတာက္ပခဲ့ေသာ္လည္း၂၀၁၁ခုႏွစ္မွစတင္ကာဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ခဲ့ရပါတယ္။သူဟာ၂၀၁၃ခုႏွစ္တြင္ကိုရင္သီယန္သို႔ေျပာင္းခဲ့ေသာ္လည္းဆာအိုေပၚလို၊ခ်ဲလ္ဆီးသို႔အငွားခ်ျခင္းခံခဲ့ရပါတယ္။ခ်ဲလ္ဆီးမွာသူဟာပရီးမီးယားလိဂ္ပြဲႏွစ္ပြဲတည္းသာကစားခြင့္ရခဲ့ၿပီးႏွစ္ဂိုးသြင္းခဲ့ပါတယ္။

သူဟာတ႐ုတ္စူပါလိဂ္သို႔သြားကစားခဲ့ေသာ္လည္းေအာင္ျမင္မႈမရရွိခဲ့ဘဲဆာအိုေပၚလိုသို႔ျပန္ေျပာင္းခဲ့ရပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လမွာေတာ့ကလပ္ႏွင့္ႏွစ္ဦးသေဘာတူလမ္းခြဲခဲ့ပါတယ္။