အေးဂျင့်နှင့်အလေးအနက်ထားဆွေးနွေးပြီးနောက် ယူနိုက်တက်မှ ထွက်ခွာရန် ရော်နယ်ဒို ဆုံးဖြတ်လိုက်ပြီ

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့မန်ချက်စတာယူနိုက်တက်အနာဂတ်နှင့်ပတ်သက်ပြီးအေးဂျင့်ဂျော့မန်ဒက်စ်နှင့်အလေးအနက်ထားဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဂျော့မန်ဒက်စ်ဟာပြီးခဲ့တဲ့အပတ်တုန်းကမန်ချက်စတာဒါဘီပွဲတွင်ချန်လှပ်ခံရမှုကြောင့်ဒေါသထွက်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဖျောင်းဖျမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုကနွေရာသီတွင်ယူနိုက်တက်မှထွက်ခွာလိုစိတ်ပြင်းပြနေမှုနဲ့အတူ ဂျော့မန်ဒက်စ်ဟာဖျောင်းဖျမှုကိုလက်လျှော့လိုက်ပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္ဂနွေနေ့တုန်းကမန်ချက်စတာဒါဘီပွဲတွင် Super Sub အဖြစ်သာအသုံးပြုခံရမယ်လို့ ရေးဖ်ရန်းနစ်ခ်ရဲ့ပြောကြားခြင်းခံရပြီးနောက် အကြီးအကျယ်ဒေါသထွက်နေခဲ့ပါတယ်။

ရော်နယ်ဒိုဟာမန်ချက်စတာဒါဘီပွဲတွင်အရန်အဖြစ်သာဝင်ကစားမယ်ဆိုတာသိရပြီးနောက်တင်ပါးဆုံဒဏ်ရာကိုအကြောင်းပြကာအသင်းလူစာရင်းမှနုတ်ထွက်ပြီးပေါ်တူဂီသို့သွားရောက်ခဲ့ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့ကလေ့ကျင့်ခန်းအစီအစဉ်တွင် ယူနိုက်တက်နှင့်ပူးပေါင်းခဲ့ပြီးလေ့ကျင့်ရေးကွင်းမှာနောက်ဆုံးမှပြန်ခဲ့တာတွေ့ရပါတယ်။

ယူနိုက်တက်ဟာစနေနေ့မှာချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၄နေရာအတွက်အလွန်အရေးပါတဲ့ပွဲအဖြစ်စပါးစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ေအးဂ်င့္ႏွင့္အေလးအနက္ထားေဆြးေႏြးၿပီးေနာက္ ယူႏိုက္တက္မွ ထြက္ခြာရန္ ေရာ္နယ္ဒို ဆုံးျဖတ္လိုက္ၿပီ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္အနာဂတ္ႏွင့္ပတ္သက္ၿပီးေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္အေလးအနက္ထားေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ေဂ်ာ့မန္ဒက္စ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကမန္ခ်က္စတာဒါဘီပြဲတြင္ခ်န္လွပ္ခံရမႈေၾကာင့္ေဒါသထြက္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေဖ်ာင္းဖ်မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကေႏြရာသီတြင္ယူႏိုက္တက္မွထြက္ခြာလိုစိတ္ျပင္းျပေနမႈနဲ႔အတူ ေဂ်ာ့မန္ဒက္စ္ဟာေဖ်ာင္းဖ်မႈကိုလက္ေလွ်ာ့လိုက္ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတနဂၤေႏြေန႔တုန္းကမန္ခ်က္စတာဒါဘီပြဲတြင္ Super Sub အျဖစ္သာအသုံးျပဳခံရမယ္လို႔ ေရးဖ္ရန္းနစ္ခ္ရဲ႕ေျပာၾကားျခင္းခံရၿပီးေနာက္ အႀကီးအက်ယ္ေဒါသထြက္ေနခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာမန္ခ်က္စတာဒါဘီပြဲတြင္အရန္အျဖစ္သာဝင္ကစားမယ္ဆိုတာသိရၿပီးေနာက္တင္ပါးဆုံဒဏ္ရာကိုအေၾကာင္းျပကာအသင္းလူစာရင္းမွႏုတ္ထြက္ၿပီးေပၚတူဂီသို႔သြားေရာက္ခဲ့ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤါေန႔ကေလ့က်င့္ခန္းအစီအစဥ္တြင္ ယူႏိုက္တက္ႏွင့္ပူးေပါင္းခဲ့ၿပီးေလ့က်င့္ေရးကြင္းမွာေနာက္ဆုံးမွျပန္ခဲ့တာေတြ႕ရပါတယ္။

ယူႏိုက္တက္ဟာစေနေန႔မွာခ်န္ပီယံလိဂ္ဝင္ခြင့္အဆင့္၄ေနရာအတြက္အလြန္အေရးပါတဲ့ပြဲအျဖစ္စပါးစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။