အေးဂျင့်မန်ဒက်စ်ရဲ့အကြံပေးချက်ကြောင့် ဂတ်တူဆိုကို ခန့်အပ်ရန် နယူးကာဆယ်စဉ်းစားနေ

နယူးကာဆယ်အသင်းတာဝန်ရှိသူများဟာအေစီမီလန်နှင့်အီတလီဂန္ထဝင်ကစားသမားဂန်နာရိုဂတ်တူဆိုအားနည်းပြသစ်အဖြစ်ခန့်အပ်ရန်စဉ်းစားနေကြောင်းသိရပါတယ်။

နယူးကာဆယ်ဟာယခုလအစောပိုင်းတုန်းကနည်းပြစတိဗ်ဘရုစ်ကိုနစ်နာကြေးပေါင်၈သန်းပေးကာထုတ်ပယ်လိုက်ပြီးနောက်နည်းပြသစ်ခန့်အပ်နိုင်ရန်ရှာဖွေနေခဲ့ပါတယ်။

ဆော်ဒီအသင်းပိုင်ရှင်သစ်များဟာအနောက်မြောက်ပိုင်းကလပ်ကိုပရီးမီးယားလိဂ်မှာအင်အားကြီးကလပ်တစ်ခုအဖြစ်တည်ဆောက်နိုင်ရန်အတွက်ထိပ်တန်းနည်းပြတစ်ဦးခန့်အပ်လိုနေပါတယ်။

နယူးကာဆယ်အသင်းရဲ့နည်းပြရာထူးအတွက်လျာထားစာရင်းတွင်ဗီလာလက်ထောက်နည်းပြဟောင်းဂျွန်တယ်ရီလည်းပါဝင်ပါတယ်။

တစ်ဖက်တွင်စူပါအေးဂျင့်ဂျော့မန်ဒက်စ်ဟာတန်းဆင်းဇုန်တွင်ရုန်းကန်နေရတဲ့နယူးကာဆယ်အားဂတ်တူဆိုအားခန့်အပ်ရန်တွန်းနေကြောင်းသိရပါတယ်။

ဂတ်တူဆိုဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်နာပိုလီမှထွက်ခွာပြီးနောက်ဖီအိုရင်တီးနားနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရသော်လည်းသူ့အေးဂျင့်ဂျော့မန်ဒက်စ်ကိုင်တွယ်တဲ့ကစားသမားများကိုသာခေါ်ယူရန်လုပ်ဆောင်မှုနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲကာလမ်းခွဲခဲ့သူဖြစ်ပါတယ်။

ZawGyi

ေအးဂ်င့္မန္ဒက္စ္ရဲ႕အႀကံေပးခ်က္ေၾကာင့္ ဂတ္တူဆိုကို ခန႔္အပ္ရန္ နယူးကာဆယ္စဥ္းစားေန

နယူးကာဆယ္အသင္းတာဝန္ရွိသူမ်ားဟာေအစီမီလန္ႏွင့္အီတလီဂႏၴဝင္ကစားသမားဂန္နာ႐ိုဂတ္တူဆိုအားနည္းျပသစ္အျဖစ္ခန႔္အပ္ရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

နယူးကာဆယ္ဟာယခုလအေစာပိုင္းတုန္းကနည္းျပစတိဗ္ဘ႐ုစ္ကိုနစ္နာေၾကးေပါင္၈သန္းေပးကာထုတ္ပယ္လိုက္ၿပီးေနာက္နည္းျပသစ္ခန႔္အပ္ႏိုင္ရန္ရွာေဖြေနခဲ့ပါတယ္။

ေဆာ္ဒီအသင္းပိုင္ရွင္သစ္မ်ားဟာအေနာက္ေျမာက္ပိုင္းကလပ္ကိုပရီးမီးယားလိဂ္မွာအင္အားႀကီးကလပ္တစ္ခုအျဖစ္တည္ေဆာက္ႏိုင္ရန္အတြက္ထိပ္တန္းနည္းျပတစ္ဦးခန႔္အပ္လိုေနပါတယ္။

နယူးကာဆယ္အသင္းရဲ႕နည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္ဗီလာလက္ေထာက္နည္းျပေဟာင္းဂြၽန္တယ္ရီလည္းပါဝင္ပါတယ္။

တစ္ဖက္တြင္စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ဟာတန္းဆင္းဇုန္တြင္႐ုန္းကန္ေနရတဲ့နယူးကာဆယ္အားဂတ္တူဆိုအားခန႔္အပ္ရန္တြန္းေနေၾကာင္းသိရပါတယ္။

ဂတ္တူဆိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္နာပိုလီမွထြက္ခြာၿပီးေနာက္ဖီအိုရင္တီးနားနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရေသာ္လည္းသူ႔ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကိုင္တြယ္တဲ့ကစားသမားမ်ားကိုသာေခၚယူရန္လုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီးသေဘာထားကြဲလြဲကာလမ္းခြဲခဲ့သူျဖစ္ပါတယ္။