အေးဂျင့်အပြောင်းအလဲလုပ်ကာ ဇန်နဝါရီမှာ အိုးထရက်ဖို့ဒ်မှ အဝေးသို့ ထွက်ခွာဖို့ ကြိုးစားလာတဲ့ ဗန်ဒီဘိခ်

ဒွန်နီဗန်ဒီဘိခ်ဟာအေးဂျင့်အပြောင်းအလဲပြုလုပ်လိုက်မှုနဲ့အတူလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာမန်ယူမှထွက်ခွာရန်အခွင့်အရေးများလာကြောင်းသိရပါတယ်။

အလယ်တန်းကစားသမားဟာနွေရာသီတွင်ပွဲကစားခွင့်ပိုမိုရရှိလာမယ်လို့မန်ယူနည်းပြဆိုးလ်ရှားထံမှအာမခံချက်ရရှိခဲ့ပေမယ့်လည်းပရီးမီးယားလိဂ်တွင်၆မိနစ်တည်းသာကစားခွင့်ရရှိထားပါတယ်။

အသက်၂၄နှစ်ရှိဗန်ဒီဘိခ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းပရီးမီးယားလိဂ်တွင်၄ပွဲတည်းသာပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

သူဟာဇန်နဝါရီလတုန်းကအဲဗာတန်သို့အငှားဖြင့်ပြောင်းရန်ကြိုးပမ်းခဲ့ပေမယ့်ဆိုးလ်ရှားရဲ့ပိတ်ပင်မှုနဲ့ကြုံခဲ့ရပါတယ်။

ယခုအခါမှာတော့သူဟာအေးဂျင့်ဂူဒိုအယ်ဘတ်နေရာတွင်အေးဂျင့်သစ်အဖြစ်အလီဒေါ်ဆန်နှင့်အစားထိုးခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ဒေါ်ဆန်ဟာဗစ်တာလင်ဒီလော့ဖ်၊ဖရန့်ဒီဂျောင်၊မာတင်ဘရစ်ဝေးတို့ရဲ့အေးဂျင့်အဖြစ်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာလာမယ့်ဇန်နဝါရီမှာအေးဂျင့်သစ်ကသူ့အတွက်ကလပ်သစ်ရှာဖွေပေးနိုင်ရန်မျှော်လင့်နေပြီဖြစ်ပါတယ်။

ZawGyi

ေအးဂ်င့္အေျပာင္းအလဲလုပ္ကာ ဇန္နဝါရီမွာ အိုးထရက္ဖို႔ဒ္မွ အေဝးသို႔ ထြက္ခြာဖို႔ ႀကိဳးစားလာတဲ့ ဗန္ဒီဘိခ္

ဒြန္နီဗန္ဒီဘိခ္ဟာေအးဂ်င့္အေျပာင္းအလဲျပဳလုပ္လိုက္မႈနဲ႔အတူလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာမန္ယူမွထြက္ခြာရန္အခြင့္အေရးမ်ားလာေၾကာင္းသိရပါတယ္။

အလယ္တန္းကစားသမားဟာေႏြရာသီတြင္ပြဲကစားခြင့္ပိုမိုရရွိလာမယ္လို႔မန္ယူနည္းျပဆိုးလ္ရွားထံမွအာမခံခ်က္ရရွိခဲ့ေပမယ့္လည္းပရီးမီးယားလိဂ္တြင္၆မိနစ္တည္းသာကစားခြင့္ရရွိထားပါတယ္။

အသက္၂၄ႏွစ္ရွိဗန္ဒီဘိခ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလည္းပရီးမီးယားလိဂ္တြင္၄ပြဲတည္းသာပြဲထြက္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

သူဟာဇန္နဝါရီလတုန္းကအဲဗာတန္သို႔အငွားျဖင့္ေျပာင္းရန္ႀကိဳးပမ္းခဲ့ေပမယ့္ဆိုးလ္ရွားရဲ႕ပိတ္ပင္မႈနဲ႔ႀကဳံခဲ့ရပါတယ္။

ယခုအခါမွာေတာ့သူဟာေအးဂ်င့္ဂူဒိုအယ္ဘတ္ေနရာတြင္ေအးဂ်င့္သစ္အျဖစ္အလီေဒၚဆန္ႏွင့္အစားထိုးခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။ေဒၚဆန္ဟာဗစ္တာလင္ဒီေလာ့ဖ္၊ဖရန႔္ဒီေဂ်ာင္၊မာတင္ဘရစ္ေဝးတို႔ရဲ႕ေအးဂ်င့္အျဖစ္ထမ္းေဆာင္ေနသူလည္းျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာလာမယ့္ဇန္နဝါရီမွာေအးဂ်င့္သစ္ကသူ႔အတြက္ကလပ္သစ္ရွာေဖြေပးႏိုင္ရန္ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။