အေးဂျင့်အဖြစ်နှင့် သူချစ်တဲ့ဘောလုံးလောကမှာ ဆက်ရှိနေဦးမယ့် ရိုးမားနှင့်အီတလီဂန္ထဝင်တော့တီ

ရိုးမားဂန္ထဝင်ကစားသမားဖရန်ဆစ္စကိုတော့တီဟာအားကစားအေးဂျင့်အဖြစ်မှတ်ပုံတင်လာကြောင်း သိရပါတယ်။

အသက်၄၄နှစ်ရှိအီတလီစံပြကစားသမားဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကဘောလုံးကစားသမားဘဝမှအနားယူခဲ့သူလည်းဖြစ်ပါတယ်။

ရိုးမားတွင်ပင်ကစားသမားဘဝတစ်ခုလုံးကိုကုန်ဆုံးခဲ့တဲ့ဖရန်ဆစ္စကိုတော့တီဟာရိုးမားနှင့်အတူ၂၀၀၁ခုနှစ်စကူဒက်တိုဖလားကိုဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

သူဟာကစားသမားဘဝမှအနားယူပြီးနောက်ရိုးမားတွင်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပေမယ့်သူဟာကလပ်ရဲ့ဆုံးဖြတ်ချက်များတွင်တစ်စုံတစ်ရာပါဝင်ခွင့်ရရှိခြင်းမရှိမှုနဲ့အတူ၂၀၁၉ခုနှစ်တုန်းကရာထူးမှနုတ်ထွက်ခဲ့ပါတယ်။

ယခုအခါဖရန်ဆစ္စကိုတော့တီဟာအားကစားအေးဂျင့်တစ်ဦးအနေဖြင့်သူ့ချစ်မြတ်နိုးတဲ့ဘောလုံးလောကအတွင်းသို့ပြန်လည်ဝင်ရောက်လာပြီဖြစ်ပါတယ်။

တော့တီဟာရိုးမားတွင်ကစားခဲ့တဲ့၂၅ရာသီအတွင်းမှာ၇၈၆ပွဲကစားကာ၃၀၇ဂိုးသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေအးဂ်င့္အျဖစ္ႏွင့္ သူခ်စ္တဲ့ေဘာလုံးေလာကမွာ ဆက္ရွိေနဦးမယ့္ ႐ိုးမားႏွင့္အီတလီဂႏၴဝင္ေတာ့တီ

႐ိုးမားဂႏၴဝင္ကစားသမားဖရန္ဆစၥကိုေတာ့တီဟာအားကစားေအးဂ်င့္အျဖစ္မွတ္ပုံတင္လာေၾကာင္း သိရပါတယ္။

အသက္၄၄ႏွစ္ရွိအီတလီစံျပကစားသမားဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းကေဘာလုံးကစားသမားဘဝမွအနားယူခဲ့သူလည္းျဖစ္ပါတယ္။

႐ိုးမားတြင္ပင္ကစားသမားဘဝတစ္ခုလုံးကိုကုန္ဆုံးခဲ့တဲ့ဖရန္ဆစၥကိုေတာ့တီဟာ႐ိုးမားႏွင့္အတူ၂၀၀၁ခုႏွစ္စကူဒက္တိုဖလားကိုဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

သူဟာကစားသမားဘဝမွအနားယူၿပီးေနာက္႐ိုးမားတြင္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ဒါေပမယ့္သူဟာကလပ္ရဲ႕ဆုံးျဖတ္ခ်က္မ်ားတြင္တစ္စုံတစ္ရာပါဝင္ခြင့္ရရွိျခင္းမရွိမႈနဲ႔အတူ၂၀၁၉ခုႏွစ္တုန္းကရာထူးမွႏုတ္ထြက္ခဲ့ပါတယ္။

ယခုအခါဖရန္ဆစၥကိုေတာ့တီဟာအားကစားေအးဂ်င့္တစ္ဦးအေနျဖင့္သူ႔ခ်စ္ျမတ္ႏိုးတဲ့ေဘာလုံးေလာကအတြင္းသို႔ျပန္လည္ဝင္ေရာက္လာၿပီျဖစ္ပါတယ္။

ေတာ့တီဟာ႐ိုးမားတြင္ကစားခဲ့တဲ့၂၅ရာသီအတြင္းမွာ၇၈၆ပြဲကစားကာ၃၀၇ဂိုးသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။