အဲဗာတန်ကွင်းလယ်လူဒွန်ကော်ရီ ၁၀ပတ်ကြာအနားယူရမည်

အဲဗာတန်ကွင်းလယ်ကစားသမားအဒူလာယီဒွန်ကော်ရီဟာခြေချောင်းအရိုးအက်ဒဏ်ရာကြောင့်၁၀ပတ် ကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိအဲဗာတန်ကစားသမားဟာမတ်လ၄ရက်နေ့တုန်းကဝက်စ်ဘရွန်းအားအနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာရရှိခဲ့တာဖြစ်ပြီးချဲလ်ဆီး၊ဘန်လေတို့နှင့်ပွဲစဉ်များကိုလွဲချော်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဝက်ဖို့ဒ်မှရောက်လာပြီး နောက်အဲဗာတန်အတွက်ပရီးမီးယားလိဂ်ပွဲ၂၅ပွဲပွဲထွက်ကစားထားသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်အဲဗာတန်အတွက်သတင်းဆိုးတစ်ခုကတော့အလယ်တန်းတိုက်စစ်မှူးဂျိမ်းစ်ရိုဒရီဂွက်ဇ်မှာလည်း မတ်လအကုန်အထိအနားယူရဖို့ရှိနေတာဖြစ်ပါတယ်။ကိုလံဘီယာလက်ရွေးစင်မှာဒဏ်ရာကြောင့်အဲဗာတန်ရဲ့ပွဲလေးပွဲကိုလွဲချော်ထားပါတယ်။သူဟာမတ်လ၂၀ရက်နေ့မှာမန်စီးတီးနှင့်ကစားရမယ့်အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲကိုလည်းလွဲပါမယ်။

ZawGyi

အဲဗာတန္ကြင္းလယ္လူဒြန္ေကာ္ရီ ၁၀ပတ္ၾကာအနားယူရမည္

အဲဗာတန္ကြင္းလယ္ကစားသမားအဒူလာယီဒြန္ေကာ္ရီဟာေျခေခ်ာင္းအ႐ိုးအက္ဒဏ္ရာေၾကာင့္၁၀ပတ္ ၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိအဲဗာတန္ကစားသမားဟာမတ္လ၄ရက္ေန႔တုန္းကဝက္စ္ဘ႐ြန္းအားအႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးခ်ဲလ္ဆီး၊ဘန္ေလတို႔ႏွင့္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဝက္ဖို႔ဒ္မွေရာက္လာၿပီး ေနာက္အဲဗာတန္အတြက္ပရီးမီးယားလိဂ္ပြဲ၂၅ပြဲပြဲထြက္ကစားထားသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္အဲဗာတန္အတြက္သတင္းဆိုးတစ္ခုကေတာ့အလယ္တန္းတိုက္စစ္မႉးဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္မွာလည္း မတ္လအကုန္အထိအနားယူရဖို႔ရွိေနတာျဖစ္ပါတယ္။ကိုလံဘီယာလက္ေ႐ြးစင္မွာဒဏ္ရာေၾကာင့္အဲဗာတန္ရဲ႕ပြဲေလးပြဲကိုလြဲေခ်ာ္ထားပါတယ္။သူဟာမတ္လ၂၀ရက္ေန႔မွာမန္စီးတီးႏွင့္ကစားရမယ့္အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲကိုလည္းလြဲပါမယ္။