အဲဗာတန်စတားများနှင့်ရန်ပွဲတွင် မက်တိုမီနေးကို အပြေးအလွှားကာကွယ်ခဲ့တဲ့ ကာဗာနီ

မန်ယူပရိသတ်များဟာအဲဗာတန်နှင့်ပွဲစဉ်တွင်ပြိုင်ဘက်ကစားသမားများရဲ့ရန်မူရန်ကြိုးပမ်းခံခဲ့ရတဲ့ကစားဖော်စကော့မက်တိုမီနေးကိုအပြေးအလွှားကာကွယ်ခဲ့တဲ့ အက်ဒီဆင်ကာဗာနီအားချီးကျူးနေကြပါတယ်။

မန်ယူဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာအဲဗာတန်အသင်းကိုဧည့်ခံကစားခဲ့ရပါတယ်။

အဆိုပါပွဲတွင်မက်တိုမီနေးကအဲဗာတန်ဘယ်နောက်ခံလူလူးကပ်စ်ဒီနီကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားရာမှာနှစ်ဖက်ကစားသမားတို့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

အဲဗာတန်ဘက်မှာဆော်လမွန်ရွန်ဒွန်နှင့်ဒွန်ကော်ရီတို့ကပြေလည်မှုရရှိအောင်ဖြေဖျန်မှုပြုလုပ်ခဲ့သလိုမန်ယူဘက်မှလည်းကာဗာနီ၊ဗစ်တာလင်ဒီလော့ဖ်နှင့်ဖရက်တို့ကဖြေဖျန်ရန်ကြိုးပမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ခါရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲတုန်းကမီနာကိုစမတ်ဒေါင်းအကွက်ဖြင့် ကိုင်ပေါက်ခဲ့ဖူးတဲ့ကာဗာနီဟာရန်သူတော်ဟောင်းနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။မီနီဟာစကော့မက်တိုမီနေးကိုဒေါသထွက်နေပြီးကာဗာနီကကြားဝင်တားဆီးမှုပြုလုပ်ခဲ့ပါတယ်။

ပရိသတ်တစ်ဦးက “မီနာနဲ့ကာဗာနီတွေ့ဆုံတိုင်းသူတို့အကြားတခုမဟုတ်တခုဖြစ်နေတော့ပြေလည်မှုရဖို့ Cage Fight တစ်ပွဲလောက်လုပ်ပေးဖို့လိုနေပြီ”လို့ပြောကြားသွားပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “ကာဗာနီကအမြဲတမ်းကစားဖော်ကိုကာကွယ်ဖို့အတွက်ဆိုရင်ရှေ့ဆုံးကနံပါတ်တစ်အနေနဲ့ထွက်လာတတ်တာသဘောကျတယ်”လို့ဆိုသွားပါတယ်။

မန်ယူနှင့်အဲဗာတန်ပွဲစဉ်တွင်မန်ယူဟာမာရှယ်ရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့်အင်ဒရို့စ်တောင်းဆင့်ကအဲဗာတန်အတွက်ချေပဂိုးသွင်းယူခဲ့လို့တစ်ဂိုးစီသရေနဲ့ပွဲပြီးသွားခဲ့ပါတယ်။

ZawGyi

အဲဗာတန္စတားမ်ားႏွင့္ရန္ပြဲတြင္ မက္တိုမီေနးကို အေျပးအလႊားကာကြယ္ခဲ့တဲ့ ကာဗာနီ

မန္ယူပရိသတ္မ်ားဟာအဲဗာတန္ႏွင့္ပြဲစဥ္တြင္ၿပိဳင္ဘက္ကစားသမားမ်ားရဲ႕ရန္မူရန္ႀကိဳးပမ္းခံခဲ့ရတဲ့ကစားေဖာ္စေကာ့မက္တိုမီေနးကိုအေျပးအလႊားကာကြယ္ခဲ့တဲ့ အက္ဒီဆင္ကာဗာနီအားခ်ီးက်ဴးေနၾကပါတယ္။

မန္ယူဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာအဲဗာတန္အသင္းကိုဧည့္ခံကစားခဲ့ရပါတယ္။

အဆိုပါပြဲတြင္မက္တိုမီေနးကအဲဗာတန္ဘယ္ေနာက္ခံလူလူးကပ္စ္ဒီနီကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားရာမွာႏွစ္ဖက္ကစားသမားတို႔႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

အဲဗာတန္ဘက္မွာေဆာ္လမြန္႐ြန္ဒြန္ႏွင့္ဒြန္ေကာ္ရီတို႔ကေျပလည္မႈရရွိေအာင္ေျဖဖ်န္မႈျပဳလုပ္ခဲ့သလိုမန္ယူဘက္မွလည္းကာဗာနီ၊ဗစ္တာလင္ဒီေလာ့ဖ္ႏွင့္ဖရက္တို႔ကေျဖဖ်န္ရန္ႀကိဳးပမ္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ခါရာေဘာင္းဖလားကြာတားဖိုင္နယ္ပြဲတုန္းကမီနာကိုစမတ္ေဒါင္းအကြက္ျဖင့္ ကိုင္ေပါက္ခဲ့ဖူးတဲ့ကာဗာနီဟာရန္သူေတာ္ေဟာင္းနဲ႔ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။မီနီဟာစေကာ့မက္တိုမီေနးကိုေဒါသထြက္ေနၿပီးကာဗာနီကၾကားဝင္တားဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ပရိသတ္တစ္ဦးက “မီနာနဲ႔ကာဗာနီေတြ႕ဆုံတိုင္းသူတို႔အၾကားတခုမဟုတ္တခုျဖစ္ေနေတာ့ေျပလည္မႈရဖို႔ Cage Fight တစ္ပြဲေလာက္လုပ္ေပးဖို႔လိုေနၿပီ”လို႔ေျပာၾကားသြားပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “ကာဗာနီကအၿမဲတမ္းကစားေဖာ္ကိုကာကြယ္ဖို႔အတြက္ဆိုရင္ေရွ႕ဆုံးကနံပါတ္တစ္အေနနဲ႔ထြက္လာတတ္တာသေဘာက်တယ္”လို႔ဆိုသြားပါတယ္။

မန္ယူႏွင့္အဲဗာတန္ပြဲစဥ္တြင္မန္ယူဟာမာရွယ္ရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမယ့္အင္ဒ႐ို႕စ္ေတာင္းဆင့္ကအဲဗာတန္အတြက္ေခ်ပဂိုးသြင္းယူခဲ့လို႔တစ္ဂိုးစီသေရနဲ႔ပြဲၿပီးသြားခဲ့ပါတယ္။