အဲဗာတန်စတားအန်တိုနီဂေါ်ဒွန်ကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် နယူးကာဆယ်သဘောတူညီမှုရရှိ

နယူးကာဆယ်ဟာအဲဗာတန်တောင်ပံကစားသမားအန်တိုနီဂေါ်ဒွန်ကိုပြောင်းရွှေ့ကြေးပေါင်၄၅သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိဂေါ်ဒွန်ဟာပြီးခဲ့တဲ့နွေရာသီကတည်းက Goodison Park မှထွက်ခွာမယ်လို့သတင်းများထွက်ပေါ်လာခဲ့သူလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာပြီးခဲ့တဲ့နွေရာသီကတည်းကဂေါ်ဒွန်ကိုခေါ်ယူရေးစိတ်ဝင်စားလာခဲ့တာလည်းဖြစ်ပါတယ်။

အဲဗာတန်ဟာတောင်ပံစတားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၆၀ဝန်းကျင်လိုချင်ခဲ့ပေမဲ့လည်းကစားသမားဘက်ကလေ့ကျင့်ခန်းအစီအစဉ်သို့သုံးရက်ဆက်မလာဘဲသပိတ်မှောက်လာမှုနဲ့အတူနယူးကာဆယ်ရဲ့ပေါင်၄၅သန်းဖြင့်ကမ်းလှမ်းမှုကိုလက်ခံလိုက်ရပါတယ်။

နယူးကာဆယ်ဟာဂေါ်ဒွန်အတွက်ပြောင်းရွှေ့ကြေးပေါင်၄၅သန်းကိုတစ်ကြိမ်တည်းဖြင့်အပြတ်ပေးချေရမှာဖြစ်ကြောင်း The Athletic ကဖော်ပြသွားပါတယ်။

ဂေါ်ဒွန်ရောက်လာမှုနဲ့အတူ နယူးကာဆယ်ရဲ့ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်ရေးအိပ်မက်အတွက်များစွာအထောက်အပံ့ဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။

အဲဗာတန်ဟာယခုအပတ်အစောပိုင်းတုန်းကထုတ်ပယ်လိုက်တဲ့ဖရန့်လမ်းပတ်နေရာတွင်ဘန်လေနည်းပြဟောင်းရှောင်ဒိုက်ချီကိုခန့်အပ်ရန်သဘောတူညီမှုရရှိထားပြီးဖြစ်ကာလာမယ့်၂၄နာရီအတွင်းကြေညာလာဖို့ရှိနေပါတယ်။

ZawGyi

အဲဗာတန္စတားအန္တိုနီေဂၚဒြန္ကို ေပါင္ ၄၅ သန္းျဖင့္ ေခၚယူရန္ နယူးကာဆယ္သေဘာတူညီမႈရရွိ

နယူးကာဆယ္ဟာအဲဗာတန္ေတာင္ပံကစားသမားအန္တိုနီေဂၚဒြန္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၄၅သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိေဂၚဒြန္ဟာၿပီးခဲ့တဲ့ေႏြရာသီကတည္းက Goodison Park မွထြက္ခြာမယ္လို႔သတင္းမ်ားထြက္ေပၚလာခဲ့သူလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာၿပီးခဲ့တဲ့ေႏြရာသီကတည္းကေဂၚဒြန္ကိုေခၚယူေရးစိတ္ဝင္စားလာခဲ့တာလည္းျဖစ္ပါတယ္။

အဲဗာတန္ဟာေတာင္ပံစတားအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၆၀ဝန္းက်င္လိုခ်င္ခဲ့ေပမဲ့လည္းကစားသမားဘက္ကေလ့က်င့္ခန္းအစီအစဥ္သို႔သုံးရက္ဆက္မလာဘဲသပိတ္ေမွာက္လာမႈနဲ႔အတူနယူးကာဆယ္ရဲ႕ေပါင္၄၅သန္းျဖင့္ကမ္းလွမ္းမႈကိုလက္ခံလိုက္ရပါတယ္။

နယူးကာဆယ္ဟာေဂၚဒြန္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၅သန္းကိုတစ္ႀကိမ္တည္းျဖင့္အျပတ္ေပးေခ်ရမွာျဖစ္ေၾကာင္း The Athletic ကေဖာ္ျပသြားပါတယ္။

ေဂၚဒြန္ေရာက္လာမႈနဲ႔အတူ နယူးကာဆယ္ရဲ႕ပရီးမီးယားလိဂ္ထိပ္ဆုံးေလးသင္းစာရင္းဝင္ေရးအိပ္မက္အတြက္မ်ားစြာအေထာက္အပံ့ျဖစ္လာေတာ့မွာလည္းျဖစ္ပါတယ္။

အဲဗာတန္ဟာယခုအပတ္အေစာပိုင္းတုန္းကထုတ္ပယ္လိုက္တဲ့ဖရန႔္လမ္းပတ္ေနရာတြင္ဘန္ေလနည္းျပေဟာင္းေရွာင္ဒိုက္ခ်ီကိုခန႔္အပ္ရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ကာလာမယ့္၂၄နာရီအတြင္းေၾကညာလာဖို႔ရွိေနပါတယ္။