အဲဗာတန်နည်းပြရာထူးမှ အထုတ်ခံရမည်ကို လုံးဝမကြောက်ကြောင်း လမ်းပတ်ဖွင့်ဟပြောကြားလာ

ဖရန့်လမ်းပတ်ကစနေနေ့တုန်းကဝက်စ်ဟမ်းကိုအဝေးကွင်းတွင်၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အဲဗာတန်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရမည်ကိုလုံးဝမကြောက်ကြောင်းပြောကြားလာပါတယ်။

ဖရန့်လမ်းပတ်ဟာအဲဗာတန်အသင်းမှာပရီးမီးယားလိဂ်နောက်ဆုံး၇ပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီးအမှတ်ပေးဇယားအဆင့်၁၉နေရာတွင်ရပ်တည်နေရပြီးဖိအားများနှင့်ကျရောက်နေပါတယ်။

ဝက်စ်ဟမ်းပရိသတ်များဟာမနေ့ညကပွဲစဉ်တွင်ဖရန့်လမ်းပတ်အား “မနက်ကျရင်အထုတ်ခံရတော့မယ်”လို့သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ဖရန့်လမ်းပတ်ကတော့အသင်းရဲ့ခြေစွမ်းပိုင်းနှင့်ရလဒ်ပိုင်းဆိုးရွားနေပေမဲ့လည်းအထုတ်ခံရရေးနှင့်ပတ်သက်ပြီးလုံးဝမတွေးကြောင်းပြောကြားသွားပါတယ်။

ဖရန့်လမ်းပတ်က “လုံးဝမကြောက်ပါဘူး။ဒီအလုပ်ကိုလုပ်နေရလို့ဂုဏ်တောင်ယူနေတာပါ။အကြောက်တရားစည်းနားသို့ဘယ်တုန်းကမှမရောက်ဖူးပါဘူး။ကျွန်တော့်အလုပ်ကျွန်တော်လုပ်နေရုံပါ။နေ့တိုင်းအိပ်ယာကထတယ်၊ပြီးရင်အသင်းကိုကောင်းသထက်ကောင်းအောင်ဘာလုပ်ရမလဲရိုးရိုးလေးပဲစဉ်းစားတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အဲဗာတန္နည္းျပရာထူးမွ အထုတ္ခံရမည္ကို လုံးဝမေၾကာက္ေၾကာင္း လမ္းပတ္ဖြင့္ဟေျပာၾကားလာ

ဖရန႔္လမ္းပတ္ကစေနေန႔တုန္းကဝက္စ္ဟမ္းကိုအေဝးကြင္းတြင္၂-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အဲဗာတန္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရမည္ကိုလုံးဝမေၾကာက္ေၾကာင္းေျပာၾကားလာပါတယ္။

ဖရန႔္လမ္းပတ္ဟာအဲဗာတန္အသင္းမွာပရီးမီးယားလိဂ္ေနာက္ဆုံး၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆုံးၿပီးအမွတ္ေပးဇယားအဆင့္၁၉ေနရာတြင္ရပ္တည္ေနရၿပီးဖိအားမ်ားႏွင့္က်ေရာက္ေနပါတယ္။

ဝက္စ္ဟမ္းပရိသတ္မ်ားဟာမေန႔ညကပြဲစဥ္တြင္ဖရန႔္လမ္းပတ္အား “မနက္က်ရင္အထုတ္ခံရေတာ့မယ္”လို႔သံၿပိဳင္ေအာ္ဟစ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ဖရန႔္လမ္းပတ္ကေတာ့အသင္းရဲ႕ေျခစြမ္းပိုင္းႏွင့္ရလဒ္ပိုင္းဆိုး႐ြားေနေပမဲ့လည္းအထုတ္ခံရေရးႏွင့္ပတ္သက္ၿပီးလုံးဝမေတြးေၾကာင္းေျပာၾကားသြားပါတယ္။

ဖရန႔္လမ္းပတ္က “လုံးဝမေၾကာက္ပါဘူး။ဒီအလုပ္ကိုလုပ္ေနရလို႔ဂုဏ္ေတာင္ယူေနတာပါ။အေၾကာက္တရားစည္းနားသို႔ဘယ္တုန္းကမွမေရာက္ဖူးပါဘူး။ကြၽန္ေတာ့္အလုပ္ကြၽန္ေတာ္လုပ္ေန႐ုံပါ။ေန႔တိုင္းအိပ္ယာကထတယ္၊ၿပီးရင္အသင္းကိုေကာင္းသထက္ေကာင္းေအာင္ဘာလုပ္ရမလဲ႐ိုး႐ိုးေလးပဲစဥ္းစားတယ္”လို႔ေျပာၾကားသြားပါတယ္။