အဲဗာတန်နည်းပြရာထူးအတွက် လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ် အံ့ဩဖွယ်ရေပန်းအစားဆုံးဖြစ်နေ

လီဗာပူးဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်ဟာကာလိုအန်ဆယ်လော့တီထွက်ခွာသွားမှုကြောင့်လစ်လပ်နေတဲ့အဲဗာတန်နည်းပြရာထူးအတွက်အံ့ဩဖွယ်ရေပန်းစားနေသူတစ်ဦးအဖြစ်ပါဝင်နေကြောင်းသိရပါတယ်။

ကာလိုအန်ဆယ်လော့တီဟာအဲဗာတန်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသော်လည်းအသင်းဟောင်းရီးရဲလ်မက်ဒရစ်မှကမ်းလှမ်းလာချိန်တွင်မပယ်ချနိုင်ဘဲလက်ခံလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းအဲဗာတန်ဟာအန်ဆယ်လော့တီနေရာမှာအစားထိုးနိုင်ဖို့နည်းပြသစ်ရှာဖွေနေပြီးစတီဗင်ဂျရတ်မှာလီဗာပူးနည်းပြဟောင်းရာဖေးလ်ဘင်နီတက်ဇ်နှင့်အတူလျာထားစာရင်းတွင်ပါဝင်နေပါတယ်။

အင်္ဂလန်နှင့်လီဗာပူးအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရိန်းဂျားအသင်းကိုရှုံးပွဲမရှိမှတ်တမ်းဖြင့်စကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၈ခုနှစ်ကတည်းကရိန်းဂျားကိုကိုင်တွယ်လာခဲ့တဲ့စတီဗင်ဂျရတ်ဟာတစ်နေ့တွင်လီဗာပူးနည်းပြဖြစ်လာမယ့်သူအဖြစ်လည်းသတ်မှတ်ခံထားရသူဖြစ်ပါတယ်။

လစ်လပ်နေတဲ့အဲဗာတန်နည်းပြရာထူးအတွက်လျာထားစာရင်းတွင်စတီဗင်ဂျရတ်၊ရာဖေးလ်ဘင်နီတက်ဇ်အပြင်ဒေးဗစ်မိုယက်စ်၊ပေါလ်လိုဖွန်ဆီကာ၊အဲရင်တင်ဟက်၊ရောဘတ်တိုမာတီနက်ဇ်တို့ပါဝင်နေပါတယ်။

ZawGyi

အဲဗာတန္နည္းျပရာထူးအတြက္ လီဗာပူးဂႏၴဝင္စတီဗင္ဂ်ရတ္ အံ့ဩဖြယ္ေရပန္းအစားဆုံးျဖစ္ေန

လီဗာပူးဂႏၴဝင္ကစားသမားစတီဗင္ဂ်ရတ္ဟာကာလိုအန္ဆယ္ေလာ့တီထြက္ခြာသြားမႈေၾကာင့္လစ္လပ္ေနတဲ့အဲဗာတန္နည္းျပရာထူးအတြက္အံ့ဩဖြယ္ေရပန္းစားေနသူတစ္ဦးအျဖစ္ပါဝင္ေနေၾကာင္းသိရပါတယ္။

ကာလိုအန္ဆယ္ေလာ့တီဟာအဲဗာတန္ႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားေသာ္လည္းအသင္းေဟာင္းရီးရဲလ္မက္ဒရစ္မွကမ္းလွမ္းလာခ်ိန္တြင္မပယ္ခ်ႏိုင္ဘဲလက္ခံလိုက္ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းအဲဗာတန္ဟာအန္ဆယ္ေလာ့တီေနရာမွာအစားထိုးႏိုင္ဖို႔နည္းျပသစ္ရွာေဖြေနၿပီးစတီဗင္ဂ်ရတ္မွာလီဗာပူးနည္းျပေဟာင္းရာေဖးလ္ဘင္နီတက္ဇ္ႏွင့္အတူလ်ာထားစာရင္းတြင္ပါဝင္ေနပါတယ္။

အဂၤလန္ႏွင့္လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းစတီဗင္ဂ်ရတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကရိန္းဂ်ားအသင္းကိုရႈံးပြဲမရွိမွတ္တမ္းျဖင့္စေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

၂၀၁၈ခုႏွစ္ကတည္းကရိန္းဂ်ားကိုကိုင္တြယ္လာခဲ့တဲ့စတီဗင္ဂ်ရတ္ဟာတစ္ေန႔တြင္လီဗာပူးနည္းျပျဖစ္လာမယ့္သူအျဖစ္လည္းသတ္မွတ္ခံထားရသူျဖစ္ပါတယ္။

လစ္လပ္ေနတဲ့အဲဗာတန္နည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္စတီဗင္ဂ်ရတ္၊ရာေဖးလ္ဘင္နီတက္ဇ္အျပင္ေဒးဗစ္မိုယက္စ္၊ေပါလ္လိုဖြန္ဆီကာ၊အဲရင္တင္ဟက္၊ေရာဘတ္တိုမာတီနက္ဇ္တို႔ပါဝင္ေနပါတယ္။