
ရီချာလီဆင်ဟာအဲဗာတန်နှင့်ပွဲစဉ်တွင်ရရှိခဲ့တဲ့ဒဏ်ရာကြောင့်တော်တင်ဟမ်ဟော့စပါးစ်ကွင်းမှဂျိုင်းထောက်ဖြင့်ထွက်ခွာသွားခဲ့ရပါတယ်။
ဘရာဇီးလက်ရွေးစင်တိုက်စစ်သမားဟာဗုဒ္ဓဟူးနေ့တွင်အိုးထရက်ဖို့ဒ်သို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲကိုသေချာပေါက်လွဲချော်လာမှာဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်းပါဝင်ရန်မရေမရာဖြစ်နေပါတယ်။
ဘရာဇီးစတားဟာအဲဗာတန်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဒဏ်ရာရရှိသွားပြီးနောက်ပွဲချိန်၅၂မိနစ်တွင်အိဗ်ဘစ်ဆူမာနှင့်လူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။
ရီချာလီဆင်က “ကျွန်တော့်အိပ်မက်(ကမ္ဘာ့ဖလား)ဖြစ်မြောက်လာဖို့နီးနေပြီဆိုတော့ပြောပြရဖို့တော့အရမ်းခက်ခဲနေတယ်။ဒါမျိုးဒဏ်ရာရရှိခဲ့ဖူးပြီးဖြစ်ပါတယ်။ဒါပေမဲ့အမြန်ဆုံးပျောက်ကင်းလာဖို့မျှော်လင့်နေပါတယ်။နောက်ဆုံးအကြိမ်ရတုန်းကအဲဗာတန်မှာကစားတုန်းကဖြစ်ပါတယ်။နှစ်လအထိအနားယူခဲ့ရတယ်။ဒီတော့အခုအချိန်မှာပြောရတာနာကျင်ရတယ်။ပြန်ကောင်းလာမှာပါ။တနင်္လာနေ့ကျရင်စစ်ဆေးမယ်။ဒါပေမဲ့အခုလမ်းလျှောက်တာတောင်နာတယ်။ကမ္ဘာ့ဖလားသို့သွားချင်ရင်တော့အပြုသဘောစိတ်ရှိနေဖို့လိုတယ်”လို့ပြောကြားသွားပါတယ်။
ရီချာလီဆင်ဟာအသင်းဟောင်းအဲဗာတန်နှင့်ပွဲစဉ်ရဲ့ဒုတိယပိုင်းတွင် အဲဗာတန်ဧရိယာအတွင်းတွင်ခြေသလုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နာကျင်လွန်းမှုကြောင့်ခြေသလုံးကိုနှိပ်နယ်နေခဲ့တာတွေ့ရပါတယ်။ဒါကြောင့်လည်းစပါးစ်ဆေးအဖွဲ့တို့ ချက်ချင်းပင်ကွင်းအတွင်းဝင်လာကာဆေးကုသမှုပြုလုပ်ခဲ့ရပါတယ်။
ZawGyi
အဲဗာတန္ႏွင့္ပြဲစဥ္မွ ဒဏ္ရာေၾကာင့္ ယူႏိုက္တက္ပြဲကို လြဲရန္ ေသခ်ာေနၿပီး ကမာၻ႔ဖလား မေရမရာျဖစ္လာတဲ့ ရီခ်ာလီဆင္
ရီခ်ာလီဆင္ဟာအဲဗာတန္ႏွင့္ပြဲစဥ္တြင္ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္းမွဂ်ိဳင္းေထာက္ျဖင့္ထြက္ခြာသြားခဲ့ရပါတယ္။
ဘရာဇီးလက္ေ႐ြးစင္တိုက္စစ္သမားဟာဗုဒၶဟူးေန႔တြင္အိုးထရက္ဖို႔ဒ္သို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲကိုေသခ်ာေပါက္လြဲေခ်ာ္လာမွာျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္းပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။
ဘရာဇီးစတားဟာအဲဗာတန္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဒဏ္ရာရရွိသြားၿပီးေနာက္ပြဲခ်ိန္၅၂မိနစ္တြင္အိဗ္ဘစ္ဆူမာႏွင့္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။
ရီခ်ာလီဆင္က “ကြၽန္ေတာ့္အိပ္မက္(ကမာၻ႔ဖလား)ျဖစ္ေျမာက္လာဖို႔နီးေနၿပီဆိုေတာ့ေျပာျပရဖို႔ေတာ့အရမ္းခက္ခဲေနတယ္။ဒါမ်ိဳးဒဏ္ရာရရွိခဲ့ဖူးၿပီးျဖစ္ပါတယ္။ဒါေပမဲ့အျမန္ဆုံးေပ်ာက္ကင္းလာဖို႔ေမွ်ာ္လင့္ေနပါတယ္။ေနာက္ဆုံးအႀကိမ္ရတုန္းကအဲဗာတန္မွာကစားတုန္းကျဖစ္ပါတယ္။ႏွစ္လအထိအနားယူခဲ့ရတယ္။ဒီေတာ့အခုအခ်ိန္မွာေျပာရတာနာက်င္ရတယ္။ျပန္ေကာင္းလာမွာပါ။တနလၤာေန႔က်ရင္စစ္ေဆးမယ္။ဒါေပမဲ့အခုလမ္းေလွ်ာက္တာေတာင္နာတယ္။ကမာၻ႔ဖလားသို႔သြားခ်င္ရင္ေတာ့အျပဳသေဘာစိတ္ရွိေနဖို႔လိုတယ္”လို႔ေျပာၾကားသြားပါတယ္။
ရီခ်ာလီဆင္ဟာအသင္းေဟာင္းအဲဗာတန္ႏွင့္ပြဲစဥ္ရဲ႕ဒုတိယပိုင္းတြင္ အဲဗာတန္ဧရိယာအတြင္းတြင္ေျခသလုံးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး နာက်င္လြန္းမႈေၾကာင့္ေျခသလုံးကိုႏွိပ္နယ္ေနခဲ့တာေတြ႕ရပါတယ္။ဒါေၾကာင့္လည္းစပါးစ္ေဆးအဖြဲ႕တို႔ ခ်က္ခ်င္းပင္ကြင္းအတြင္းဝင္လာကာေဆးကုသမႈျပဳလုပ္ခဲ့ရပါတယ္။