
အာလင်းဟာလန်းဟာမနေ့ညတုန်းကအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့မန်စီးတီးရဲ့နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွင်ဗီလာလီမိုင်ကိုလန်ကိုအားကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပေမဲ့ကံကောင်းထောက်မစွာအနီကတ်ပြထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။
ယခုရာသီတွင်ထိတိုင်းရွှေဖြစ်နေတဲ့အာလင်းဟာလန်းဟာမနေ့ညတုန်းကအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်လည်းပွဲချိန်၂၄မိနစ်မှာပင်မန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ယင်းဂိုးဟာအာလင်းဟာလန်းအတွက်ယခုရာသီပရီးမီးယားလိဂ်၂၁ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။ဒါပေမဲ့မန်စီးတီးဟာဒီမာရေးဂါရေးရဲ့လှပလှတဲ့ချေပဂိုးကြောင့်တစ်ဂိုးစီသရေဖြင့်သာကျေနပ်ခဲ့ရပါတယ်။
ဒါပေမဲ့အာလင်းဟာလန်းဟာရမှတ်တစ်မှတ်သာရယူနိုင်ခဲ့တဲ့အပြင်အနီကတ်နဲ့ပါအထုတ်ခံရကိန်းဆိုက်ခဲ့ပါသေးတယ်။
ပထမပိုင်းနှောင်းပိုင်းတွင်အာလင်းဟာလန်းဟာအဲဗာတန်ကို Press လုပ်ရန်ကြိုးပမ်းခဲ့စဉ်မိုင်ကိုလန်ကိုအားကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပါတယ်။
အာလင်းဟာလန်းရဲ့ဖျက်ထုတ်မှုကကြမ်းတမ်းပေမဲ့လည်းမိုင်ကိုလန်ကို ပြင်းထန်စွာမထိခဲ့ပါဘူး။ဒါပေမဲ့ပရိသတ်တွေကတော့ယင်းဖျက်ထုတ်မှုမှာအနီကတ်ပြသင့်တဲ့ဖျက်ထုတ်မှုလို့ယုံကြည်နေကြပါတယ်။
အာလင်းဟာလန်းဟာမိုင်ကိုလန်ကိုအားခြေစုံပစ်ဝင်ဖျက်ထုတ်မှုပြုလုပ်ခဲ့ပေမဲ့လည်းအဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။
ZawGyi
အဲဗာတန်နှင့်ပွဲတွင် ကံကောင်းထောက်မလို့ အနီကတ်ပြထုတ်ပယ်ခြင်းမခံခဲ့ရတဲ့ အာလင်းဟာလန်း