အဲဗာတန်နှင့်ပွဲတွင် ချက်ချင်းထုတ်ပစ်လိုက်လို့ ရတဲ့အမှားကျူးလွန်ခဲ့တဲ့ ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူနှင့်အဲဗာတန်ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအားအရန်ခုံတွင်ထိုင်ထားခိုင်းမှုကြောင့်ချက်ချင်းထုတ်ပယ်ခြင်းခံရနိုင်ကြောင်းပြောကြားခြင်းခံခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကြားရက်တုန်းကဗီလာရီးရဲလ်နှင့်ပွဲတွင်ပွဲချိန်ပြည့်ကစားပြီးနောက်စနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာအဲဗာတန်နှင့်သရေကျတဲ့ပွဲတွင်အရန်စာရင်းမှာထည့်သွင်းခြင်းခံခဲ့ရကာဒုတိယပိုင်းတွင်မှလူစားဝင်ရောက်ကစားခဲ့ပါတယ်။

ဆိုးလ်ရှားဟာမန်ယူသို့ကျော့ပြန်ရောက်လာပြီးနောက်၅ဂိုးသွင်းထားတဲ့ရော်နယ်ဒိုကိုအဲဗာတန်နှင့်ပွဲတွင်အရန်စာရင်းမှာထည့်သွင်းမှုအတွက်မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။

ဗီလာကစားသမားဟောင်းအဘွန်လဟော်ကမူ ခရစ္စတီယာနိုရော်နယ်ဒိုအားအရန်စာရင်းတွင်ထည့်သွင်းမှုမှာချက်ချင်းထုတ်ပယ်လို့ရတဲ့အပြုအမူဖြစ်ကြောင်းဆိုးလ်ရှားကိုပြောကြားသွားပါတယ်။

အဘွန်လဟော်က “ရော်နယ်ဒိုကိုပွဲထွက်စာရင်းမှာမထည့်တာထုတ်ပလိုက်လို့ရပါတယ်။ရော်နယ်ဒိုကသုံးကိုသုံးရမယ့်သူပါ။သူ့ကိုမသုံးတာကကိုယ့်ကိုယ်ကိုဖိအားပိုများစေပါတယ်။သူ့ကိုပွဲထွက်စာရင်းမှာထည့်သွင်းရပါမယ်။သူ့ကိုတစ်ပတ်လုပ်ခပေါင်၇သိန်းပေးထားတယ်ဆိုတာပွဲတိုင်းကစားဖို့၊အမှတ်ပေးဖလားရဖို့အတွက်ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာအဲဗာတန်နှင့်တစ်ဂိုးစီသရေကျမှုနဲ့အတူနောက်ဆုံးခြောက်ပွဲတွင်နှစ်ပွဲသာအနိုင်ရရှိထားပါသေးတယ်။၎င်းတို့ဟာပရီးမီးယားလိဂ်ပွဲ၇ပွဲကစားပြီးချိန်တွင်ရမှတ်၁၄မှတ်သာရရှိထားပြီးအဆင့်၄နေရာမှာရပ်တည်နေပါတယ်။

ZawGyi

အဲဗာတန္ႏွင့္ပြဲတြင္ ခ်က္ခ်င္းထုတ္ပစ္လိုက္လို႔ ရတဲ့အမွားက်ဴးလြန္ခဲ့တဲ့ ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူႏွင့္အဲဗာတန္ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအားအရန္ခုံတြင္ထိုင္ထားခိုင္းမႈေၾကာင့္ခ်က္ခ်င္းထုတ္ပယ္ျခင္းခံရႏိုင္ေၾကာင္းေျပာၾကားျခင္းခံခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကားရက္တုန္းကဗီလာရီးရဲလ္ႏွင့္ပြဲတြင္ပြဲခ်ိန္ျပည့္ကစားၿပီးေနာက္စေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာအဲဗာတန္ႏွင့္သေရက်တဲ့ပြဲတြင္အရန္စာရင္းမွာထည့္သြင္းျခင္းခံခဲ့ရကာဒုတိယပိုင္းတြင္မွလူစားဝင္ေရာက္ကစားခဲ့ပါတယ္။

ဆိုးလ္ရွားဟာမန္ယူသို႔ေက်ာ့ျပန္ေရာက္လာၿပီးေနာက္၅ဂိုးသြင္းထားတဲ့ေရာ္နယ္ဒိုကိုအဲဗာတန္ႏွင့္ပြဲတြင္အရန္စာရင္းမွာထည့္သြင္းမႈအတြက္ေမးခြန္းထုတ္ျခင္းခံခဲ့ရပါတယ္။

ဗီလာကစားသမားေဟာင္းအဘြန္လေဟာ္ကမူ ခရစၥတီယာႏိုေရာ္နယ္ဒိုအားအရန္စာရင္းတြင္ထည့္သြင္းမႈမွာခ်က္ခ်င္းထုတ္ပယ္လို႔ရတဲ့အျပဳအမူျဖစ္ေၾကာင္းဆိုးလ္ရွားကိုေျပာၾကားသြားပါတယ္။

အဘြန္လေဟာ္က “ေရာ္နယ္ဒိုကိုပြဲထြက္စာရင္းမွာမထည့္တာထုတ္ပလိုက္လို႔ရပါတယ္။ေရာ္နယ္ဒိုကသုံးကိုသုံးရမယ့္သူပါ။သူ႔ကိုမသုံးတာကကိုယ့္ကိုယ္ကိုဖိအားပိုမ်ားေစပါတယ္။သူ႔ကိုပြဲထြက္စာရင္းမွာထည့္သြင္းရပါမယ္။သူ႔ကိုတစ္ပတ္လုပ္ခေပါင္၇သိန္းေပးထားတယ္ဆိုတာပြဲတိုင္းကစားဖို႔၊အမွတ္ေပးဖလားရဖို႔အတြက္ျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်မႈနဲ႔အတူေနာက္ဆုံးေျခာက္ပြဲတြင္ႏွစ္ပြဲသာအႏိုင္ရရွိထားပါေသးတယ္။၎တို႔ဟာပရီးမီးယားလိဂ္ပြဲ၇ပြဲကစားၿပီးခ်ိန္တြင္ရမွတ္၁၄မွတ္သာရရွိထားၿပီးအဆင့္၄ေနရာမွာရပ္တည္ေနပါတယ္။