အဲဗာတန်နှင့်ပွဲတွင် မန်ယူပွဲထွက်လူစာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာယနေ့ညတွင်အိုးရက်ဖို့ဒ်ကွင်းမှာအဲဗာတန်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုအားပွဲထွက်လူစာရင်းတွင်မထည့်သွင်းဘဲအရန်ခုံသို့ပို့လိုက်ကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာအဲဗာတန်နှင့်ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအပြင်ပေါလ်ပေါ့ဘာနှင့်ဆန်ချိုတို့ကိုလည်းပွဲထွက်လူစာရင်းတွင်မထည့်သွင်းထားကြောင်းသိရပါတယ်။

ယနေ့ညအဲဗာတန်နှင့်ပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူအတွက်ပွဲ၂၀၀မြောက်ပွဲဖြစ်လာမှာဖြစ်ပြီးအရန်အဖြစ်ဝင်ရောက်ကစားလာဖို့တော့သေချာနေပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာပြီးခဲ့တဲ့အပတ်တုန်းကအက်စတွန်ဗီလာကိုရှုံးနိမ့်ပြီးနောက်ယခုအပတ်တွင်ပြန်လည်နိုင်ပွဲတွေ့ရေးကြိုးပမ်းလာမှာဖြစ်ပြီးကြားရက်တုန်းကဗီလာရီးရဲလ်ကိုအနိုင်ရရှိထားမှုကြောင့်ယုံကြည်မှုမြင့်တက်နေမှာလည်းသေချာနေပါတယ်။

ဆိုးလ်ရှားဟာအဲဗာတန်နှင့်ပွဲတွင်ဒီဂီယာကိုပွဲထွက်ဂိုးသမားအဖြစ်ဆက်သုံးသွားပြီးဒဏ်ရာရရှိနေတဲ့မက်ဂွိုင်းယားနေရာမှာလင်ဒီလော့ဖ်ကိုအသုံးပြုထားကာနောက်တန်းတွင်ဗာရိန်း၊ဝန်ဘစ်ဆာကာနှင့်လုခ်ရှောတို့ပါဝင်လာပါမယ်။

ကွင်းလယ်တွင်ဖရက်နှင့်စကော့မက်တိုမီနေးတို့ပါဝင်မှာဖြစ်ပြီးအလယ်တန်းတိုက်စစ်တွင်ဘရူနိုဖာနန်ဒက်စ်ပါဝင်ပါမယ်။မန်ယူအသင်းတိုက်စစ်တွင်အန်တိုနီမာရှယ်၊မေဆင်ဂရင်းဝုဒ်နှင့်အက်ဒီဆင်ကာဗာနီတို့ပါဝင်လာပါမယ်။

ZawGyi

အဲဗာတန္ႏွင့္ပြဲတြင္ မန္ယူပြဲထြက္လူစာရင္းတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာယေန႔ညတြင္အိုးရက္ဖို႔ဒ္ကြင္းမွာအဲဗာတန္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအားပြဲထြက္လူစာရင္းတြင္မထည့္သြင္းဘဲအရန္ခုံသို႔ပို႔လိုက္ေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာအဲဗာတန္ႏွင့္ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအျပင္ေပါလ္ေပါ့ဘာႏွင့္ဆန္ခ်ိဳတို႔ကိုလည္းပြဲထြက္လူစာရင္းတြင္မထည့္သြင္းထားေၾကာင္းသိရပါတယ္။

ယေန႔ညအဲဗာတန္ႏွင့္ပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ယူအတြက္ပြဲ၂၀၀ေျမာက္ပြဲျဖစ္လာမွာျဖစ္ၿပီးအရန္အျဖစ္ဝင္ေရာက္ကစားလာဖို႔ေတာ့ေသခ်ာေနပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာၿပီးခဲ့တဲ့အပတ္တုန္းကအက္စတြန္ဗီလာကိုရႈံးနိမ့္ၿပီးေနာက္ယခုအပတ္တြင္ျပန္လည္ႏိုင္ပြဲေတြ႕ေရးႀကိဳးပမ္းလာမွာျဖစ္ၿပီးၾကားရက္တုန္းကဗီလာရီးရဲလ္ကိုအႏိုင္ရရွိထားမႈေၾကာင့္ယုံၾကည္မႈျမင့္တက္ေနမွာလည္းေသခ်ာေနပါတယ္။

ဆိုးလ္ရွားဟာအဲဗာတန္ႏွင့္ပြဲတြင္ဒီဂီယာကိုပြဲထြက္ဂိုးသမားအျဖစ္ဆက္သုံးသြားၿပီးဒဏ္ရာရရွိေနတဲ့မက္ဂြိဳင္းယားေနရာမွာလင္ဒီေလာ့ဖ္ကိုအသုံးျပဳထားကာေနာက္တန္းတြင္ဗာရိန္း၊ဝန္ဘစ္ဆာကာႏွင့္လုခ္ေရွာတို႔ပါဝင္လာပါမယ္။

ကြင္းလယ္တြင္ဖရက္ႏွင့္စေကာ့မက္တိုမီေနးတို႔ပါဝင္မွာျဖစ္ၿပီးအလယ္တန္းတိုက္စစ္တြင္ဘ႐ူႏိုဖာနန္ဒက္စ္ပါဝင္ပါမယ္။မန္ယူအသင္းတိုက္စစ္တြင္အန္တိုနီမာရွယ္၊ေမဆင္ဂရင္းဝုဒ္ႏွင့္အက္ဒီဆင္ကာဗာနီတို႔ပါဝင္လာပါမယ္။