အဲဗာတန်နှင့်ပွဲတွင် အရန်ခုံမှာ စိတ်ပျက်ဖွယ် ထိုင်ခဲ့ရပြီးနောက် ပွဲတိုင်း ပွဲထွက်ခွင့်ပေးရန် ဆိုးလ်ရှားကို ရော်နယ်ဒိုတောင်းဆိုလာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူကြံ့ခိုင်မှုပြည့်ဝနေလျှင်ပရီးမီးယားလိဂ်ပွဲတိုင်းပွဲထွက်ကစားခွင့်ပေးရန်အိုလီဂန်းနားဆိုးလ်ရှားကိုတောင်းဆိုမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ပေါ်တူဂီစူပါစတားဟာနိုင်ငံတကာပွဲများမတိုင်မီအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်အရန်ခုံတွင်ထိုင်နေခဲ့ရပြီးနောက်မန်ယူနည်းပြဆိုးလ်ရှားအားတောင်းဆိုမှုပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “အရန်ခုံမှာထိုင်နေရလို့ရော်နယ်ဒိုကိုအရမ်းစိတ်ပျက်နေခဲ့ပါတယ်။အိုလီကလည်းဗီလာရီးရဲလ်ပွဲကြောင့်သူ့ကိုပွဲပန်းနေတယ်ဆိုပြီးဒုတိယပိုင်းအစမှာမှထည့်သွင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါပေမယ့်ခရစ္စတီယာနိုကသူကြံ့ခိုင်မှုပြည့်ဝနေရင်လိဂ်ပွဲတိုင်းကစားချင်တယ်လို့ပြောထားပါတယ်။ပြီးတော့သူကယူနိုက်တက်သို့ဆုဖလားတွေရယူဖို့လာတာ၊ယူနိုက်တက်အနေနဲ့ဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားတစ်ဦးကိုသုံးဖို့လိုတယ်လို့လည်းအိုလီကိုပြောထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာအဲဗာတန်နှင့်ပွဲမတိုင်မီသုံးရက်အလိုတွင်ကစားတဲ့ဗီလာရီးရဲလ်နှင့်ပွဲတွင်ရော်နယ်ဒိုကိုပွဲချိန်ပြည့်အသုံးပြုပြီးနောက်အဲဗာတန်နှင့်ပွဲတွင်အရန်ခုံမှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဗီလာရီးရဲလ်နဲ့ပွဲမှာရော်နယ်ဒိုဟာနာကျင်အချိန်ပို၉၅မိနစ်မှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့်မန်ယူနည်းပြဆိုးလ်ရှားဟာအဲဗာတန်နှင့်ပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံမှာထိုင်နေစေခဲ့လို့ဝေဖန်မှုကြုံရပေမယ့်နောင်တွင်လည်းအရန်ခုံတွင်ထိုင်ခိုင်းထားနိုင်ကြောင်းဆိုထားပါတယ်။

ဆိုးလ်ရှားက “သူကအားလုံးမျှော်လင့်လို့ရတဲ့ကစားသမားပါ။အကောင်းဆုံးအဆုံးသတ်သမားပါ။ပရော်ဖက်ရှင်နယ်လည်းအရမ်းပီသတဲ့သူပါ။သူ့ကိုအရန်ခုံမှာထိုင်ခိုင်းဖို့ကခက်ပါတယ်။လူတိုင်းလည်းသုံးချင်ကြမှာပါ။ခြောက်ရက်မှာခြောက်ပွဲသုံး၊ဆယ့်တစ်ရက်မှာဆယ့်တစ်ပွဲသုံးချင်တာပါပဲ။ဒါပေမယ့်အလှည့်ကျသုံ့လည်းလိုပါတယ်။ဒါမှသာဧပြီနဲ့မေလတို့မှာကျွန်တော့်ကစားသမားတွေအားလုံးအကောင်းဆုံးပုံစံမှာရှိနေမှာဖြစ်ပါတယ်”လို့သောကြာနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။

ZawGyi

အဲဗာတန္ႏွင့္ပြဲတြင္ အရန္ခုံမွာ စိတ္ပ်က္ဖြယ္ ထိုင္ခဲ့ရၿပီးေနာက္ ပြဲတိုင္း ပြဲထြက္ခြင့္ေပးရန္ ဆိုးလ္ရွားကို ေရာ္နယ္ဒိုေတာင္းဆိုလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူႀကံ့ခိုင္မႈျပည့္ဝေနလွ်င္ပရီးမီးယားလိဂ္ပြဲတိုင္းပြဲထြက္ကစားခြင့္ေပးရန္အိုလီဂန္းနားဆိုးလ္ရွားကိုေတာင္းဆိုမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ေပၚတူဂီစူပါစတားဟာႏိုင္ငံတကာပြဲမ်ားမတိုင္မီအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္အရန္ခုံတြင္ထိုင္ေနခဲ့ရၿပီးေနာက္မန္ယူနည္းျပဆိုးလ္ရွားအားေတာင္းဆိုမႈျပဳလုပ္ထားတာလည္းျဖစ္ပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “အရန္ခုံမွာထိုင္ေနရလို႔ေရာ္နယ္ဒိုကိုအရမ္းစိတ္ပ်က္ေနခဲ့ပါတယ္။အိုလီကလည္းဗီလာရီးရဲလ္ပြဲေၾကာင့္သူ႔ကိုပြဲပန္းေနတယ္ဆိုၿပီးဒုတိယပိုင္းအစမွာမွထည့္သြင္းဖို႔ဆုံးျဖတ္ခဲ့တာပါ။ဒါေပမယ့္ခရစၥတီယာႏိုကသူႀကံ့ခိုင္မႈျပည့္ဝေနရင္လိဂ္ပြဲတိုင္းကစားခ်င္တယ္လို႔ေျပာထားပါတယ္။ၿပီးေတာ့သူကယူႏိုက္တက္သို႔ဆုဖလားေတြရယူဖို႔လာတာ၊ယူႏိုက္တက္အေနနဲ႔ေဘာလုံးသမိုင္းမွာအေကာင္းဆုံးကစားသမားတစ္ဦးကိုသုံးဖို႔လိုတယ္လို႔လည္းအိုလီကိုေျပာထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားဟာအဲဗာတန္ႏွင့္ပြဲမတိုင္မီသုံးရက္အလိုတြင္ကစားတဲ့ဗီလာရီးရဲလ္ႏွင့္ပြဲတြင္ေရာ္နယ္ဒိုကိုပြဲခ်ိန္ျပည့္အသုံးျပဳၿပီးေနာက္အဲဗာတန္ႏွင့္ပြဲတြင္အရန္ခုံမွာထည့္သြင္းခဲ့တာျဖစ္ပါတယ္။ဗီလာရီးရဲလ္နဲ႔ပြဲမွာေရာ္နယ္ဒိုဟာနာက်င္အခ်ိန္ပို၉၅မိနစ္မွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ဒါေပမယ့္မန္ယူနည္းျပဆိုးလ္ရွားဟာအဲဗာတန္ႏွင့္ပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုကိုအရန္ခုံမွာထိုင္ေနေစခဲ့လို႔ေဝဖန္မႈႀကဳံရေပမယ့္ေနာင္တြင္လည္းအရန္ခုံတြင္ထိုင္ခိုင္းထားႏိုင္ေၾကာင္းဆိုထားပါတယ္။

ဆိုးလ္ရွားက “သူကအားလုံးေမွ်ာ္လင့္လို႔ရတဲ့ကစားသမားပါ။အေကာင္းဆုံးအဆုံးသတ္သမားပါ။ပေရာ္ဖက္ရွင္နယ္လည္းအရမ္းပီသတဲ့သူပါ။သူ႔ကိုအရန္ခုံမွာထိုင္ခိုင္းဖို႔ကခက္ပါတယ္။လူတိုင္းလည္းသုံးခ်င္ၾကမွာပါ။ေျခာက္ရက္မွာေျခာက္ပြဲသုံး၊ဆယ့္တစ္ရက္မွာဆယ့္တစ္ပြဲသုံးခ်င္တာပါပဲ။ဒါေပမယ့္အလွည့္က်သုံ႔လည္းလိုပါတယ္။ဒါမွသာဧၿပီနဲ႔ေမလတို႔မွာကြၽန္ေတာ့္ကစားသမားေတြအားလုံးအေကာင္းဆုံးပုံစံမွာရွိေနမွာျဖစ္ပါတယ္”လို႔ေသာၾကာေန႔ကသတင္းစာရွင္းလင္းပြဲမွာေျပာၾကားသြားပါတယ္။