အဲဗာတန်နှင့်မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်ကို ဖာဘင်ဟိုနှင့် မီလ်နာလွဲမည်

ဂျာဂင်ကလော့ပ်ကယနေ့ညတွင်အဲဗာတန်အားဧည့်ခံကစားရမယ့်မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်ကို ဖာဘင်ဟိုနှင့် ဂျိမ်းစ်မီလ်နာတို့လွဲချော်မည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

ဒါ့အပြင်ဂျာမန်လူမျိုးနည်းပြဟာဘရာဇီးဂိုးသမားအလီဆင်တွင်ဒဏ်ရာရရှိနေတယ်ဆိုတဲ့သတင်းကိုငြင်းဆိုလိုက် ပြီးကွင်းလယ်ကစားသမားနာဘေးကီတာမှာလည်းဒီဇင်ဘာလလလယ်ပိုင်းနောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် အသင်းရဲ့လူစာရင်းတွင်ပါဝင်လာနိုင်ကြောင်းလည်းဆိုသွားပါတယ်။

လီဗာပူးဟာပရီးမီးယားလိဂ်တွင်သုံးပွဲဆက်တိုက်ရှုံးနိမ့်ထားပြီးအမှတ်ပေးဇယားအဆင့်၆နေရာတွင်ရပ်တည်နေကာ အဲဗာတန်နှင့်ရမှတ်၃မှတ်တည်းသာကွာဟနေပါတယ်။

ကလော့ပ်က “နာဘေးလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပါပြီ။ဒီတော့ကျွန်တော်တို့ဘာလုပ်နိုင်မလဲကြည့်ရမယ်၊ဖာဘင်ဟို ကတော့လေ့ကျင့်ခန်းမဆင်းနိုင်ဘူး။ဖာဘင်ဟိုကစားဖို့နီးလာပါပြီ။မီလ်နာနဲ့ဒိုင်အိုဂို(ဂျိုတာ)လည်းကစားနိုင်ဖို့နီး လာပါပြီ။ဒီအပတ်ပွဲမှာတော့ကစားနိုင်ဦးမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

အဲဗာတန္ႏွင့္မာေဆးလ္ဆိုက္ဒါဘီပြဲစဥ္ကို ဖာဘင္ဟိုႏွင့္ မီလ္နာလြဲမည္

ဂ်ာဂင္ကေလာ့ပ္ကယေန႔ညတြင္အဲဗာတန္အားဧည့္ခံကစားရမယ့္မာေဆးလ္ဆိုက္ဒါဘီပြဲစဥ္ကို ဖာဘင္ဟိုႏွင့္ ဂ်ိမ္းစ္မီလ္နာတို႔လြဲေခ်ာ္မည္ျဖစ္ေၾကာင္းအတည္ျပဳလိုက္ပါတယ္။

ဒါ့အျပင္ဂ်ာမန္လူမ်ိဳးနည္းျပဟာဘရာဇီးဂိုးသမားအလီဆင္တြင္ဒဏ္ရာရရွိေနတယ္ဆိုတဲ့သတင္းကိုျငင္းဆိုလိုက္ ၿပီးကြင္းလယ္ကစားသမားနာေဘးကီတာမွာလည္းဒီဇင္ဘာလလလယ္ပိုင္းေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ အသင္းရဲ႕လူစာရင္းတြင္ပါဝင္လာႏိုင္ေၾကာင္းလည္းဆိုသြားပါတယ္။

လီဗာပူးဟာပရီးမီးယားလိဂ္တြင္သုံးပြဲဆက္တိုက္ရႈံးနိမ့္ထားၿပီးအမွတ္ေပးဇယားအဆင့္၆ေနရာတြင္ရပ္တည္ေနကာ အဲဗာတန္ႏွင့္ရမွတ္၃မွတ္တည္းသာကြာဟေနပါတယ္။

ကေလာ့ပ္က “နာေဘးေလ့က်င့္ခန္းျပန္ဆင္းႏိုင္ပါၿပီ။ဒီေတာ့ကြၽန္ေတာ္တို႔ဘာလုပ္ႏိုင္မလဲၾကည့္ရမယ္၊ဖာဘင္ဟို ကေတာ့ေလ့က်င့္ခန္းမဆင္းႏိုင္ဘူး။ဖာဘင္ဟိုကစားဖို႔နီးလာပါၿပီ။မီလ္နာနဲ႔ဒိုင္အိုဂို(ဂ်ိဳတာ)လည္းကစားႏိုင္ဖို႔နီး လာပါၿပီ။ဒီအပတ္ပြဲမွာေတာ့ကစားႏိုင္ဦးမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။