အဲဗာတန်နှင့်ရာသီကြိုခြေစမ်းပွဲတွင် တစ်ဂိုးပြီး တစ်ကြိမ်ဖန်တီးခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးသစ်ဂါဘရီရယ်ဂျေဆူး

ဂါဘရီရယ်ဂျေဆူးဟာယခုနွေရာသီတွင်မန်စီးတီးမှပေါင်၄၅သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်အာဆင်နယ်ရဲ့ရာသီကြိုခြေစမ်းပွဲသုံးပွဲဆက်ဂိုးသွင်းယူလာနိုင်ပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာယနေ့အစောပိုင်းတုန်းကဘာတီမိုးရှိM&T Bank Stadium တွင်ဖရန့်လမ်းပတ်ရဲ့အဲဗာတန်နှင့်ခြေစမ်းပွဲကစားခဲ့ရာမှာလည်းတစ်ဂိုးသွင်းနိုင်ခဲ့အပြင်တစ်ကြိမ်ဖန်တီးမှုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။

ဂျေဆူးဟာအဲဗာတန်နှင့်ပွဲစဉ်တွင်ပွဲချိန်၃၃မိနစ်မှာအာဆင်နယ်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးနောက်၃မိနစ်အကြာမှာဘူကာယိုဆာကာ ဒုတိယအနိုင်ဂိုးသွင်းယူနိုင်ရန်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂါဘရီရယ်ဂျေဆူးဟာထောင့်ကန်ဘောကို အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ထွက်ပုတ်ချိန်မှာမထိလိုက်ပြီနောက်ကျလာတဲ့ဘောလုံးကနေအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ယင်းနောက်သူဟာပွဲချိန်၃၆မိနစ်မှာဘူကာယိုဆာကာက အာဆင်နယ်အတွက်၂-၀ဂိုးဖြင့်အနိုင်ရစေမယ့်ဒုတိယဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့ပါတယ်။

ဂျေဆူးဟာယခုလအစောပိုင်းတုန်းကဂျာမနီတွင်နုယင်ဘတ်နှင့်ကစားတဲ့ခြေစမ်းပွဲတွင်အာဆင်နယ်အတွက်ပထမဆုံးပွဲအဖြစ်ကစားပြီး၂ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် အမေရိကန်ရာသီကြိုခြေစမ်းပွဲမတိုင်မီ ကလပ်လေ့ကျင့်ရေးကွင်းတွင်တံခါးပိတ်ကစားတဲ့ခြေစမ်းပွဲတွင်လည်းတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်သူဟာအာဆင်နယ်အတွက်၃ပွဲကစားထားရာမှာသုံးပွဲလုံးဂိုးသွင်းနိုင်ပြီး၄ဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

အဲဗာတန္ႏွင့္ရာသီႀကိဳေျခစမ္းပြဲတြင္ တစ္ဂိုးၿပီး တစ္ႀကိမ္ဖန္တီးခဲ့တဲ့ အာဆင္နယ္တိုက္စစ္မႉးသစ္ဂါဘရီရယ္ေဂ်ဆူး

ဂါဘရီရယ္ေဂ်ဆူးဟာယခုေႏြရာသီတြင္မန္စီးတီးမွေပါင္၄၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္အာဆင္နယ္ရဲ႕ရာသီႀကိဳေျခစမ္းပြဲသုံးပြဲဆက္ဂိုးသြင္းယူလာႏိုင္ပါတယ္။

ဘရာဇီးတိုက္စစ္မႉးဟာယေန႔အေစာပိုင္းတုန္းကဘာတီမိုးရွိM&T Bank Stadium တြင္ဖရန႔္လမ္းပတ္ရဲ႕အဲဗာတန္ႏွင့္ေျခစမ္းပြဲကစားခဲ့ရာမွာလည္းတစ္ဂိုးသြင္းႏိုင္ခဲ့အျပင္တစ္ႀကိမ္ဖန္တီးမႈလည္းျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ေဂ်ဆူးဟာအဲဗာတန္ႏွင့္ပြဲစဥ္တြင္ပြဲခ်ိန္၃၃မိနစ္မွာအာဆင္နယ္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးေနာက္၃မိနစ္အၾကာမွာဘူကာယိုဆာကာ ဒုတိယအႏိုင္ဂိုးသြင္းယူႏိုင္ရန္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဂါဘရီရယ္ေဂ်ဆူးဟာေထာင့္ကန္ေဘာကို အဲဗာတန္ဂိုးသမားပစ္ဖို႔ဒ္ထြက္ပုတ္ခ်ိန္မွာမထိလိုက္ၿပီေနာက္က်လာတဲ့ေဘာလုံးကေနအပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ယင္းေနာက္သူဟာပြဲခ်ိန္၃၆မိနစ္မွာဘူကာယိုဆာကာက အာဆင္နယ္အတြက္၂-၀ဂိုးျဖင့္အႏိုင္ရေစမယ့္ဒုတိယဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့ပါတယ္။

ေဂ်ဆူးဟာယခုလအေစာပိုင္းတုန္းကဂ်ာမနီတြင္ႏုယင္ဘတ္ႏွင့္ကစားတဲ့ေျခစမ္းပြဲတြင္အာဆင္နယ္အတြက္ပထမဆုံးပြဲအျဖစ္ကစားၿပီး၂ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ အေမရိကန္ရာသီႀကိဳေျခစမ္းပြဲမတိုင္မီ ကလပ္ေလ့က်င့္ေရးကြင္းတြင္တံခါးပိတ္ကစားတဲ့ေျခစမ္းပြဲတြင္လည္းတစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္သူဟာအာဆင္နယ္အတြက္၃ပြဲကစားထားရာမွာသုံးပြဲလုံးဂိုးသြင္းႏိုင္ၿပီး၄ဂိုးသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။