အဲဗာတန်နှင့် အရေးကြီးတဲ့အချက်တစ်ချက်ပါ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ပစ်ဖို့ဒ်

ဂျော်ဒန်ပစ်ဖို့ဒ်ဟာအဲဗာတန်အသင်းနှင့်အရေးကြီးတဲ့အချက်တစ်ချက်ပါစာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့ပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်နံပါတ်တစ်ဂိုးသမားရဲ့ယခင်စာချုပ်ကလာမယ့်နွေရာသီတွင်ကုန်ဆုံမှာဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာချဲလ်ဆီးရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာနည်းပြသစ်ရှောင်ဒိုက်ချီရဲ့ဦးဆောင်မှုနဲ့အတူလမ်းကြောင်းမှန်ပေါ်သို့ရောက်လာတဲ့အဲဗာတန်နှင့်အတူဆက်လက်လက်တွဲသွားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာစာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၁၅၀၀၀၀ရရှိလာပါမယ်။ပစ်ဖို့ဒ်ဟာစာချုပ်သစ်အတွက်လုပ်ခများစွာတိုးတောင်းခြင်းမရှိမှုမှာလည်းအဲဗာတန်အတွက်ကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်လာစေခဲ့ပါတယ်။

ဒါ့အပြင်ပစ်ဖို့ဒ်ရဲ့စာချုပ်အတွင်းမှာတန်းဆင်းရပါကအသင်းမှထွက်ခွာနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားခြင်းမရှိပါဘူး။

ပစ်ဖို့ဒ်ဟာ၂၀၁၇ခုနှစ်တွင်ဆန်းဒါးလန်းမှပေါင်သန်း၃၀ဖြင့်ရောက်လာပြီးနောက်အဓိကဂိုးသမားအဖြစ်ကစားလာသူဖြစ်ပါတယ်။

တဖက်တွင်အဲဗာတန်ဟာလိဒ်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှကစားသမားများကိုထိန်းချုပ်နိုင်ခြင်းမရှိမှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံထားရပါတယ်။၎င်းတို့ဟာလီဗာပူးနှင့်ပွဲတွင်လည်းကစားသမားများကိုမထိန်းချုပ်နိုင်မှုကြောင့်ပေါင်၄၀၀၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။

ZawGyi

အဲဗာတန္ႏွင့္ အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ ပစ္ဖို႔ဒ္

ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာအဲဗာတန္အသင္းႏွင့္အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္နံပါတ္တစ္ဂိုးသမားရဲ႕ယခင္စာခ်ဳပ္ကလာမယ့္ေႏြရာသီတြင္ကုန္ဆုံမွာျဖစ္ပါတယ္။

ပစ္ဖို႔ဒ္ဟာခ်ဲလ္ဆီးရဲ႕ပစ္မွတ္ထားျခင္းခံေနရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာနည္းျပသစ္ေရွာင္ဒိုက္ခ်ီရဲ႕ဦးေဆာင္မႈနဲ႔အတူလမ္းေၾကာင္းမွန္ေပၚသို႔ေရာက္လာတဲ့အဲဗာတန္ႏွင့္အတူဆက္လက္လက္တြဲသြားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ပစ္ဖို႔ဒ္ဟာစာခ်ဳပ္သစ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၁၅၀၀၀၀ရရွိလာပါမယ္။ပစ္ဖို႔ဒ္ဟာစာခ်ဳပ္သစ္အတြက္လုပ္ခမ်ားစြာတိုးေတာင္းျခင္းမရွိမႈမွာလည္းအဲဗာတန္အတြက္ေကာင္းမြန္တဲ့အခ်က္တစ္ခ်က္ျဖစ္လာေစခဲ့ပါတယ္။

ဒါ့အျပင္ပစ္ဖို႔ဒ္ရဲ႕စာခ်ဳပ္အတြင္းမွာတန္းဆင္းရပါကအသင္းမွထြက္ခြာႏိုင္မဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားျခင္းမရွိပါဘူး။

ပစ္ဖို႔ဒ္ဟာ၂၀၁၇ခုႏွစ္တြင္ဆန္းဒါးလန္းမွေပါင္သန္း၃၀ျဖင့္ေရာက္လာၿပီးေနာက္အဓိကဂိုးသမားအျဖစ္ကစားလာသူျဖစ္ပါတယ္။

တဖက္တြင္အဲဗာတန္ဟာလိဒ္ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွကစားသမားမ်ားကိုထိန္းခ်ဳပ္ႏိုင္ျခင္းမရွိမႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံထားရပါတယ္။၎တို႔ဟာလီဗာပူးႏွင့္ပြဲတြင္လည္းကစားသမားမ်ားကိုမထိန္းခ်ဳပ္ႏိုင္မႈေၾကာင့္ေပါင္၄၀၀၀၀ဒဏ္႐ိုက္ခံခဲ့ရၿပီးျဖစ္ပါတယ္။