
မန်ချက်စတာယူနိုက်တက်စူပါစတားဟောင်းခရစ္စတီယာနိုရော်နယ်ဒိုဟာအဲဗာတန်ပရိသတ်ငယ်တစ်ဦးရဲ့လက်ထဲမှဖုန်းကိုလက်ဖြင့်ရိုက်ချခဲ့မှုအတွက်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဧပြီလတုန်းကဂူဒီဆင်ပါ့ခ်တွင်အဲဗာတန်ကိုရှုံးနိမ့်တဲ့ပွဲအပြီးဥမင်လှိုဏ်ခေါင်းသို့ဝင်ရာလမ်းတွင်အဲဗာတန်ပရိသတ်ငယ်တစ်ဦးရဲ့ဖုန်းကိုလက်ဖြင့်ရိုက်ချခဲ့တာလည်းဖြစ်ပါတယ်။
အက်ဖ်အေဟာအထက်ပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုကိုနှစ်ပွဲပယ်ပြစ်ဒဏ်အပြင်ပေါင်၅၀၀၀၀ဒဏ်ရိုက်လာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာမကြာသေးမီတုန်းကယူနိုက်တက်နှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားသူဖြစ်ပြီး ယင်းနှစ်ပွဲပယ်ပြစ်ဒဏ်ကိုအင်္ဂလန်(သို့မဟုတ်)နိုင်ငံခြားသို့ပြောင်းကစားပါကလည်း ကျခံလာရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာအထက်ပါအဖြစ်အပျက်ကြောင့်ဩဂုတ်လတုန်းကလည်းမာဆေးဆိုက်ရဲတပ်ဖွဲ့ရဲ့အပြင်းအထန်သတိပေးခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလက်ရှိအချိန်တွင်ပေါ်တူဂီရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ်ကစားရမယ့်ယနေ့ညဂါနာနှင့်ပွဲကိုအာရုံစိုက်နေပါတယ်။
ZawGyi
အဲဗာတန္ပရိသတ္ရဲ႕ဖုန္းကို ႐ိုက္ခ်မႈအတြက္ ႏွစ္ပြဲပယ္ခံလာရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
မန္ခ်က္စတာယူႏိုက္တက္စူပါစတားေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဲဗာတန္ပရိသတ္ငယ္တစ္ဦးရဲ႕လက္ထဲမွဖုန္းကိုလက္ျဖင့္႐ိုက္ခ်ခဲ့မႈအတြက္ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလာရပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာဧၿပီလတုန္းကဂူဒီဆင္ပါ့ခ္တြင္အဲဗာတန္ကိုရႈံးနိမ့္တဲ့ပြဲအၿပီးဥမင္လႈိဏ္ေခါင္းသို႔ဝင္ရာလမ္းတြင္အဲဗာတန္ပရိသတ္ငယ္တစ္ဦးရဲ႕ဖုန္းကိုလက္ျဖင့္႐ိုက္ခ်ခဲ့တာလည္းျဖစ္ပါတယ္။
အက္ဖ္ေအဟာအထက္ပါအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုႏွစ္ပြဲပယ္ျပစ္ဒဏ္အျပင္ေပါင္၅၀၀၀၀ဒဏ္႐ိုက္လာပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမၾကာေသးမီတုန္းကယူႏိုက္တက္ႏွင့္ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းထားသူျဖစ္ၿပီး ယင္းႏွစ္ပြဲပယ္ျပစ္ဒဏ္ကိုအဂၤလန္(သို႔မဟုတ္)ႏိုင္ငံျခားသို႔ေျပာင္းကစားပါကလည္း က်ခံလာရပါမယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအထက္ပါအျဖစ္အပ်က္ေၾကာင့္ဩဂုတ္လတုန္းကလည္းမာေဆးဆိုက္ရဲတပ္ဖြဲ႕ရဲ႕အျပင္းအထန္သတိေပးျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလက္ရွိအခ်ိန္တြင္ေပၚတူဂီရဲ႕ကမာၻ႔ဖလားအဖြင့္ပြဲအျဖစ္ကစားရမယ့္ယေန႔ညဂါနာႏွင့္ပြဲကိုအာ႐ုံစိုက္ေနပါတယ္။